What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်ဒီဇိုင်နာတို့အတွက် စက်ချုပ်နည်း (စတူဒီယို)

(uni+zawgyiအခုပြောပြသွားမှာတွေက ခေတ်ပေါ်ဖက်ရှင်အတွက် ချုပ်လုပ်ပုံတွေသာမက

ယခုခေတ်မှာ အမြောက်အမြား ချုပ်လုပ်ပြီး ဖက်ရှင်ထည်တွေကို ထုတ်လုပ်နေတဲ့ အထည်ချုပ်ကဏ္ဍရဲ့ နောက်ဆုံးပေါ် နည်းလမ်းတွေအတွက်ပါ ဖြစ်ပါတယ်။

စာရှုသူအနေဖြင့် တန်ဖိုးထားပြီး အလေးအနက်ထားစေချင်ပါတယ်။ အဝတ်အစားတွေ ချုပ်လုပ်တဲ့ အခြေခံနည်းလမ်းတွေအတွက် မသိမဖြစ် မတတ်မဖြစ် တတ်ကျွမ်းနားလည်မှုတွေကို ပြောပြသွားမယ်။ ဖက်ရှင်လုပ်ငန်းနယ်ပယ်ထဲမှာ သုံးစွဲတဲ့ နည်းလမ်းတွေကို ပြောပြသွားမယ်။ သာမန် အဝတ်အစား ချုပ်လုပ်တဲ့သူအဖြစ်မှ ဖက်ရှင်ဒီဇိုင်နာအဆင့်သို့ တက်လှမ်းဖို့ လှေကားထစ်တွေကို ခင်းပေးသွားမယ်။

အခြေခံနည်းလမ်းတွေကို ကျွမ်းကျင်ပိုင်နိုင်မှ လေးစားထိုက်တဲ့ ဖက်ရှင်ဒီဇိုင်နာတစ်ဦး ဖြစ်နေမယ်။ အချုပ်မပိုင်တဲ့ ဖက်ရှင်ဒီဇိုင်နာလို့ အထင်သေးခံရခြင်းမှ လွတ်ကင်းမယ်။ အခြေခံကို တတ်ထားပြီးရင် အဆင့်မြှင့်တင်ပြီး လုပ်ကိုင်ဖို့ မခဲယဉ်းတော့ဘူး။ ကိုယ်ပိုင် ဒီဇိုင်းစိတ်ကူးတွေ ကွန့်မြူးပြီး လုပ်ကိုင်အောင်မြင်ဖို့ပဲ ရှိလိမ့်မယ်။

 

သွန်သင်ညွှန်ပြတာတွေ များနေတာ တွေ့မယ်။ တတ်နိုင်သရွေ့ လိုက်နာပါ။ အကုန်လုံး လိုက်နာဆောင်ရွက်နိုင်ရင်တော့ အကောင်းဆုံးပေါ့နော်။ ဖက်ရှင်ဒီဇိုင်နာတွေသာမက ဖက်ရှင်ဒီဇိုင်နာ ဖြစ်ဖို့ လျှောက်လှမ်း နေတဲ့သူတွေအပြင် ဖက်ရှင်ကို စိတ်ဝင်စားတဲ့သူတွေအတွက်ပါ ဗဟုသုတတွေ ထည့်ပေးထားတယ်။ ပုံတွေကိုလည်း လိုအပ်သလို သုံးပေးထားတယ်။ 

အဝတ်အထည် တည်ဆောက်တဲ့ နည်းလမ်းတွေကို အခြေခံကျကျ အသိပေးထားပါတယ်။ 

 

ကျယ်ပြန့်များပြားတဲ့ ပညာနယ်ပယ်ဖြစ်တာမို့ post တစ်ခုနဲ့တင် အပြီးသတ် အစအဆုံး ပြောပြပေးလို့ရမှာ မဟုတ်ဘူး။ Myanmar Textile and Garment Guide မှာ အခါအားလျော်စွာ post တွေ တစ်ခုပြီးတစ်ခု တင်ပေးသွားဖို့ စီစဉ်ထားပါတယ်။

 

လေကြောတွေ ရှည်နေလို့ စိတ်မရှည် ဖြစ်နေပီလား။ 

ကဲ . . . စလိုက်ကြရအောင်။

Getting Started!!!

