What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဘုရင်မကြီးရဲ့ တစ်ရောင်ခြယ် ဖက်ရှင်

သက်တော်ရှည် (၁၉၃၆ ခုနှစ် ဧပြီ ၂၁ ရက် ဖွားမြင်၊ ယခု ၉၂ နှစ်) ဘုရင်မကြီး အဲလစ်ဇဘက်ဟာ သားစဉ်မြေးဆက်တို့ရဲ့ မင်္ဂလာပွဲတွေကို တက်ရောက်ချီးမြှင့်ရတဲ့အခါ တစ်ရောင်ခြယ် monochromatic စတိုင်လ်ကို ဆင်မြန်းတော်မူလေ့ ရှိပါတယ်။

၂၀၁၁ ခုနှစ် Prince William နဲ့ Kate Middleton (Duke and Duchess of Cambridge ) မင်္ဂလာပွဲကို တက်တော့ မထိရက်စရာ အ၀ါရောင် ၀တ်စုံကို ဆင်မြန်းတော်မူခဲ့တာ တွေ့ကြရတယ်။

queen elizabeth royal wedding yellow

၂၀၁၈ ခုနှစ် Prince Harry နဲ့ Meghan Markle တို့ရဲ့ မင်္ဂလာပွဲကို

ဖက်ဖူးရောင် တစ်ရောင်ခြယ် စတိုင်လ်ဖြင့် တက်ရောက်ခဲ့တယ်။

အနုပေါ် အနုဆင့် ခရမ်းနုရောင် ပန်းဖွားအလှကို ဦးထုပ်မှာ တပ်ထားတာလည်း တွေ့ရပါတယ်။

 

royal wedding 2018 queen elizabeth green

အရောင်အတိုင်ပင်ခံတစ်ဦးက ဘုရင်မကြီး ရွေးချယ်တဲ့ ၀တ်စုံအရောင်တွေဟာ အဓိပ္ပာယ်ပါတယ်လို့ ရုပ်မြင်သတင်းမှာ သုံးသပ်ပြထားပါတယ်။

အစိမ်းနုရောင် ဖြစ်တဲ့ ဖက်ဖူးရောင်ဟာ နုပျိုလန်းဆန်းရာမှ ရင့်သန်တဲ့ဆီကို သွားနေတဲ့ သဘောကို ပြတယ်။ ကြီးထွားရင့်ကျက်ခြင်းနဲ့ ပြန်လည်မွေးဖွား လန်းဆန်းခြင်း နှစ်မျိုး ရောစပ်ပါဝင်နေတယ်။ အနာဂတ်ဆိုတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်။
ခရမ်းရောင်ဟာ သန့်စင်ခြင်းသဘော ရှိတယ်။ ဒဏ်ရာအနာကျက်စေတယ်။ ဆေးဘက်ဝင်တယ်။ ဒုတိယအကြိမ် အိမ်ထောင်ပြုတဲ့ Meghan Markle ကို ကြိုဆိုတဲ့သဘော ပြသတာဖြစ်မယ်လို့ သူက သုံးသပ်ပါတယ်။

Read 1081 times
Rate this item
(0 votes)