What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Cropped Flared Jeans တွေကို နည်းလမ်းမှန်ဝတ်ဆင်နည်း ၇ ချက်

ရှေ့နှစ်တွေမှာ Skinny ဂျင်းတွေရဲ့ အုပ်စိုးမှုအချိန်ကာလအပြီးမှာတော့ Flared denim တွေအလှည့်ပြန်ရောက်လာပါပြီ။

ဂျင်းရှုးတွေကို ၀တ်ဆင်ရတာ ရိုးလာတဲ့သူတွေအတွက်ပဲဖြစ်ဖြစ်၊ ကိုယ့်ခြေထောက်ဖွဲ့စည်းမှုနဲ့ ဂျင်းရှုးတွေနဲ့ ၀တ်ဆင်ရတာ အဆင်မပြေမှုကြောင့် ဂျင်းကိုချစ်လျက်နဲ့ လက်မရောက်နိုင်တဲ့ သူတွေအတွက်ပဲဖြစ်ဖြစ် ခုချိန်က ခေါင်းလောာင်းဘောင်းဘီတွေရဲ့ ခေတ်ပြန်ဖြစ်လာပြီလို့ ပျော်ရွှင်တဲ့သတင်းပါပေးပါရစေ။ နောက်ထပ်သတင်းကောင်းက ကျွန်မတို့ဒေသတွင်းက ဖက်ရှင်ဆိုင်တွေမှာလည်း ခုဆောင်းတွင်းအတွက် ခေတ်အစားဆုံးဖြစ်တော့မယ့် ခေါင်းလောင်းဂျင်းဘောင်းဘီတွေကို မကြာခင်တွေ့ရတော့မှာဖြစ်လို့ ဒီရာသီစာကို ဘယ်လိုအကောင်းဆုံးဝတ်မလဲဆိုတဲ့ အချက်ကောင်လေး ၇ ချက်ကို ပြောပြပါ့မယ်။

1. ခြေမျက်စိဝတ်နဲ့ ကွက်တိကတော့ အသင့်တော်ဆုံး အရှည်အလျားဖြစ်ပါတယ်။

2. ဒီလိုဂျင်းမျိုးအတွက် အကောင်းဆုံးဒီဇိုင်းကတော့ အောက်ခြေအနား အနည်းငယ်မွှထွက်နေတာပါ။ ဒါကြောင့် ဒီဇိုင်းအများကြီးထဲကမှ တစ်ခုကောင်းကိုရွေးရတော့မယ်ဆို အောက်အနားမွှထွက်နေတဲ့ ဂျင်းကို ရွေးတာမမှားပါဘူး။

7 rules for wearing cropped flared jeans 1635363 1453848640.640x0c

3. ဘာနဲ့တွဲဝတ်ရမလဲလို့ ဒွိဟဖြစ်နေရင် block-heeled shoes တွေက အသင့်တော်ဆုံး၊ အမှန်ကန်ဆုံးအဖြေဖြစ်ပါတယ်။

4. အင်္ကျီကို ဂျင်းဘောင်းဘီအတွင်းထဲထည့်ဝတ်လိုက်ခြင်းဖြင့် သင့်ခန္ဓာကိုယ်ကောက်ကြောင်းကို ပိုပေါ်လွင်စေမှာဖြစ်ပြီး ဒါဟာ ခေါင်းလောင်းဘောင်းဘီတွေကို စတိုင်လ်အကျဆုံးဖြစ်အောင် ၀တ်ဆင်လိုက်ခြင်းပါပဲ။

7 rules for wearing cropped flared jeans 1635362 1453848640.640x0c

5. တစ်ကယ်လို့ ခြေကျင်းဝတ်တက် ဘွတ်ဖိနပ်တွေနဲ့ တွဲဝတ်မယ်ဆိုရင် ဂျင်းအရှည်သည် ဘွတ်ဖိနပ်ရဲ့အောက် သို့မဟုတ် ဘွတ်ဖိနပ်နဲ့ကွက်တိဖြစ်နေပါစေ။

6. အရောင်မှိန် ရင့်ကျဲကျဲအရောင်တွေကလည်း တစ်ခါတစ်ရံ အားလပ်ရက်တွေအတွက် သိပ်ကို ပြည့်စုံသွားစေပါလိမ့်မယ်။

7 rules for wearing cropped flared jeans 1635365 1453848641.640x0c

7. တစ်ကယ်လို့ ဒီဂျင်းတွေကို ရုံးအတွက်ဝတ်ဆင်တော့မယ်ဆိုရင် ပိုတည်ငြိမ်တဲ့ ကုတ် သို့မဟုတ် အနည်းငယ်ရင့်ကျက်တဲ့ အသွင်ပေါက်နိုင်တဲ့ အပေါ်ပိုင်းအကျီတွေကို ရွေးချယ်သွားပါ။ classic footwear တစ်ရံလောက်တွဲဝတ်သွားသင့်ပါတယ်။

source:moda

Read 1035 times
Rate this item
(0 votes)