 

စတူဒီယို Studio

*****************

 

ဖက်ရှင်ထည် ဒီဇိုင်းထုတ် ချုပ်လုပ်မယ့် နေရာဟာ ကိုယ့်ရဲ့ စတူဒီယိုပဲ။ အခန်းကျဉ်းကျဉ်း ဖြစ်ချင်ဖြစ်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် စတူဒီယိုလို့ စိတ်ထဲ မှတ်ယူထားရမယ်။ တခမ်းတနားကြီး လုပ်ထားမှာ စတူဒီယို မဟုတ်ပါဘူး။ အခုပြောပြမယ့်အချက်တွေနဲ့ အညီ ဖြစ်နေအောင် လုပ်ထားရင် စတူဒီယိုပဲ။ လုပ်မထားရင်တော့ တခမ်းတနားကြီး ဖြစ်နေလည်း စတူဒီယို မမည်ပါဘူး။ အနောက်တိုင်း ဖက်ရှင်လောကမှာတော့ atelier အလုပ်ခန်းလို့ ခေါ်ကြတာမို့ စတူဒီယိုဟာ အလုပ်လုပ်ဖို့အတွက် အကောင်းဆုံးအခြေအနေတွေကို ဖန်တီးပေးထားရမယ်။ 

ဖက်ရှင်ထည်တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေမှာတော့ ဒီအခန်းကို ဖက်ရှင်ဒီဇိုင်နာ တစ်ယောက်တည်းအတွက် မဟုတ်ဘူး။ pattern cutter ပက်တန်ပုံဖြတ်တောက်သူ၊ ချုပ်ထည်အတွက် နမူနာ ယူတဲ့သူ၊ စီမံခန့်ခွဲတဲ့ မန်နေဂျာတို့လည်း အတူတကွ လုပ်ကိုင်ကြတယ်။ 

စတူဒီယိုမှာ ဖက်ရှင်စိတ်ကူး ပုံဖော်ပေးထားတဲ့ ပုံကြမ်းတွေကို ပက်တန်တွေ ထုတ်တယ်။ ပြီးရင် အဲဒီပတ်တန်တွေနဲ့ အဝတ်အစားကို နမူနာ ချုပ်လုပ်ကြည့်တယ်။ အဲဒီ အလုပ်တွေ လုပ်ကိုင်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ကိရိယာတွေ ပရိဘောဂတွေ၊ စက်တွေ အကုန်လုံး စတူဒီယိုထဲမှာ ဖြည့်တင်းပေးထားတယ်။

 

ဒီတော့ ဖက်ရှင်စတူဒီယို တစ်ခုမှာ အဝတ်စကို တင်ပြီး တိုင်းတာ အမှတ်အသား အရာပေး၊ ဖြတ်တောက် စတာတွေလုပ်ဖို့ ဖြန့်ခင်းနိုင်အောင် စားပွဲကြီးကြီး တစ်လုံးကို ထားရှိကြတယ်။ ပြီးရင် လုပ်ငန်းသုံး အပ်ချုပ်စက်တွေ ရှိမယ်။ ဓားစက်လိုက်ဖို့ စက်လည်း ရှိမယ်။ မီးပူတိုက်ဖို့ စားပွဲရှိမယ်။ ရေနွေးငွေ့ ထုတ်ပေးတဲ့ မီးပူလည်း ရှိမယ်။ နမူနာ အထည်သား အစတွေလည်း စုဆောင်းထားရှိကြတယ်။ နမူနာအဝတ်အစား ချုပ်လုပ်တဲ့အခါ သုံးဖို့ ကြယ်သီး၊ ဇစ်၊ ကပ်ခွာ စတာတွေလည်း ရှိတယ်။ အပ်တွေနဲ့ အပ်ချည်လုံးတွေလည်း ရှိမယ်။ တိပ်တွေလည်း ရှိမယ်။

