What's new

×

Warning

JUser: :_load: Unable to load user with ID: 845


၂၀၁၈ ကိန်းရုပ်ရှင်ပွဲတော်မှ ဖက်ရှင်အချို့

မေလ ၈ ရက် အင်္ဂါနေ့မှာ စတင်ခဲ့ပြီး မေလ ၁၉ ရက် စနေနေ့မှာ ပြီးဆုံးမယ့် 2018 Cannes Film Festival ပွဲတော်ကို တက်ရောက်လာကြသူတွေရဲ့ ခေတ်ဆန်းဖက်ရှင်တွေမှာ အသားပါးပါး ပွင့်လင်းမြင်သာတဲ့ ၀တ်စုံတွေ ဆင်မြန်းကြသူတွေ ရှိနေပါတယ်။

အပြင်းထန်ဆုံးက Kendall Jenner ဖြစ်ပါတယ်။

သူ့ပုံကို နောက်ဆုံးမှာ

ဖော်ပြပေးထားပါတယ်။

 

၂၀၁၈ ကိန်းရုပ်ရှင်ပွဲတော် အကဲဖြတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်သူ Cate Blanchett ကို

Cold War ရုပ်ရှင်ပြသသည့် မေလ ၁၀ ရက်မှာ Aquazzura ဒေါက်မြင့်ဖိနပ် စီးလာတာ တွေ့ကြရတယ်။

Cate Blanchett

 

 

အဲဒီ တတိယမြောက်နေ့ဖြစ်တဲ့ မေလ ၁၀ ရက်မှာ “Sorry Angel” ဇာတ်ကား ပြသတာကို တက်ရောက်တဲ့

တရုတ်မော်ဒယ် ရုပ်ရှင်မင်းသမီး Sui He က ဖြူစွတ်နေတဲ့ ၀တ်စုံနဲ့ တင့်တယ်လှပနေခဲ့ပါတယ်။

Sui He

 

 

အဲဒီ ဇာတ်ကားကို အိန္ဒိယ ဘောလီဝုဒ်မှ မင်းသမီး Deepika Padukone လည်း တက်ရောက်ခဲ့ပြီး

အဖြူရောင်းလွှမ်းတဲ့ ဇာပါးထည်ဝတ်စုံကို ဆင်မြန်းထားပါတယ်။

Deepika Padukone

 

 

 

အဖြူရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အမည်းရောင်ဖြင့် အဲဒီဇာတ်ကားကို တက်ရောက်ခဲ့သူတစ်ဦးကတော့

ထိုင်းမှ ချစ်စနိုးအမည် Aokbab ဖြင့် လူသိများတဲ့ မင်းသမီး Chutimon Chuengcharoensukying ဖြစ်ပါတယ်။

 

Chutimon Chuengcharoensukying

 

 

ရုရှားမှ မော်ဒယ် Irina Shayk ကတော့ အနီရောင်ဝတ်စုံဖြင့် အဲဒီဇာတ်ကား “Sorry Angel” ကို လာရောက်ကြည့်ရှုခဲ့ပါတယ်။

အကွဲတွေပါပြီး ဟနေအောင် ကြိုးတိုတိုတွေနဲ့ တွဲပေးထား စိတ်ဝင်စားစရာကောင်းတဲ့ ခေတ်ဆန်းဒီဇိုင်း ဖြစ်ပါတယ်။

Irina Shayk

 

 

 

အစ္စရေးမှ စူပါမော်ဒယ် Hofit Golan ကတော့

အဖြူသားပါးပါးမှာ နှင်းဆီတွေ အသည်းတွေ

အလှဖော်ပန်းထိုးထားပြီး တင့်တယ်လှပနေပါတယ်။

Hofit Golan

 

 

အမေရိကန် မင်းသမီး Aja Naomi King ကလည်း

အဖြူဇာထည်ပါး ၀တ်စုံကို ဆင်မြန်းပြီး

တက်ရောက်လာတာ တွေ့ကြရတယ်။

Aja Naomi King

 

 

 

ပြင်သစ်မင်းသမီး Frédérique Bel က အ၀ါတောက်တောက် လှိုင်းကြီးတွေ ထောင်လိုက် တွန့်ထနေအောင်

