What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လမ်းလျှောက်ထွက်တဲ့ ညီအစ်မ

ညီအစ်မနှစ်ယောက် သူတို့နေထိုင်ရာ ကာလာဘာဆာမြို့မှာ နေ့လည်ခင်း နေရောင်အောက် လမ်းလျှောက်ထွက်တာ ဓာတ်ပုံသတင်းအဖြစ် ဖက်ရှင်ဝက်ဘ်စာမျက်နှာတွေမှာ ဖော်ပြခံရတယ်။


တကယ်တော့ သူတို့နှစ်ယောက်ဟာ မအေတူဖအေကွဲ ညီအစ်မနှစ်ယောက် ဖြစ်ပေမဲ့ ကိုယ်လုံးကိုယ်ထည် ကိတ်ကြတာက အမြွှာညီအစ်မလို့ ထင်မှတ်မှားစရာ ဖြစ်နေတယ်။
ဝတ်ထားတာကလည်း ထိုးထည်စွပ်ကျယ်သား ကိုယ်ကျပ်အ၀တ်အစားတွေကို အပေါ်အောက် အရောင်ဆင်ဆင်တူ ၀တ်ထားတာ ဖြစ်နေတယ်။
နှစ်ယောက်စလုံးက နာမည်ကျော်ကြားကြသူတွေ ဖြစ်ကြပြီး အရှိန်အ၀ါကြီးမားတယ်။

kim kardashian kylie jenner twins body bum

ဖက်ရှင်နဲ့ မော်ဒယ်တွေရဲ့ ဓာတ်ပုံတွေ ဝေေ၀ဆာတဲ့ Instagram ဆိုရှယ်မီဒီယာမှာ တစ်ယောက်က follower ၁၁၁ သန်း ရထားပြီး ကျန်တစ်ယောက်က ၁၁၄ ဒဿမ ၂ ရထားတယ်။

တကယ့်ကို မနည်းမနောပါပဲ။ အဲဒီလို ထင်ရှားတဲ့ ညီအစ်မနှစ်ယောက် ကိုယ်လုံးအလှပေါ်လွင်စေတဲ့ အ၀တ်အစားနဲ့ လမ်းလျှောက်ထွက်ပြတော့ သူတို့ကို ဓာတ်ပုံသတင်း ဗီဒီယိုသတင်း ဖော်ပြခံရတာ သဘာဝကျပါတယ်။

kelly jennerkimkardashian
အ၀တ်အစားတွေက အပေါ်အောက် မီးခိုးရောင် ဆင်တူတွေ ၀တ်ထားကြတယ်။ အနုအရင့်ပဲ ကွာတယ်။ စီးထားတဲ့ ဒေါက်ဖိနပ်တွေမှာ တစ်ဦးက မီးခိုရောင်၊ ကျန်တစ်ဦးက အပြာရောင် ၀တ်ထားကြတယ်။

အဲဒီဖိနပ်တွေက လည်ရှည်ဒေါက်ဖိနပ်တွေ ဖြစ်ပြီး အသားပျော့ပျော့ဖြင့် ချုပ်ပေးထားတဲ့ ခြေအိတ်ဒေါက်ဖိနပ်တွေ ဖြစ်ပါတယ်။

kim kardashian kylie jenner leggings stilettos body twins
အမေရိကန် ရက်ပါ အဆိုတော် တေးရေးဆရာ လုပ်ငန်းရှင် ဖက်ရှင်ဒီဇိုင်နာ Kanye West ရဲ့ နောက်ဆုံးထုတ် Yeezy ဖက်ရှင်စုစည်းမှုရဲ့ လည်ရှည်ဒေါက်ဖိနပ်တွေ ဖြစ်ပါတယ်။

Kanye West ဟာ လမ်းလျှောက်ထွက်တဲ့ ညီအစ်မ နှစ်ယောက်အနက် အစ်မဖြစ်သူ Kim Kardashian West ရဲ့ ခင်ပွန်း ဖြစ်ပါတယ်။ ဒီတော့ နောက်ဆုံးထုတ် လည်ရှည်ဒေါက်ဖိနပ်ကို စီးပြပြီး ကြော်ငြာတာလို့ ပြောရင် မှန်နိုင်လောက်တယ်။
Kim က ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းက တတိယမြောက်ကလေးဖြစ်သူ သမီးကလေး ရှီကာဂိုကို ဖွားမြင်ခဲ့တယ်။ ညီမဖြစ်သူ Kylie Jenner ကလည်း နောက်တစ်လဖြစ်တဲ့ ဖေဖော်ဝါရီလမှာ ပထမဆုံးကလေးဖြစ်သူ သမီးကလေး စတောင်းမီကို ဖွားမြင်ခဲ့တယ်။
နှစ်ဦးစလုံး ကလေးအမေတွေ ဖြစ်ကြပါတယ်။

ji

kim kardashian kylie 02


အသက်ကို ကြည့်ရင်တော့ Kim Kardashian က ၃၇ နှစ် ရှိပါပြီ။ ၄ ထိပ်စီးဖြစ်ဖို့ ၃ နှစ်သာ လိုပါတော့တယ်။ Kylie Jenner ကတော့ ၂၀ နှစ် ရှိပြီမို့ ၂ ထိပ်စီးကို စတင်ဝင်ရောက်တာ ဖြစ်ပါတယ်။

Kylie က ကြိုးအပြားကျယ်ကျယ်ပါတဲ့ အိတ်ကို စလွယ်သိုင်းထားပြီး အိတ်ကု ဖောင်းကြွနေတဲ့ ရင်ဘတ်မှာ ထားတယ်။ Kim ကတော့ အိတ်ကို ကျောဘက်မှာ ထားပြီး ဖားလျားကျနေတဲ့ ဆံကေသာတွေက အိတ်ကို ဖုံးနေတယ်။

kim kardashian kylie jenner twins leggings

twin 2 6


နှစ်ယောက်စလုံးက နေရောင်စူးတာကို ကာကွယ်ဖို့ ခေတ်ဟောင်းစတိုင် နေကာမျက်မှန် ကိုယ်စီ တပ်ထားကြတယ်။ လက်ထဲမှာတော့ Starbuck ရဲ့ ရေခဲလက်ဖက်ရှည် ice tea တစ်ခွက်စီ ပါတာကို မမြင်မိအောင် အမှုမဲ့အမှတ်မဲ့ ဖြစ်စေနိုင်လောက်တယ်။

twin 32

ညီအစ်မနှစ်ယောက် သွားလေရာနောက်ကို နောက်ယောင်ခံလိုက်ပြီး ဓာတ်ပုံနဲ့ ဗီဒီယို ရိုက်ကြသူတွေဟာ နောက်ဆုံးမှာ ညီအစ်မနှစ်ယောက် လမ်းကြမ်းမှာ စီးဖို့ ဒီဇိုင်းထုတ်ထားတဲ့ အိမ်မြင့်မြင့် အမိုးပွင့်ကားပေါ် တက်လိုက်ကြပြီး မောင်းထွက်သွားတာမှာ အဆုံးသတ်ခဲ့ပါတယ်။

car

Kylie Jenner and sister Kim Kardashian jeep

ကိုယ်ထူကိုယ်ထ ဘီလျံနာ Kylie Jenner

kylie jenner

Read 1251 times
Rate this item
(0 votes)