 

အခုပြောပြတာနဲ့တင် အတော်များနေပြီ။ အခန်းထဲ ရှုပ်ပွနေတော့မှာပဲလို့ ထင်စရာ ရှိတယ်။ သက်မွေးပညာအဖြစ် စီးပွားဖြစ် လုပ်ကိုင်တာပဲဖြစ်ဖြစ်၊ အိမ်မှာ ဝါသနာအရ ချုပ်လုပ်တာပဲဖြစ်ဖြစ် ကောင်းတာကတော့ နေရာကို စနစ်တကျ စီစဉ်ထားရှိတာ ဖြစ်ပါတယ်။ 

အပ်ချုပ်စက်နဲ့ မီးပူတိုက်တဲ့စားပွဲတို့ဟာ ဘေးချင်းကပ် ထားသင့်တယ်။ 

ပိတ်စကို ဖြတ်တောက်ဖို့ ဖြန့်ချတဲ့အခါ လုံလောက်အောင် ကျယ်တဲ့ စားပွဲတစ်လုံး ရှိရမယ်။ ဖြတ်မယ့်သူက လွတ်လွတ်လပ်လပ် သွားသာလာသာ ရှိအောင် အဲဒီစားပွဲကို ထားရမယ်။ ကြမ်းပြင်မှာ ချပြီး ညှပ်လို့ ဖြတ်လို့ ရတာမှန်ပေမဲ့ ကောင်းမွန်တဲ့ ရလဒ်တွေကို ပေးနိုင်မှာ မဟုတ်ဘူး။ 

နောက်တစ်ချက် အရေးကြီးတာက အလင်းရောင် လုံလုံလောက်လောက် ရှိနေဖို့ လိုတယ်။  LED မီးလုံး ဝပ် ၃၀ မျိုးကို ထွန်းသင့်တယ်။ 

 

စတူဒီယိုရဲ့ အနေအထားကို ပြောပြပြီးတဲ့အခါ သုံးစွဲတဲ့ ပစ္စည်းကိရိယာ တန်ဆာပလာတွေအကြောင်းကို ပြောပြပါမယ်။ အဝတ်အထည်တွေ တည်ဆောက်တာမှာ တိုလီမုတ်စလေးတွေလည်း လိုတယ်။ သူ့ကိစ္စနဲ့သူ သုံးစွဲသင့်တယ်။ တိုင်းတာဖို့ ကိရိယာ၊ ချုပ်လုပ်ဖို့  အပ်ချုပ်စက်၊ ဓားစက်၊ မီးပူစတာတွေလို ဒြပ်အကောင်အထည် ကြီးတဲ့ ကရိယာတွေလည်း သူ့ကိစ္စနဲ့သူ သုံးစွဲတတ်ဖို့ လိုတယ်။ ကြီးကြီးမားမားတွေအကြောင်း မပြောသေးဘဲ သေးသေးမွှားမွှားကနေ စပြောပြမှာ ဖြစ်ပါတယ်။

ဘာတွေ ပြောပြမလဲ။ Steel Pin T-Head Pin  Brass Lace Pin Safety Pin စတဲ့ ပင်အပ်တွေ အကြောင်း ပြောပြမယ်။ 

ချက္ကဝါ

 zawgyi

(uni+zawgyiအခုေျပာျပသြားမွာေတြက ေခတ္ေပၚဖက္ရွင္အတြက္ ခ်ဳပ္လုပ္ပုံေတြသာမက

ယခုေခတ္မွာ အေျမာက္အျမား ခ်ဳပ္လုပ္ၿပီး ဖက္ရွင္ထည္ေတြကို ထုတ္လုပ္ေနတဲ့ အထည္ခ်ဳပ္က႑ရဲ႕ ေနာက္ဆုံးေပၚ နည္းလမ္းေတြအတြက္ပါ ျဖစ္ပါတယ္။

