What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင် icon ဖြစ်လာတဲ့ Park Min-young 박민영

 

တောင်ကိုရီးယားမှ အင်တာတိန်းမင့် တီဗီ ကွန်ရက် ဖြစ်တဲ့ TvN မှ တင်ဆက်တဲ့ ဟာသ ဒရမ်မာ ဇာတ်လမ်းတွဲ ဖြစ်တဲ့ “What’s Wrong with Secretary Kim” က

အကြီးအကျယ် ပေါက်သွားတယ်။ အောင်မြင်မှု အရှိန်အဟုန် ကြီးမားလွန်းတယ်။

ParkMin Young tvn

အဲဒီ ဇာတ်လမ်းတွဲမှာ ပါဝင်တဲ့ အဓိက အမျိုးသမီးဇာတ်ဆောင် Park Min-young က ကိုယ်ရေးအတွင်းရေးမှူး Kim Mi-so အဖြစ် သရုပ်ဆောင်ခဲ့တော့ ဇာတ်လမ်းတွဲ အရှိန်အ၀ါဖြင့် သူ့ကိုပါ လူအများ စိတ်ဝင်စားမှု ရေချိန် မြင့်မားသွားတယ်။ သူဘယ်လို ၀တ်ဆင်သလဲဆိုတာကို ကြည့်ပြီး အတုယူ ၀တ်စားဆင်ယင်ကြလို့ အသက် ၂၀ ကျော်မှ ၃၀ ကျော် အရွယ်ရှိ အမျိုးသမီးထုအကြား Park Min-young ဟာ fashion icon ဖြစ်သွားပါတယ်။

အရင်တုန်းကလည်း ဆိုရှယ်မီဒီယာမှာ main stream ဖြစ်ခဲ့တာတွေကို Park Min-young ကြုံခဲ့ဖူးပါတယ်။ သူက ဥရောပကို ခရီးထွက်တော့ ပုံတွေ တင်တာ တောင်ကိုရီးယားမှာ အတော်ပျံ့နှံ့သွားတယ်။ သူ့ရဲ့ ကိုယ်နေဟန်ထားတွေကို အတုယူပြီး သူ့လို ဓာတ်ပုံတွေ ရိုက်ပြီး တင်ကြတဲ့အထိ ဖြစ်သွားတယ်။
သူ ခရီးထွက်တိုင်း ပုံတွေ တင်တယ်။ တင်တဲ့ပုံတွေ သည်းသည်းလှုပ် ဖြစ်ကြတယ်။

park min young 2
“What’s Wrong with Secretary Kim” မှာ ပါဝင်ဖို့ သူ့ကိုယ်အလေးချိန် ၄ ကီလို လျှော့ချခဲ့ရကြောင်း သူက ပြောပြခဲ့ဖူးတယ်။ ရုံးဝန်ထမ်းတစ်ဦး အမြင်လှစေဖို့ အခုလို ၀ိတ်ချပစ်တာလို့ သူက ဆိုတယ်။

အဲဒီ ဒရာမာရဲ့ ဇာတ်ဝင်ခန်းတွေမှာ Park ဘာတွေကို ဘယ်လိုတွေ ၀တ်သလဲ ကြည့်ကြတယ်။ ဘယ်လို အိတ်ကို ကိုင်သလဲ။ တခြားဘာတွေ ဆင်မြန်းထားသေးလဲ ဆိုတာ ကြည့်ကြတယ်။ အဲဒီဟာတွေ အကုန်လုံး ရောင်းအားတက်တာ အမြဲပဲ။

 

park min young

ဒရမ်မာထဲမှာတော့ ဇာတ်ရုပ် Kim က လုပ်တာကိုင်တာ တော်တဲ့ ကိုယ်ရေးအတွင်းရေးမှူးတစ်ဦး ဖြစ်ပါတယ်။ အိမ်မှာတော့ သူက ရုံးဝန်ထမ်းလို ကျကျနန ၀တ်ဆင်ထားတာမျိုး မလုပ်ဘူး။ sportswear လို ဟာမျိုးကို ၀တ်တယ်။ ဘောင်းဘီရှည် ပွပွ၊ ခေါင်းဆောင်းပါတဲ့ အင်္ကျီ အဲဒါမျိုးတွေ ၀တ်တယ်။

ဒရာမာထဲမှာ သူ့ ဆရာသမားရဲ့ ချစ်သူလိုလို ဘာလိုလို ဖြစ်လာပြီး အလုပ်ချိန်ပြင်ပမှာ တွေ့ဆုံကြတယ်။ အဲဒီအတွက် အ၀တ်အစားသစ်တွေ အပြေးအလွှား သူဝယ်ပြီး ၀တ်ဆင်တယ်။ အဲဒီအ၀တ်အစားတွေလည်း တအား ရောင်းကောင်းခဲ့ပါတယ်တဲ့။

 

သြစတီးယား

Austria

Austria 1

austria 5

 

စပိန်

Buenas dias form Spain

Museo Picasso Barcelona

 

 

ဒစ္စနေလန်း

Disney land

 

အီတလီ

Italy

itly

 

အမေရိက

Las Vegas

newyork

newyork2

newyork subway

Santa Monica beach

 

 

ပြင်သစ်

paris

paris2

paris 3

 

ဆွစ်ဇာလန်

Switzerland 2014

 

ရုမ်း ROME

Rome

rome 2

 

 

Source THE KOREA HERALD/ASIA NEWS NETWORK

Read 1404 times
Rate this item
(1 Vote)