What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခန္ဓာကိုယ်နဲ့ လိုက်ဖက်တဲ့ ဂျင်းဘောင်းဘီ ရွေးချယ်နည်း

မိန်းကလေးတိုင်းရဲ့ အ၀တ်ဗီရိုထဲမှာ ဂျင်းဘောင်းဘီအနည်းဆုံး တစ်ထည်တော့ ရှိကြမှာပါ။

ဂျင်းဘောင်းဘီဝယ်တဲ့ အခါမှာ ဘယ်လိုမျိုးရွေးချယ် ၀တ်ယူလေ့ရှိ လဲ လို့ မေးရင် တော်တော်များများမှာ အဖြေမရှိပါဘူး။ကိုယ်နဲ့ လိုက်တဲ့ ဂျင်းဘောင်းဘီပုံစံဆိုတာ မိမိရဲ့ body shape အပေါ်မှာ မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ဒါကြောင့် လိုက်ဖက်တဲ့ ဂျင်းဘောင်းဘီကို ဘယ်လို ရွေး ချယ်ဝယ်ယူရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ပုံမှန်အားဖြင့်တော့ body ပုံစံ(၅)မျိုးရှိပါတယ်။ဝိုင်း၊ထောင့်မှန်စတုဂံ၊သဲနာရီ၊တြိဂံကို ပြောင်းပြန်ထားတဲ့ ပုံ၊တြိဂံပုံပါ။

13631260 18152205 1 1472539307 650 16 1488295420 650 3449ce67e5 1492240806

(၁)ဂျင်းအကျပ်

sss 1

ဒီလိုဂျင်းဘောင်းဘီမျိုးကတော့ တြိဂံကိုပြောင်းပြန်လှန်ထားတဲ့ body နဲ့ လုံး ၀ိုင်းတဲ့ body ပိုင်ရှင်တွေ ရှောင်ရမယ့် ဘောင်းဘီပုံစံပါ။ဒီလို ဘောင်းဘီမျိုးကို ၀တ်မယ်ဆိုရင် အားသာချက်က တင်ပါးနဲ့ခြေထောက်ရဲ့ Shape ကိုလုံး ၀အထင်းသားပေါ်တာကြောင့် ခြေထောက်လှတဲ့သူတွေနဲ့တင်ပါးကြည့်ကောင်း တဲ့ သူတွေနဲ့အရမ်းလိုက်ပါ။အားနည်းချက်ကတော့ ဂျင်းအကျပ်ဖြစ်တာကြောင့် Shape မလှတဲ့ နေရာရှိရင်လည်း အထင်းသားပေါ်နေတတ်ပါတယ်။

(၂)Classic ဂျင်းစတိုင်

Untitled 1 95

ထောင့်မှန်စတုဂံလို body shape ပိုင်ရှင်တွေကလွဲရင် အားလုံးနဲ့ လိုက် ပါ တယ်။ဝတာကိုလည်း သိပ်မသိသာစေသလို၊ဗိုက်ခေါက်၊တင်ပါး၊ခါးတို့ကို သေ ချာ ဖုံးကာပေးထားတဲ့ အတွက် လုံလုံခြုံခြုံနဲ့ Classic ဖြစ်တဲ့ စတိုင်မျိုးပါ။အရမ်း ပိန်တဲ့body မျိုးနဲ့တော့ လုံးဝမလိုက်ပါဘူး။

(၃)ခပ်ပွပွ ဂျင်းအပြဲစတိုင်

13631110 18152505 4 1472539366 650 15 1488295420 650 3449ce67e5 1492240806

ခေတ်ဆန်ဆန်ဝတ်စားနေထိုင်တတ်တဲ့ ကောင်မလေးတွေနဲ့ အရမ်းလိုက် ဖက်ပြီး လုံးဝလူငယ်ဆန်စေတဲ့ စတိုင်မျိုးပါ။ဝိုင်းတဲ့ bodyနဲ့တြိဂံ ပုံစံ body မျိုးကတော့ ဒီလိုစတိုင်ကိုရှောင်ပါ။တင်မရှိတာကို ဖုံးပေးပြီး ခါး Shape ကို ပိုပုံပေါ်စေပါတယ်။အားနည်းချက်ကတော့ ၀တ်တဲ့သူကို နည်းနည်း ၀သွားေ စ၊အရပ်ပုသွားတယ်လို့ ထင်ရစေပါတယ်။

