အောင်မြင်ကျော်ကြားတဲ့ဆယ်လီတိုင်းမှာ ပရိတ်သတ်တွေကို အမှတ်တရ မေ့မရဖြစ်သွားစေတဲ့ ပွဲတက်ဝတ်စုံ တစ်ခုစီရှိကြပါတယ်။ အခုဖော်ပြပေးမှာကတော့ ဒီဇိုင်နာတွေ ဖန်တီးလိုက်ပြီး ဆယ်လီတို့ ဝတ်ဆင်ပြခဲ့တဲ့ crazy design လေးတွေစုစည်းဖော်ပြထားခြင်းဖြစ်ပါတယ်။
Kate Beckinsale

Kate Beckinsale ကိုတော့ TIFF 2018 မှာ ဝတ်စုံသေးသေးလေးကို လက်ရှည်ကြီးကြီးတစ်ခုတပ်ပြီးဝတ်ဆင်လာလို့ဝေဖန်မှုများခဲ့ပါတယ်။ GQ Men of the Year Awards ပွဲမှာဝတ်ဆင်ခဲ့တဲ့ဒုတိယဝတ်စုံကိုတော့ swimsuit နဲ့တောင်တူနေပါတယ်လို့ မှတ်ချက်ပေးခံခဲ့ရပါတယ်။
Ryan Gosling

TIFF 2018 မှာ Ryan ကိုတွေ့လိုက်ချိန်မှာတော့ ပရိတ်သတ်တွေက သူ့ရဲ့ ခရီးဆောင်အိတ်မေ့ကျန်ခဲ့လို့များလားလို့နောက်ပြောင်ခဲ့ကြပါတယ်။
Irina Shayk

အနီရောင်ကော်ဇောထက်မှာ နတ်သမီးတစ်ပါးလို့လှပတတ်တဲ့သူမကို ဒီဝတ်စုံနှစ်ခုကပဲ ရုပ်ပျက်သွားစေခဲ့ပါတယ်။
Julianne Moore

Julianne Moore ရဲ့ကောက်ကြောင်းတွေပျောက်သွားစေပြီး အစပ်အဟပ်မညီတဲ့ ဖက်ရှင်တွေဖြစ်ခဲ့ပါတယ်။
Amber Heard

ဒါကတော့ အမ်ဘာကို ရည်ရွယ်ချက်ရှိရှိ ပြောင်စရာဖြစ်အောင်လုပ်လိုက်တာပဲလို့ အင်တာနက်အသုံးပြုသူတွေကမှတ်ချက်ပေးခဲ့ကြတဲ့ဝတ်စုံနှစ်ခုဖြစ်ပါတယ်။ မျက်လုံးအောက်မှာချယ်သထားတာကိုတော့ မေားလို့ငိုနေခဲ့တဲ့ ပုံစံ ဖြစ်ပေါ်စေတဲ့မိတ်ကပ်အပြင်အဆင်ဖြစ်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။
Chloe Moretz

Chloe ကိုထူးထူးဆန်းဆန်းဖက်ရှင်တွေနဲ့တွေလိုက်ရတော့ အသက် ၁၀ နှစ်လောက်ထပ်ကြီးသွားစေတယ်လို့ အင်တာနက်အသုံးပြုသူတွေကမှတ်ချက်ပေးခဲ့ကြပါတယ်။
Bella Hadid

အချေစိန်မမ ကတော့ ဘယ်လို ဖက်ရှင်နဲ့ဖြစ်ဖြစ် ယုံကြည်မှုပြည့်ဝနေသူပါ။ ဒါပေမယ့် အရမ်းလိုက်ဖက်နေတာမဟုတ်တဲ့အတွက် ပရိတ်သတ်တွေ ဝေဖန်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။
ချောကလက်နက်ရောင် အသားအရေကို ပိုင်ဆိုင်ထားတာတဲ့ ဆူဒန်နိုင်ငံသူ မော်ဒယ် Nyakim Gatwech
Kanye West and Kim Kardashian

Kanye တို့စုံတွဲလောက် လူတိုင်းရဲ့စိတ်ဝင်စားမှုကို ရယူနိုင်သူနည်းပါတယ်။ ကင်မ် ရဲ့ ပြောင်ပြောင်တင်းတင်းဝတ်စုံလေးဟာ အရမ်းခေတ်စားခဲ့ပြီး online မှာချက်ချင်းရောင်းကုန်သွားတဲ့ဖက်ရှင်လေးဖြစ်တယ်ဆိုပါတယ်။
Source:mingalarbar