စာရႈသူအေနျဖင့္ တန္ဖိုးထားၿပီး အေလးအနက္ထားေစခ်င္ပါတယ္။ အဝတ္အစားေတြ ခ်ဳပ္လုပ္တဲ့ အေျခခံနည္းလမ္းေတြအတြက္ မသိမျဖစ္ မတတ္မျဖစ္ တတ္ကြၽမ္းနားလည္မႈေတြကို ေျပာျပသြားမယ္။ ဖက္ရွင္လုပ္ငန္းနယ္ပယ္ထဲမွာ သုံးစြဲတဲ့ နည္းလမ္းေတြကို ေျပာျပသြားမယ္။ သာမန္ အဝတ္အစား ခ်ဳပ္လုပ္တဲ့သူအျဖစ္မွ ဖက္ရွင္ဒီဇိုင္နာအဆင့္သို႔ တက္လွမ္းဖို႔ ေလွကားထစ္ေတြကို ခင္းေပးသြားမယ္။

အေျခခံနည္းလမ္းေတြကို ကြၽမ္းက်င္ပိုင္ႏိုင္မွ ေလးစားထိုက္တဲ့ ဖက္ရွင္ဒီဇိုင္နာတစ္ဦး ျဖစ္ေနမယ္။ အခ်ဳပ္မပိုင္တဲ့ ဖက္ရွင္ဒီဇိုင္နာလို႔ အထင္ေသးခံရျခင္းမွ လြတ္ကင္းမယ္။ အေျခခံကို တတ္ထားၿပီးရင္ အဆင့္ျမႇင့္တင္ၿပီး လုပ္ကိုင္ဖို႔ မခဲယဥ္းေတာ့ဘူး။ ကိုယ္ပိုင္ ဒီဇိုင္းစိတ္ကူးေတြ ကြန႔္ျမဴးၿပီး လုပ္ကိုင္ေအာင္ျမင္ဖို႔ပဲ ရွိလိမ့္မယ္။

သြန္သင္ၫႊန္ျပတာေတြ မ်ားေနတာ ေတြ႕မယ္။ တတ္ႏိုင္သေ႐ြ႕ လိုက္နာပါ။ အကုန္လုံး လိုက္နာေဆာင္႐ြက္ႏိုင္ရင္ေတာ့ အေကာင္းဆုံးေပါ့ေနာ္။ ဖက္ရွင္ဒီဇိုင္နာေတြသာမက ဖက္ရွင္ဒီဇိုင္နာ ျဖစ္ဖို႔ ေလွ်ာက္လွမ္း ေနတဲ့သူေတြအျပင္ ဖက္ရွင္ကို စိတ္ဝင္စားတဲ့သူေတြအတြက္ပါ ဗဟုသုတေတြ ထည့္ေပးထားတယ္။ ပုံေတြကိုလည္း လိုအပ္သလို သုံးေပးထားတယ္။

အဝတ္အထည္ တည္ေဆာက္တဲ့ နည္းလမ္းေတြကို အေျခခံက်က် အသိေပးထားပါတယ္။

က်ယ္ျပန႔္မ်ားျပားတဲ့ ပညာနယ္ပယ္ျဖစ္တာမို႔ post တစ္ခုနဲ႔တင္ အၿပီးသတ္ အစအဆုံး ေျပာျပေပးလို႔ရမွာ မဟုတ္ဘူး။ Myanmar Textile and Garment Guide မွာ အခါအားေလ်ာ္စြာ post ေတြ တစ္ခုၿပီးတစ္ခု တင္ေပးသြားဖို႔ စီစဥ္ထားပါတယ္။

ေလေၾကာေတြ ရွည္ေနလို႔ စိတ္မရွည္ ျဖစ္ေနပီလား။

ကဲ . . . စလိုက္ၾကရေအာင္။

Getting Started!!!