(၄)ခါးအမြင့်စတိုင်ဂျင်း

aaaaaaaaaaaaaa

တြိဂံစောက်ထိုးနဲ့အတည့် body ပိုင်ရှင်တွေ ရှောင်ရမယ့် ပုံစံပါ။ခြေထော က်၊ခါးအလှကို ပေါ်စေပြီး ဗိုက်ခေါက်ကိုဖုံးကွယ်ပေးနိုင်ပါတယ်။ဝတဲ့ body ပိုင်ရှင်တွေနဲ့လိုက်ပါတယ်။

(၅)Medium- Rise ဂျင်း

dddddddddddddddddddd

တြိဂံစောက်ထိုးနဲ့ထောင့်မှန်စတုဂံ body ပုံစံမျိုးကလွဲရင် ကျန်တဲ့ body အားလုံးနဲ့လိုက်ပါတယ်။ဗိုက်ခေါက်ကို ဖုံးထားပေးနိုင်တယ်၊ဒါပေမယ့်ခါးကို တစ်ဖြောင့်တည်း ပုံမျိုး ပေါက်သွားစေပါတယ်။

(၆)ချက်ပြုတ်ဂျင်းစတိုင်

13630910 18153005 9 1472539471 650 14 1488295420 650 3449ce67e5 1492240806

ဝိုင်း၊တြိဂံ ပုံစံတွေ ရှောင်ရမယ့် ဂျင်းဘောင်းဘီစတိုင်ပါ။ဗိုက်ကြွက်သား လှလှ ပိုင်ဆိုင်ထားသူတွေ ၀တ်သင့်ပြီး ကျစ်လစ်တဲ့ body ပိုင်ရှင်မျိုးနဲ့ အရမ်း လိုက်ပါတယ်။ခြေထောက်ကို ပိုတိုသွားသယောင်ထင်ရစေပါတယ်။ခါး လိုင်း ချို့ယွင်းချက်ရှိရင်တော့ ပိုသိသာစေပါတယ်။

(၇)ဂျင်းအပွ(ခေါင်းလောင်းဘောင်းဘီစတိုင်)

13630710 18153405 13 1472539534 650 14 1488295420 650 3449ce67e5 1492240806

ရင်၊ပခုံးနဲ့body အစိတ်အပိုင်းတွေကို ပိုသေးသွားသလို ထင်ရစေပါတယ်။ အရပ်ပုတဲ့ ကောင်မလေးတွေနဲ့တော့မလိုက်ပါဘူး။တြိဂံနဲ့ ထောင့်မှန်စတိုဂံ ပုံစံ body ပိုင်ရှင်တွေလည်း ရှောင်သင့်ပါတယ်။

(၈)ခြေထောက်အ၀ိုင်းဂျင်း

ddddddddddddddd

ဒီလိုဂျင်းကတော့ လေးထောင့်နဲ့တြိဂံ body ပုံစံ တွေ ရှောင်သင့် ပါတယ်။ေ ကာက်ကြာင်းတွေရှိတဲ့ မိန်းကလေးတွေ ရွေးချယ်သင့်ပါတယ်။ပိန်သွားတယ်လို့ ထင်ရစေပါတယ်။ခြေထောက်နဲ့ပေါင်က ချို့ယွင်းချက်တွေကို ဖုံးကွယ်ပေးနိုင်ပါတယ်။

source:anty may 

Read 8281 times
Rate this item
(0 votes)