ဖက်ရှင်ဆိုသည်မှာ အကျိုးအမြတ်များရနိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ရုံသာမက လူတစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်အရည်အချင်းကို ဖော်ပြနိုင်သည့် အဆင် တန်ဆာ တစ်ခု ဖြစ်ပေသည်။ လူတော်တော်များများက မိမိကိုယ်ကိုယ် သတိမထားမိပေမဲ့ သူတို့မှာ သူတို့ကိုယ်ပိုင် ဝတ်စား ဆင်ယင်မှု ပုံစံလေးတွေ ရှိလို့နေပါတယ်။
စတိုင်လ် တစ်ခုဆိုသည်မှာ တစ်ဦးတစ်ယောက်၏ အတွင်းပိုင်း ကိုယ်ရည်ကိုယ်သွေး၏ ရောင်ပြန်ဟပ်မှုကို ဝတ်စားဆင်ယင်ခြင်းနည်းဖြင့် ပြန်လည်တင် ပြခြင်းဟု ဆိုနိုင်ပါတယ်။ လူတော်တော်များများက စတိုလ်တစ်မျိုးထဲကိုပဲ စွဲစွဲမြမြဲ ဝတ်တတ်ကြသော်လည်း အခြေအနေအချိန်အခါနှင့် စိတ်အခြေအနေကိုလိုက်၍ ဝတ်ဆင်ကြသူများလည်း ရှိပါတယ်။
ယနေ့ခေတ် လူများမှာ နေ့စဥ်သွားလာ ဝတ်ဆင်နေသည့် ပုံစံကို သက်တောင့်သက်သာနှင့် စတိုင်လ်ကျ လှပအောင် ရွေးချယ်ဝတ်ဆင်လာကြပါတယ်။ ဒါဟာ Street Fashion ၏ လွှမ်းမိုးမှုကို ခံရပြီး နေ့စဥ်ဖြစ်ပျက်မှု ကိစ္စအရပ် အရပ်ရပ်အတွက် သင့်လျော်မှု ရှိသည်ကို လည်းတွေ့ရပါတယ်။ များသောအားဖြင့် ထူးခြားပြီး ကွဲပြားလှပသော ဒီဇိုင်းအမျိုးမျိုးရှိရာမှာ အထင်ရှားဆုံးသော ဒီဇိုင်းများကို ရွေးချယ်ခဲ့ကြပါတယ်။
Formal style
Street Fashion မှ ဆင်းသက်လာသည့် လွတ်လပ်သည့် စတိုင်လ်များ၏ အခြားဖက်တွင်လည်း ပိုမိုတူညီပြီး ပုံမှန်ဆန်သည့် အဝတ်အစားများကို ဝတ်စားဆင်ယင်ရသည့် အခိုက်အတန့်များလည်း ရှိပါသေးသည်။ စီးပွားရေးနဲ့ပတ်သက်သော သို့မဟုတ် ရုံးစတိုင်လ်ဟုဆိုနိုင်သည့် အဝတ်အစားများဖြစ်သည့် ဝတ်စုံများ၊ ရှပ်အင်္ကျီများ၊ ကုတ်အင်္ကျိီအပွများ အစရှိသည် ဝတ်စားဆင်ယင်မှုများ ပါဝင်ပါတယ်။ နောက်ပြီး အရောင်ရွေးချယ်မှုမှာကလည်း အကန့်အသတ်ရှိပါသေးတယ်။ များသောအားဖြင့် စီးပွားရေးဆိုင်ရာဆွေးနွေးမှုများအတွက် အမည်းရောင်၊ အဖြူရောင်နှင့် မီးခိုးရောင်ကို အသုံးပြုလေ့ရှိပါတယ်။

မကြာသေးမီက လူတော်တော်များများသည် business-casual style ဟု ခေါ်သည့် အရောအနှော စတိုင်လ် အသစ်ကို တွဲဖက်ဝတ်ဆင်လာကြပြီး ၎င်းအတွဲအစပ်တွင် ရှပ်အင်္ကျိီနှင့် ဂျင်းဘောင်းဘီအတွဲ၊ ကုတ်အင်္ကျီအပွနဲ့ ဂျင်းဘောင်းဘီအတွဲများသည်လူကြိုက်များ ထ်င်ရှားသော အတွဲအစပ်များဖြစ်ပါတယ်။ ထို့အပြင် ရှူးဖိနပ်များအစား Sneaker နဲ့ ပေါ့ပေါ့ပါးပါး ဝတ်ဆင်လာကြပါတယ်။

Sportswear vs. classic style
Sportswear ပုံစံများသည် လူအများ ရွေးချယ်လေ့ရှိကြသည့် ပုံစံထဲကတစ်ခုဖြစ်ပါတယ်။ အကောင်းဆုံးနမူနာများကတော့ ပိုလိုရှပ်အင်္ကျီများ၊ တင်းနစ်အင်္ကျီများ၊ leggings နဲ့ sneakers အတွဲများ ဖြစ်ကြပါသည်။
၎င်းတို့သည် အားကစားလုပ်ရာတွင်သာမကာ မည်သည့်ကာယလှုပ်ရှားများ အတွက်မဆို သင့်လျော်ပါသည်။ စီးပွားရေးဆိုင်ရာဝတ်စားဆင်ယင်မှုများနှင့် ဆန့်ကျင်ဖက် ဖြစ်နေသော်လည်း Sportwears များသည် ဂန္တဝင်ဆန်သည်ဟု စဥ်းစားစရာအကြောင်း အမြဲပေါ်လာလေ့ရှိပါသည်။ ဘာလို့ ဒီလို ပြောရလဲဆိုလျှင် Sportswear များတ္ငင် တည်ငြိမ်မှု၊ သက်တောင့်သက်သာ ဖြစ်မှု နဲ့ သန့်ရှင်းသပ်ရပ်သည့် ချုပ်ရိုးချုပ်သားများ၏ ခိုင်မာမှုကို အပြည့်အဝခံစားနိုင်သောကြောင့်ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ဖက်ရှင်ရေစီးကြောင်းတွေ ပြောင်းလဲနေပါစေ၊ ဘယ်တော့မှ ရိုးမသွားသည့် ဂန္တဝင်မြောက်အတွဲအစပ်များလည်းရှိနေပါသေးတယ်။ အဲ့တာကတော့ ကုတ်အင်္ကျီပွ၊ ရိုးရိုးကုတ်အင်္ကျီ၊ အနက်ရောင် ပွဲတက်ဝတ်စုံ၊ ဂျင်းဘောင်းဘီ ကောင်းကောင်း တစ်ထည် တို့ ဖြစ်ပါတယ်။