စတူဒီယို Studio

*****************

ဖက္ရွင္ထည္ ဒီဇိုင္းထုတ္ ခ်ဳပ္လုပ္မယ့္ ေနရာဟာ ကိုယ့္ရဲ႕ စတူဒီယိုပဲ။ အခန္းက်ဥ္းက်ဥ္း ျဖစ္ခ်င္ျဖစ္မယ္။ ဘယ္လိုပဲျဖစ္ျဖစ္ စတူဒီယိုလို႔ စိတ္ထဲ မွတ္ယူထားရမယ္။ တခမ္းတနားႀကီး လုပ္ထားမွာ စတူဒီယို မဟုတ္ပါဘူး။ အခုေျပာျပမယ့္အခ်က္ေတြနဲ႔ အညီ ျဖစ္ေနေအာင္ လုပ္ထားရင္ စတူဒီယိုပဲ။ လုပ္မထားရင္ေတာ့ တခမ္းတနားႀကီး ျဖစ္ေနလည္း စတူဒီယို မမည္ပါဘူး။ အေနာက္တိုင္း ဖက္ရွင္ေလာကမွာေတာ့ atelier အလုပ္ခန္းလို႔ ေခၚၾကတာမို႔ စတူဒီယိုဟာ အလုပ္လုပ္ဖို႔အတြက္ အေကာင္းဆုံးအေျခအေနေတြကို ဖန္တီးေပးထားရမယ္။

ဖက္ရွင္ထည္ေတြ ထုတ္လုပ္တဲ့ ကုမၸဏီေတြမွာေတာ့ ဒီအခန္းကို ဖက္ရွင္ဒီဇိုင္နာ တစ္ေယာက္တည္းအတြက္ မဟုတ္ဘူး။ pattern cutter ပက္တန္ပုံျဖတ္ေတာက္သူ၊ ခ်ဳပ္ထည္အတြက္ နမူနာ ယူတဲ့သူ၊ စီမံခန႔္ခြဲတဲ့ မန္ေနဂ်ာတို႔လည္း အတူတကြ လုပ္ကိုင္ၾကတယ္။

စတူဒီယိုမွာ ဖက္ရွင္စိတ္ကူး ပုံေဖာ္ေပးထားတဲ့ ပုံၾကမ္းေတြကို ပက္တန္ေတြ ထုတ္တယ္။ ၿပီးရင္ အဲဒီပတ္တန္ေတြနဲ႔ အဝတ္အစားကို နမူနာ ခ်ဳပ္လုပ္ၾကည့္တယ္။ အဲဒီ အလုပ္ေတြ လုပ္ကိုင္ဖို႔အတြက္ လိုအပ္တဲ့ ပစၥည္းေတြ ကိရိယာေတြ ပရိေဘာဂေတြ၊ စက္ေတြ အကုန္လုံး စတူဒီယိုထဲမွာ ျဖည့္တင္းေပးထားတယ္။

ဒီေတာ့ ဖက္ရွင္စတူဒီယို တစ္ခုမွာ အဝတ္စကို တင္ၿပီး တိုင္းတာ အမွတ္အသား အရာေပး၊ ျဖတ္ေတာက္ စတာေတြလုပ္ဖို႔ ျဖန႔္ခင္းႏိုင္ေအာင္ စားပြဲႀကီးႀကီး တစ္လုံးကို ထားရွိၾကတယ္။ ၿပီးရင္ လုပ္ငန္းသုံး အပ္ခ်ဳပ္စက္ေတြ ရွိမယ္။ ဓားစက္လိုက္ဖို႔ စက္လည္း ရွိမယ္။ မီးပူတိုက္ဖို႔ စားပြဲရွိမယ္။ ေရေႏြးေငြ႕ ထုတ္ေပးတဲ့ မီးပူလည္း ရွိမယ္။ နမူနာ အထည္သား အစေတြလည္း စုေဆာင္းထားရွိၾကတယ္။ နမူနာအဝတ္အစား ခ်ဳပ္လုပ္တဲ့အခါ သုံးဖို႔ ၾကယ္သီး၊ ဇစ္၊ ကပ္ခြာ စတာေတြလည္း ရွိတယ္။ အပ္ေတြနဲ႔ အပ္ခ်ည္လုံးေတြလည္း ရွိမယ္။ တိပ္ေတြလည္း ရွိမယ္။