ဖန်တီးပေးထားတဲ့ ၀တ်စုံဝါနဲ့ ကြွကြွရွရွ လန်းဆန်းနေပါတယ်။

အ၀ါရောင် လွှမ်းလွန်းတာကို အမည်းရောင် ဆေးပေကျံနေတာလေးတွေကို

အပြာရောင်ပေကျံတာ ပါလေကာမျှ ထည့်တွဲပြီး ဖြေလျော့ပေးထားတယ်။

အောက်အနားသတ်ကိုလည်း အမည်းနဲ့ ပါးပါးလေး ကွပ်ပေးထားတယ်။

Frédérique Bel

 

 

 

 

Bella Hadid က မေလ ၁၂ ရက်မှာ ကျင်းပတဲ့ Dior ဖက်ရှင်တိုက် ညစာစားပွဲကို

အနီရောင် မှန်နိုင်လွန်နဲ့ တက်ရောက်ခဲ့တာ တွေ့ရတယ်။

bella hadid

 

 


တရုတ်မင်းသမီးနဲ့ ကချေသည် Wang Likun က

တင့်တယ်ဖြူစွတ်နေတဲ့ ၀တ်စုံဖြင့် တက်ရောက်ခဲ့ပါတယ်။

Wang Likun

 

 

 

Chris Lee လို့လည်း သိကြတဲ့ တေးရေး၊ တေးဆိုနဲ့ မင်းသမီး Li Yuchun က

အမည်းရောင် အတွင်းပိုင်းနောက်ခံမှာ ခရုပတ်ခွေပြီး ကြောင်လိမ်လှေကားလို ဖြစ်နေတဲ့

အဖြူသား ပတ်ထားတဲ့ ဒီဇိုင်းဆန်းဆန်းကို ဆင်မြန်းထားပါတယ်။

Li Yuchun

 

 

 

တရုတ်မင်းသမီး Fan Bingbing က ယခုတလော နာမည်အရမ်းကြီးနေတဲ့ ဖက်ရှင်တိုက်ဖြစ်တဲ့ 

Ralph & Russo ရဲ့ ဖက်ရှင်ဝတ်စုံဖြင့် ပွဲတက်ခဲ့ပါတယ်။

Fan Bingbing

 

 

 

 

 

 

သူက နောက်တစ်ပွဲမှာတော့

Ali Karoui Couture ရဲ့

အစိမ်းနုရောင် ၀တ်စုံကို ဆင်မြန်းခဲ့ပါတယ်။

 

Fan Bingbing ali

 

 

Kendall Jenner က ကိန်းရုပ်ရှင်ပွဲတော်မှာ ၀င်ပြိုင်တဲ့ ဇာတ်ကားတွေကို လာကြည့်တာ မဟုတ်ဘဲ ပွဲတော်နဲ့အတူ

တွဲစပ်နှီးနွှယ်ပြီး ကျင်းပတဲ့ Secret Chopard Party ကို တက်ရောက်ခဲ့တာမှာ Alexandre Vauthier ရဲ့

ပါးလွှာမြင်သာ ၀တ်စုံကို ဆင်မြန်းခဲ့လို့ သတင်းကြီးသွားခဲ့ပါတယ်။ အ၀တ်အစားအောက်မှာ ဘယ်လိုလဲဆိုတာ

သိပ်တွေးကြည့်နေဖို့ မလိုတော့ပါဘူး။

အတွင်းခံဘောင်းဘီကို nude colour (အသားရောင်နှင့် တူနေသောအရောင်) ဆင်မြန်းထားပါတယ်။

 

 kendall jenner

Kendall Jenner က ကိန်းရုပ်ရှင်ပွဲတော်မှာ ဒုတိယအကြိမ်မြောက် naked dress ကို ဆင်မြန်းတော့ ငန်းဖြူဝတ်စုံကို ၀တ်ဆင်ထားပါတယ်။

စနေနေ့ညမှာ Girls Of The Sun ရုပ်ရှင်ကားကို ကြည့်ဖို့ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

 

kandel swan

kandel swan 2

 

အဖြူရောင် ခါးပတ်ပြားကြီးကြီးကို လိုအပ်တာထက် ပိုတင်းကျပ်နေအောင် ၀တ်ဆင်ထားတယ်။

အဖြူတွေချည်း ဖြစ်နေတဲ့ ငန်းဖြူကို အစိမ်းရောင် ကျောက်မျက်လက်ဝတ်ရတနာများဖြင့် အရောင်ဖျော့ ဖြည့်ဘက် ပြုပေးထားတာ တွေ့ကြရတယ်။

 

kandel swan 3

 

 

 

 

http://www.textiledirectory.com.mm/articles.html

Read 1219 times
Rate this item
(0 votes)