ဘာတွေ ပြောပြမလဲ။ Steel Pin T-Head Pin Brass Lace Pin Safety Pin စတဲ့ ပင်အပ်တွေ
အကြောင်း ပြောပြမယ်။
ပင်အပ်များ
*********
ပင်အပ်နဲ့ အပ် ဆင်ဆင်တူတယ်။ ကွာတာက ချည်ထိုးဖို့ အပ်နဖားပေါက် ပါတာနဲ့ မပါတာ ဖြစ်ပါတယ်။
ပင်အပ်တွေကို အဝတ်အပိုင်းအစတွေ ယာယီတွဲထားဖို့ သုံးစွဲတယ်။ ချုပ်အပ်ကတော့ အထည်သားထဲ ချည် ဝင်ချီထွက်ချီဖြင့် နေရာယူဖို့ သုံးတယ်။ အပြီးအပြတ် တွဲချုပ်တာ ရှိသလို ယာယီအားဖြင့် တွဲပေးထားဖို့ ချုပ်တာလည်း ရှိမယ်။
ဖက်ရှင်ဒီဇိုင်နာတွေ သုံးလေ့သုံးထရှိတဲ့ ပင်အပ်တွေအကြောင် ဗဟုသုတ တိုးဖို့ ဖော်ပြအပ်ပါတယ်။
ဘယ်လို ပင်အပ်မျိုးကို သုံးရမလဲဆိုတာအတွက် အခြေခံအားဖြင့် မူတည်စဉ်းစားတဲ့ အချက် သုံးချက် ရှိတယ်။
အထည်သား အထူအပါး
အထည်သား ရက်လုပ်ထားပုံ
လုပ်လက်စတန်းလန်းမှာ ခဏတွဲပေးထားရန်အတွက်သာ ( ဆိုလိုတာက မော်ဒယ်တစ်ယောက်ကို အစမ်းဝတ်ကြည့်ခိုင်းဖို့အတွက် အဝတ်စ အပိုင်းအစတွေကို ယာယီသီတွဲပေးဖို့ သုံးတာမျိုး )
Steel Pin
အကြမ်းသုံးအဖြစ်ဖြင့် သုံးကြတယ်။ လူပုံစံအရုပ်မှာ အထည်အပိုင်းအစတွေကို ကပ်ပြီး ဒီဇိုင်းကို စိတ်ကူးကြံဆတဲ့အခါမှာ ဒီပင်အပ်မျိုးနဲ့ ထိုးစိုက်ပြီး အထည်အပိုင်းအစကို ကပ်တွဲတယ်။ အရွယ်ရွယ် အစားအစား ရှိတယ်။ အထည်သားတွေ လေးငါးထပ် ထပ်ပြီး တွဲထားဖို့ဆိုရင် အလျားရှည်တဲ့ ပင်အပ်မျိုးကို သုံးကြတယ်။
T-Head Pin
ပင်အပ်ခေါင်းက အင်္ဂလိပ်အက္ခရာ T ပုံသဏ္ဌာန်မို့လို့ T-Head Pin လို့ ခေါ်ဝေါ်ကြတယ်။ ရက်ထားတာ ကြဲတဲ့ အထည်သားမျိုးမှာ ပင်အပ်သုံးရရင် အလွယ်ဖြင့် ခေါင်းကျွံဝင်တာ မဖြစ်ရအောင် T-Head ပင်အပ်ကို သုံးတယ်။ စွပ်ကျယ်သားလိုမျိုး ဇာထိုးထည်တွေမှာလည်း သုံးတယ်။ ခေါင်းက T ပုံသဏ္ဌာန်ဖြစ်နေတာမို့ အထဲကို ကျွံဝင်မသွားဘူး။ ထိုးပေးထားတဲ့အတိုင်း မြဲမြံနေစေပါတယ်။
Brass Lace Pin
ချောမွတ်တယ်။ သေးသွယ်တယ်။ ပင်အပ်နဲ့တွယ်ခံရတဲ့ အထည်သားမှာ တော်ရုံတန်ရုံဖြင့် အပေါက်ရာ ကျန်ရစ်တာမျိုး မဖြစ်ဘူး။ ဒီတော့ ပဒုမ္မာပိတ်ပါးစလိုမျိုး အထည်သား ပါးပါးတွေမှာ သုံးကြတယ်။
-
Safety Pin
ဖြတ်တောက်ထားတဲ့ အဝတ်စ အပိုင်းတွေကို တွဲစပ်ပြီး အဝတ်အစားတစ်ခု ယာယီဖန်တီးဖို့ တွယ်ချိတ်ကို သုံးကြတယ်။ ကြယ်သီးတွေ တပ်ရမယ့်နေရာမျိုးမှာ ကြယ်သီးတွေအစား တွဲချိတ်နဲ့ ယာယီတွဲပေးထားလေ့ရှိတယ်။ စွပ်ကျယ်သားလို ခပ်ကြဲကြဲ ရက်ထားတဲ့ အထည်သားမျိုးတွေအတွက် သင့်လျော်တယ်။
-
Paper Clip
ပင်အပ်ထိုးထားတဲ့ အပေါက်ရာ ကျန်ရစ်လို့ မရတဲ့အခါ ပေပါကလစ်ကို သုံးကြတယ်။ လယ်သာ သားရေထည်၊ ပလတ်စတစ်အသား၊ ပီဗီစီ အသားမျိုးတွေက ပင်အပ်ထိုးပြီးရင် အပေါက်ရာက မပျောက်တော့ဘူး။ ဒီတော့ ပေပါကလစ်ကို သုံးပြီး ယာယီတွဲကပ်ပေးကြတယ်။
ပင်အပ်တွေကို သိမ်းဆည်းထားသိုတာမှာ စနစ်ကျဖို့ လိုတယ်။ ပင်အပ်စိုက်ဖို ဘုလုံးတစ်ခု လုပ်ထားပြီး အဲဒီမှာ စုသိမ်းသင့်တယ်။ နေရာအကုန် သက်သာတယ်။ သပ်ရပ်ရှင်းလင်းတယ်။ အလွယ်တကူ ယူလို့ရတယ်။ ပင်အပ်ဖြစ်ဖြစ် ချုပ်အပ်ဖြစ်ဖြစ် အောက်ကျနေတာကို ကောက်ယူဖို့အတွက် သံလိုက်တုံးတစ်ခု ဆောင်ထားသင့်တယ်။
ဆက်လက်ပြီးတော့ လက်ချုပ်အပ်အကြောင်း နည်းနည်းပါးပါး ပြောပြပါမယ်။ ပြီးရင် အပ်ချုပ်စက်အကြောင်း ပြောပြပါဦးမယ်
ချက္ကဝါ
zawgyi
ဖက်ရှင်ဒီဇိုင်နာတို့အတွက် စက်ချုပ်နည်း ( ပင်အပ်များ )
-
အထည်သား အထူအပါး
-
-
-
Steel Pin
-
T-Head Pin
-
Brass Lace Pin
-
Safety Pin
-
Paper Clip
ချက္ကဝါ