အခုေျပာျပတာနဲ႔တင္ အေတာ္မ်ားေနၿပီ။ အခန္းထဲ ရႈပ္ပြေနေတာ့မွာပဲလို႔ ထင္စရာ ရွိတယ္။ သက္ေမြးပညာအျဖစ္ စီးပြားျဖစ္ လုပ္ကိုင္တာပဲျဖစ္ျဖစ္၊ အိမ္မွာ ဝါသနာအရ ခ်ဳပ္လုပ္တာပဲျဖစ္ျဖစ္ ေကာင္းတာကေတာ့ ေနရာကို စနစ္တက် စီစဥ္ထားရွိတာ ျဖစ္ပါတယ္။

အပ္ခ်ဳပ္စက္နဲ႔ မီးပူတိုက္တဲ့စားပြဲတို႔ဟာ ေဘးခ်င္းကပ္ ထားသင့္တယ္။

ပိတ္စကို ျဖတ္ေတာက္ဖို႔ ျဖန႔္ခ်တဲ့အခါ လုံေလာက္ေအာင္ က်ယ္တဲ့ စားပြဲတစ္လုံး ရွိရမယ္။ ျဖတ္မယ့္သူက လြတ္လြတ္လပ္လပ္ သြားသာလာသာ ရွိေအာင္ အဲဒီစားပြဲကို ထားရမယ္။ ၾကမ္းျပင္မွာ ခ်ၿပီး ညႇပ္လို႔ ျဖတ္လို႔ ရတာမွန္ေပမဲ့ ေကာင္းမြန္တဲ့ ရလဒ္ေတြကို ေပးႏိုင္မွာ မဟုတ္ဘူး။

ေနာက္တစ္ခ်က္ အေရးႀကီးတာက အလင္းေရာင္ လုံလုံေလာက္ေလာက္ ရွိေနဖို႔ လိုတယ္။ LED မီးလုံး ဝပ္ ၃၀ မ်ိဳးကို ထြန္းသင့္တယ္။

စတူဒီယိုရဲ႕ အေနအထားကို ေျပာျပၿပီးတဲ့အခါ သုံးစြဲတဲ့ ပစၥည္းကိရိယာ တန္ဆာပလာေတြအေၾကာင္းကို ေျပာျပပါမယ္။ အဝတ္အထည္ေတြ တည္ေဆာက္တာမွာ တိုလီမုတ္စေလးေတြလည္း လိုတယ္။ သူ႔ကိစၥနဲ႔သူ သုံးစြဲသင့္တယ္။ တိုင္းတာဖို႔ ကိရိယာ၊ ခ်ဳပ္လုပ္ဖို႔ အပ္ခ်ဳပ္စက္၊ ဓားစက္၊ မီးပူစတာေတြလို ျဒပ္အေကာင္အထည္ ႀကီးတဲ့ ကရိယာေတြလည္း သူ႔ကိစၥနဲ႔သူ သုံးစြဲတတ္ဖို႔ လိုတယ္။ ႀကီးႀကီးမားမားေတြအေၾကာင္း မေျပာေသးဘဲ ေသးေသးမႊားမႊားကေန စေျပာျပမွာ ျဖစ္ပါတယ္။

ဘာေတြ ေျပာျပမလဲ။ Steel Pin T-Head Pin Brass Lace Pin Safety Pin စတဲ့ ပင္အပ္ေတြ အေၾကာင္း ေျပာျပမယ္။

ခ်ကၠဝါ

 

 

 

Read 1612 times
Rate this item
(0 votes)