What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုယ်တိုင်းနည်း

ကိုယ်တိုင်းနည်း google

စက်ချုပ်ခါစ စက်ချုပ်မမတွေအတွက် ကိုယ်တိုင်းတဲ့နေရာမှာ ဘယ်လိုသေချာတိုင်းရမယ်ဆိုတာ textile ကနေ ပြောပြပေးချင်ပါတယ်နော်

 

ရှေ့လည်ပင်း လူဧ။်အရိုးနှစ်ခုလာဆုံနေတာရှိပါသည်။ ထိုအရိုးနှစ်ခု အလယ်ကို အမြှီပုပြီး ခါးသို့တိုင်းပါ

1

 


နောက်လည်ပင်းမှာ လည်ပင်းရဲ့အဆုံး အရိုးဖုရှိပါသည်။ထိုအရိုးဖုကို အမြှီပုပြီး ခါးသို့တိုင်းပါ။

2

 

ရှေ့ရင်အုပ်သည် လက်ဧ။်အဆုံးနေရာကို ပုံအတိုင်းအမြှီပုပြီးတိုင်းပါ။

3

 


နောက်ခြမ်းလဲထပ်တူ လက်ဧ။်အဆုံးကို အမြှီပုပြီးတိုင်းပါ

4

 

 

ရင်သားနဲ့လည်ပင်းအရှည်သည် မိမိဧ။်ရင်သား အထိပ်လေးကို အမြှီပုပြီး အပေါ်မှ ရှေ့လည်ပင်းဧ။် အရိုးနှစ်ခုဆုံသောနေရာသို့တိုင်းပါ

5

 


ရင်အုံအကျယ်သည် မိမိဧ။်ရင်သားနှစ်ခုရဲ့ ထိပ်လေးကိုအမြှီပု ညီအောင်တိုင်းပါ

6

 


လည်ပင်းအကျယ်ကို တိုင်းယူသောအခါ နောက်လည်ပင်းဧ။်အဆုံး ရှေ့လည်ပင်းဧ။်အဆုံးမှာ ရှိတဲ့ အရိုးအဖုတွေကို အမြှီပုပြီး မိမိဧ။်လည်ပင်းအကျယ်တိုင်းပါ၊ ပတ်ပတ်လည်ပေါ့

7

 


ဤနေရာကိုတိုင်းယူသောအခါ ရှေ့ခြမ်းမှ ရင်သားဧ။်ထိပ်လေးကို အမြှီပုပြီး နောက်ခြမ်းသို့ ပတ်ပတ်လည်တိုင်းပါ

8

 

Related Item >>> ချစ်စရာ ကောင်းသော ဂါဝန်ပုံစံများ

 


အနီရောင်နေရာကို တိုင်းယူသောအခါ မိမိဧ။်ရင်သားအဆုံးနေရာကို အမြှီပုပြီး နောက်ခြမ်းနဲ့တကွ ပတ်ပတ်လည်တိုင်းပါ

9


ခါးကိုတိုင်းယူသောအခါ မိမိဧ။်ဗိုက်အဆုံးနဲ့ တင်အစနေရာကိုတိုင်းပါ

10

 


ခါးမှအောက်သို့ 10cmကွာထားပြီး ထိုနေရာကိုအမြှီပုပြီး ပတ်ပတ်လည်တိုင်းပါ

11

 


ခါးမှတင်သို့20cmကွာထားပြီး တင်ကို ပတ်ပတ်လည်တိုင်းပါ

12


ပခုံးကိုတိုင်းယူသောအခါ လက်နဲ့ပခုံးအဆုံးမှာ အရိုးဖုရှိပါသည်၊ထိုအရိုးဖုကို အမြှီပုပြီး ပခုံးတိုင်းပါ

13

 

Source: မြတ်မင်းခန့်

Myanmar Textile and Garment Directory

Read 12380 times
Rate this item
(2 votes)
Tagged under