Street style
လက်ရှိဖက်ရှင်ရေစီးကြောင်း၏ နံပတ်တစ် နေရာတွင် ဦး ဆောင်နေသည့် Street style ဖြစ်ပါတယ်။ ဒီစတိုင်လ်များသည် မြို့ပြလူနေမှုပုံစံများနဲ့ လူငယ်များ၏ ယဥ်ကျေးမှုနဲ့ ဆက်စပ်ပြီးမှ ဖြစ်ပေါ်လာသည့် ဒီဖက်ရှင်စတိုင်လ်သည် အခြား ပုံမှန်စတိုင်လ်များနဲ့ မတူ၊ကန့်သတ်မှုမရှိဘဲ လွတ်လွတ်လပ်လပ် ဝတ်ဆင်နိုင်သောကြောင့် လူငယ်များ အနှစ်သက်ဆုံး ဖြစ်ပါတယ်။

Vintage style
Vintage လို့ဆိုလိုက်တာနဲ့ မျက်စိထဲ မြင်ယောင်လာတာက ကက်ဆက်ခွေတွေ၊ ဂါဝန်ပွပွတွေ၊ အဝါရောင်မီးလုံးတွေ ဖြစ်ကြမယ် ထင်ပါတယ်။ Vintage style က ရှေးခေတ်စတိုလ်ဖြစ်ပြီး ခေတ်ဟောင်း အငွေ့အသက်များ လွှမ်းထုံနေသည့် ဖက်ရှင်တစ် ခုဖြစ်ပါသည်။ 1920 မတိုင်မီကာလတွင် ပေါ်ပေါက်ခဲ့သော မည်သည့် ဖက်ရှင် ဒီဇိုင်းများကိုမဆို Vintage စတိုင်လ်ဟု ခေါ်ဆိုနိုင်ပါတယ်။

Chic
Chic စတိုင်လ်လေးကတော့ ဖက်ရှင်ရေစီးကြောင်းမှာ ဖက်ရှင်ကျကျ လိုက်ပါစီးမြောနိုင်သူများအတွက် ရွေးချယ်စရာဖြစ်မယ်ထင်ပါတယ်။ ဒီစတိုင်လ်ကိုရွေးချယ်ကြသူများမှာ ဖက်ရှင်အမြင်မှာ ကောင်းမွန်တဲ့ အမူအကျင့်ရှိပြီး ဖက်ရှင်လောက၏ နောက်ဆုံး ပေါ်များကို လိုက်လံဝတ်ဆင်စရာမလိုဘဲ မိမိတွင်ရှိသည့် အဝတ်အစားများဖြင့် ဖက်ရှင်ကျအောင် တွဲစပ်ဝတ်ဆင်နိုင်သူများဖြစ်ကြပါတယ်။

Bohemian style
Bohemian style သည် 1960 နဲ့ 1970 ပြည့်နှစ်များတွင် အလွန်ရေပန်းစားခဲ့ပြီး ယနေ့ထက်တိုင်အောင် နှစ်ခြိုက်စွာ ဝတ်ဆင်သည့် လူများ ရှိနေပါသေးတယ်။ လည်စီးပုဝါများ၊ vestများ၊ ဂျာကင် အင်္ကျီများနဲ့စကပ်များကို အရောင်အသွေးစုံလင်စွာ တွဲဖက်ဝတ်ဆင်လေ့ရှိပါတယ်။ ၎င်းကို boho သို့မဟုတ် boho chic ဟုလူသိများလျက် ရှိပါတယ်။ Bohemian ဟုဆိုလိုက်လျှင် မျက်စိထဲ မြင်ယောင်နေတာက ခေါင်းတစ်ပတ်ချည်ထားသော ကြိုးများ၊ Cowboy ဦးထုပ်ဖြစ်မှာ မလွဲပေ။

Grunge and Gothic styles
Grunge နှင့် Gothic style များသည် ၎င်းတို့နဲ့ဆက်နွယ်နေသည့် ဂီတအမျိုးအစားများကဲ့သို့ပင် ဖြစ်ပါတယ်။
Grunge သည် ၁၉၈၀ နှင့် ၁၉၉၀ ပြည့်လွန်နှစ်များနှင့်ဆက်စပ်နေပြီး အလွန်ရှုပ်ထွေးသည့် ပုံစံများပါဝင်ပြီး များသောအားဖြင့် ၎င်းတို့၏ အတွဲအစပ်များသည် လိုက်ဖက်လေ့မရှိပေ။

Gothic သည်အနက်ရောင်ကိုသာဝတ်ဆင်ကြပြီး ၎င်းအသွင်အပြင်သည် လုံးဝသေဆုံးခြင်း ဝိသေသလက္ခဏာများနဲ့ ပြည့်စုံလျက်ရှိကြပါတယ်။

By Myanmar Textile & Garment Guide





