What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Priyanka Chopra ရဲ့ လူသိနည်းတဲ့ street style များ

ဟောလီဝုဒ်နဲ့ ဘောလီဝုဒ် နှစ်နေရာစလုံးမှာ ကျော်ကြား အောင်မြင်နေတဲ့ Priyanka Chopra ဟာ

အိန္ဒိယမှာ ကြေးအကြီးဆုံး အမျိုးသမီးရုပ်ရှင်သရုပ်ဆောင်တွေထဲမှ တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ ပွဲတက်ဝတ်စုံတွေဟာ တစ်မူထူးခြားတာ အမှန်ပါပဲ။ အဲဒါကြောင့်လည်း မီဒီယာတွေမှာ ဖော်ပြခံရပြီး လူသိ များပါတယ်။


Priyanka Chopra ရဲ့ ဖက်ရှင်ပုံရိပ်များ

သူက ဘောလီဝုဒ်မှာ ဆွဲဆောင်မှု အကောင်းဆုံးမင်းသမီး ထိပ်တန်း ၁၀ ဦးမှာလည်း ပါဝင်တယ်။

ဆွဲဆောင်မှုအားအကောင်းဆုံး Bollywood ရုပ်ရှင်မင်းသမီး ၁၀ ဦး

အမေရိကမှ ABC ကနေ ထုတ်လွှင့်တဲ့ American TV series ဖြစ်တဲ့ Quantico မှာ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တယ်။ အဲဒီ American drama thriller series ကို ၂၀၁၅ ခုနှစ် စက်တင်ဘာလဆန်းမှာ စတင်ပြသခဲ့တယ်။ Priyanka က ဇာတ်ရုပ် Alex Parish အဖြစ် သရုပ်ဆောင်ရတယ်။ Alex Parish က FBI အေးဂျင့်တစ်ဦးဖြစ်ပြီး အင်မတန်တော်တယ်။FBI Academy ကျောင်းဆင်း။ ဒါပေမဲ့ Grand Central Terminal ကို အကြမ်းဖက်သမားတွေ တိုက်ခိုက်တာမှာ သူက ပါဝင်ခဲ့တဲ့ သစ္စာဖောက်အဖြစ် အစွပ်စွဲခံရတယ်။ အဲဒီ တီဗီဇာတ်လမ်းတွဲကြောင့် Priyanka ကို လူသိ ပိုများသွားခဲ့တယ်။ ဒါပေမဲ့ ဇာတ်လမ်းက ဆုံးပြီ။ season ၃ ခု အပြီးမှာ ဇာတ်ရည်လည်သွားပြီမို့ အဆုံးသတ်လိုက်တယ်။ ABC network က နောက်ထပ် season တစ်ခု ထပ်ဆွဲဆန့်တာ မလုပ်ဘဲ အပြီးသတ်လိုက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။


အသက် ၃၅ နှစ် ရှိပြီဖြစ်တဲ့ Priyanka က သူ့ရဲ့ Instargram စာမျက်နှာမှာ Alex Parish ရဲ့ ဇာတ်လမ်းက ဇာတ်ရည်လည်သွားပြီမို့ season ၃ ခု ခရီးရှည် အဆုံးသတ်ပြီ။ Alex ကို သက်ရှိတစ်ဦး ဖြစ်အောင် သူလုပ်ပေးခဲ့ရတာ သူ့အဖို့ ရုပ်ပိုင်းနဲ့ စိတ်လှုပ်ရှားခံစားမှုအပိုင်းတွေမှာ စိန်ခေါ်မှုတွေပါပဲ လို့ သူက ရေးသားခဲ့တယ်။ လူဖြူမဟုတ်တဲ့ အမျိုးသမီးတစ်ဦးက အဓိကဇာတ်ဆောင်နေရာမှာ လုပ်ကိုင်ခဲ့တဲ့အတွက် တော်တဲ့ အမျိုးသမီးတွေအတွက် တံခါးကို ဖွင့်ပေးလိုက်တာလို့ ကျွန်မ မျှော်လင့်ကြောင်းလည်း သူက သြဂုတ်လ ၃ ရက်တုန်းက ရေးသားခဲ့ပါတယ်။

Priyanka Chopra က သိပ်ကြာကြာ မတွဲရသေးတဲ့ Nick Jonas ကို စေ့စပ်ကြောင်းလမ်း လိုက်တာကြောင့်လည်း သူ့ပရိသတ်တွေ တအံ့တသြ ဖြစ်ကုန်ကြတယ်။

Priyanka Chopra ရဲ့ ရိုးစင်းပြီး စတိုင်လ်ကျတဲ့ street fashion ပုံရိပ်တွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။

 

Priyanka Chopra 1

Priyanka Chopra 2

Priyanka Chopra 3

Priyanka Chopra 4

Priyanka Chopra 5

Priyanka Chopra 8

Priyanka Chopra 9

Priyanka Chopra 10

Priyanka Chopra 11

Priyanka Chopra 12

Priyanka Chopra 13

Read 974 times
Rate this item
(0 votes)