What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Bambuser သည် Farfetch နဲ့ သဘောတူညီမှုစာချုပ် ချုပ်ဆိုခဲ့

Bambuser AB သည် live video shopping အတွက် နိုင်ငံပေါင်း ၁၉၀ ကျော်ရှိဖောက်သည်များကို နိုင်ငံပေါင်း ၅၀ ကျော်မှ ပစ္စည်းများ၊ ကမ္ဘာ့အကောင်းဆုံးအမှတ်တံဆိပ်များ၊ ဖက်ရှင်ဆိုင်များနှင့် စတိုးဆိုင်များ ၁၃၀၀ နီးပါးနဲ့ ချိတ်ဆက်၍ ဇိမ်ခံဖက်ရှင်လုပ်ငန်းအတွက်

ပလက်ဖောင်းတစ်ခုဖြစ်သော Farfetch UK Ltd နဲ့ ရှေ့ပြေးသဘောတူညီချက်အဖြစ် လက်မှတ်ရေးထိုးခဲ့ပါတယ်။

 

Bambuser သည် အပြန်အလှန် တိုက်ရိုက်လွှင့်သော ဗွီဒီယို streaming ကိုအထူးပြုသည့် ဆော့ဝဲလ်ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။

 

သဘောတူစာချုပ်တွင် ဝယ်ယူသူအား သတ်မှတ်ထားသော ကုန်ကျစရိတ် ပေါင် ၃၅၀၀၀ နဲ့အတူ အင်္ဂလိပ်၊ ဂျပန်၊ တရုတ်နှင့်အာရပ်ဘာသာစကားများကိုပါ ထောက်ပံ့ကြေးအဖြစ် စမ်းသပ်ကာလ ၆ လ အတွင်း Live Video Shopping အား အသုံးပြုခွင့် ပေးထားတယ်လို့ ဆိုပါတယ်။

Bambuser ၏အဓိက ထုတ်ကုန်ဖြစ်သော live video shopping သည် လက်လီလုပ်ငန်းများကဲ့သို့ ဝက်ဘ်ဆိုက်များ၊ မိုဘိုင်းအက်ပလီကေးရှင်းများနှင့်လူမှုမီဒီယာများပေါ်တွင် တိုက်ရိုက်ဈေးဝယ်ခြင်း အတွေ့အကြုံများနဲ့ global e-commerce ကဲ့သို့ ဝယ်သူများ အသုံးပြုနိုင်အောင် cloud-based software solution ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ Bambuser ကို ၂၀၀၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး သူ့ရဲ့ရုံးချုပ်က စတော့ဟုမ်းတွင် တည်ရှိတယ်လို့ ဆိုပါတယ်။

 

By htike htike (Myanmar Textile & Garment Guide)
Ref: fibre2fashion.com

Read 440 times
Rate this item
(0 votes)