What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကျောက်ကြီးမြို့နယ်၌ စက်ချုပ်သင်တန်း သင်ကြားပို့ချလျှက်ရှိ

ကျောက်ကြီးမြို့နယ်၌ စက်ချုပ်သင်တန်း သင်ကြားပို့ချလျှက်ရှိ Google

          ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် မုန်းဒေသ ပြည်သူ့ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း (၃/၂၀၁၉) ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။

         အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးတို့က အမှာစကားပြောကြားပြီး တောင်ငူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် ရေပေးရေးလုပ်ငန်း၊ မီးလင်းရေးလုပ်ငန်း၊ လူထုဗဟိုပြုစီမံကိန်း၊ မြစိမ်းရောင်စီမံကိန်းနှင့် အခြားအသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ လူထုဗဟိုပြုစီမံကိန်းဆိုလျှင် အခြေခံအဆောက်အဦးများနှင့် လမ်းတံတားများဆောက်လုပ်ပေးလျက်ရှိကြောင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအနေဖြင့် ဒေသနှင့်ကိုက်ညီမည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို ရရှိသည့်ရန်ပုံငွေပေါ်မူတည်၍ လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ ယခုဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုအခြေခံစက်ချုပ်သင်တန်းကို သင်တန်းသား ၂၅ ဦး နှင့် ဇန်နဝါရီ ၇ ရက်မှ ဖေဖော်ဝါရီ ၉ ရက်အထိ တစ်လကြာ အခမဲ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ပြောကြားသည်ဟု သိရှိရသည်။

Source: Myawady News

Read 1681 times
Rate this item
(0 votes)
Tagged under