What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဆံပင်ရှည်နဲ့ လိုက်ဖက်ဆုံး မင်းသား(၅)ဦး

ဆံပင်ရှည်နဲ့ လိုက်ဖက်ဆုံး မင်းသား(၅)ဦး facebook

လူတိုင်းမှာ လိုက်ဖက်တဲ့ပုံစံဆိုတာရှိကြပါတယ်။ တစ်ယောက်က ဆံပင်ရှည်နဲ့လိုက်သလို၊ တစ်ယောက်က ဆံပင်တိုနဲ့လိုက်တယ်။ တစ်ချို့ဆို ကတုံးနဲ့လိုက်တာမျိုးတွေရှိပါတယ်။

နိုင်ငံခြားမင်းသားတွေကြိုက်နှစ်သက်တဲ့ သူတို့အတွက်တော့ ဘယ်မင်းသားက ဘယ်လိုနဲ့ပိုလိုက်တယ်ဆိုတာ သိကြမှာပါ။

ဒီနေ့မှာတော့ Textile ပရိသတ်ကြီးအတွက် ဆံပင်ရှည်နဲ့လိုက်တဲ့ မင်းသား(၅)ဦးကို ပြောပြပေးချင်ပါတယ်။


(၁)ဂျေဆန်မိုမိုရာ

 ဂျေဆန် မိုမိုရာရဲ့ ဆံပင်အရှည်ပုံစံဟာ အရိုင်းဆန်ပြီး ယောင်္ကျားပီသတဲ့ အသွင်ကို ဆောင်ပါတယ်။ သူရဲ့ ဇာတ်လမ်းတော်တော်များများမှာလည်း ဆံပင်ရှည်နဲ့ မြင်တွေ့ဖူးကြမှာပါ။

 Aqaman နဲ့ Game of Thrones ထဲက ခဲလ်ဒရိုဂိုအဖြစ် သရုပ်ဆောင်ချိန်မှာ ဂျေဆန်ရဲ့ ဆံပင်အရှည်တွေဟာ တကယ့်ကို လိုက်ဖက်ပါပေတယ်လို့ ဆိုရမှာပါ။

သဘာဝဆန်တဲ့ ဒီဆံပင်ပုံစံနဲ့အတူ ရှည်လျားတဲ့ မုတ်ဆိတ်ကလည်း သူ့ ကို ထူးခြားစေပါတယ်။

 

1

 

 

(၂) ကီနူး ရိဗ်စ်

ကီနူးရိဗ်ကတော့ သူ့ ရဲ့ ဖက်ရှင်ကြောင့်ရော ဆံပင်မုတ်ဆိတ်ရဲ့ ထူးခြားမှုကြောင့်ပါ လူအုပ်ကြားမှာ ထင်ရှားနေပါတယ်။

သဘာဝဆန်ဆန် ဖြောင့်စင်းတဲ့ ဆံသားရှည်ပျော့ပျော့ဟာ သူ့ မျက်နှာနဲ့ လိုက်သလို သူ့ ရဲ့  ဇာတ်ကောင်တွေနဲ့ ပါ ကြည့်လို့ ကောင်းနေပါတယ်။

 

2

 

 


(၃) ခရစ္စဟမ်းစ်ဝေါ့သ်

Thor မင်းသားအဖြစ်နဲ့ နာမည်ကြီးတဲ့ ခရစ္စဟမ်းစ်ဝေါ့သ်ရဲ့ ဆံပင်ရှည်ကလည်း ပုခုံးဝဲရုံပဲ ရှိပြီး မျက်နှာ ၊ မေးရိုးတစ်ဝိုက်မှာ ဆံအခွေတွေက ကြည့်ကောင်းအောင် ကျနေပါတယ်။

 ရွှေရောင် ဆံရှည်တွေ ရှိတဲ့ ခရစ္စကတော့ သူ့ ဆံပင်ကိုသိပ်ပြီး သသူမဟုတ်ဘဲ ပွဲလမ်းသဘင်သွားမှသာ Gel လေးဘာလေး လိမ်းလေ့ရှိပြီး ပုံမှန်ဆိုစည်းထားသူ ဖြစ်ပါတယ်။

 

3

 

Fashion Designer ဖက်ရှင်ဒီဇိုင်နာ ၅၀၃ ယောက်ကိုရှာရန်နှိပ်ပါ။


(၄)  ကစ်ဟာရင်တန်

Game of Thrones ထဲမှာ ဂျွန်စနိုးလို့ လူသိများတဲ့ မင်းသားချော ကစ်ဟာရင်တန်ကတော့ အုံထူပြီး ဆံပင်အခွေအလိပ်လိပ်နဲ့ Curly ဖြစ်တဲ့ ဆံပင် ပိုင်ရှင်ပါ။

Sexy ဆန်ပြီး နည်းနည်းတော့ ထိန်းသိမ်းဖို့ ခက်တဲ့ ဆံပင်ပုံစံလည်း ဖြစ်ပါတယ်။

 

4

 


(၅) ဘရက်ပစ်

အသက်ကြီးလာတဲ့အထိ ဘရက်ပစ်ရဲ့ ယောင်္ကျားဆန်ပြီး ဆွဲဆောင်မှုအားကောင်းတဲ့ အချက်ကတော့ လူတိုင်းပါးစပ်ဖျားမှာ စွဲကျန်နေဆဲပါ။

 ဘရက်ပစ်ဟာ ဆံပင်ပုံစံမျိုးစုံနဲ့ လိုက်တဲ့ မင်းသားဖြစ်ပြီး ပုခုံးထောက်အောင် ရှည်တဲ့ ဆံပင်ပုံစံနဲ့ Troy ရုပ်ရှင်ထဲမှာ ဂရိသူရဲကောင်း အာခီလီးစ်အဖြစ် သရုပ်ဆောင်ချက်ကလည်း အမှတ်ရစရာ ဖြစ်နေပါတယ်။

ဆံပင်ရှည်ဟာ လူတိုင်းနဲ့ မလိုက်ပေမယ့် တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ ထားကြည့်ဖို့ သင့်ပါတယ်။

 

5

 

Credit : Kwee

Myanmar Textile and Garment Directory

အဝတ်အစား ဆိုင်တွေကို သိချင်ရင်တော့

 

Read 1808 times
Rate this item
(0 votes)
Tagged under