What's new

×

Warning

JUser: :_load: Unable to load user with ID: 845


၂၀၂၁ မှာ ခေတ်စားလာမယ့် အရောင်များ

ခုလာမယ့် ၂၀၂၁ မှာ သင့်စတိုင်ကို သင် Update မြင့်ဖို့ စဉ်းစားနေပြီလား ? ဒါဆို ၂၀၂၁ မှာ ရေပန်းစားလာမယ့် အရောင်တွေကိုတော့ သိဖို့လိုပါလိမ့်မယ် ။

ဖက်ရှင်ဆိုတာ ဘယ်တော့မှ ရိုးသွားတယ်ဆိုတာ မရှိပါဘူး။ ဒါပေမဲ့ မရိုးနိုင်တဲ့ ဖက်ရှင်တွေကြားမှာ သင် လမ်းပျောက်နေတာမျိုး မဖြစ်ဖို့ အတွက် လက်ရှိ ရေပန်းစားနေတဲ့ အရာနဲ့ နောက် ရေပန်းစားလာမယ့် အရာကို မြင်တတ်ဖို့တော့ လိုပါတယ် ။

 

စတိုင်ဆိုတာက ပေါ်သမျှ လိုက်ဝတ်နေဖို့လည်း မလိုသလို ခဏခဏ ပြောင်းနေဖို့လည်း မလိုပါဘူး။ ဒါပေမဲ့ သင့်စတိုင်နဲ့ သင် ဖက်ရှင် ကျနေဖို့အတွက် အရောင်တွေကို တွဲဖက်ဝတ်ဆင်တတ်ရပါမယ်။ ခု ၂၀၂၀ မှာ က Aesthetic Theme ကာလာတွေ ဖြစ်တဲ့ အရောင်တောက်တောက် ၊ စိုစိုလေးတွေ ခေတ်စားခဲ့တာ ဖြစ်ပါတယ် ။ နောက်လာမဲ့ ၂၀၂၁ မှာ ရေပန်းစားလာမယ့် အထင်ရှားဆုံးဖြစ်လာမယ့် အရောင် (၁၀)ရောင်ကို NewYork Pantone Colour ကနေ အခုလို ဖော်ပြထားပါတယ် ။

 

( ၁ ) Marigold

Mari_Gold.png


သူက ရွှေရောင်မှိန်မှိန်လေးဖောက်တဲ့ လိမ္မော်ရောင်လေးပါ ။ အဝါဘက် နည်းနည်းကူးချင်ပြီး Warm Tone ကို ဖော်ဆောင်ပါတယ်။

 


( ၂ ) Cerulean

Cerulean.png

 

ဒီအရောင်ကတော့ ကောင်းကင်ပြာဖျော့ဖျော့လေးကိုမှ ခရစ်စတယ် လို လက်လက်လေး‌ ဖောက်တဲ့ အရောင်ဖြစ်ပါတယ် ။ သူကတော့ Cool Tone Color ပေါ့ ။

 


( ၃ ) Rust

Rust.png

 

ဒီအရောင်လေး ကတော့ Rust ဆိုတဲ့အတိုင်း မြေကြီးညိုရောင် လေး ဖြစ်ပါတယ် ။ ဒါပေမဲ့ သူက နွေဉီး ရွက်ဝါ ဘက် အရောင်ဖောက်တာကြောင့် သူ့ကို အခုလာမဲ့ နွေရာသီအရောင် အဖြစ် သတ်မှတ်ထားကြပါတယ် ။

 


( ၄ ) Illuminating

Illuminating.png

သူကတော့ စိတ်ကိုပျော်ရွှင်စေတဲ့ ၊ အဝါရောင်လွင်လွင်လေးပါ။ နေသာတဲ့ နေ့လေးတစ်နေ့ ရဲ့ ကတိစကား ကိုဖော်ညွှန်းတဲ့ အရောင်လို့ ဆိုပါတယ် ။

 

( ၅ ) French Blue

French_Blue.png

 

ဒီအရောင်ကတော့ အပြာအလွင်တောက်ရောင်လေးပါ ။ သူက နွေရာသီ ပဲရစ်မြင်ကွင်းကို ဖော်ကျူးတဲ့ အရောင်လေးပါ ။ အဲ့တာကြောင့် Emily in Paris ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာဆို မင်းသမီးက ဒီအရောင်လေးကို အခြေခံပြီး ဝတ်သွားတာပါ။

 


( ၆ ) Green Ash

Green_Ash.png

သူကတော့ နို့စိမ်းဖျော့တော့တော့အရောင်လေးပါ။ သူ က Cool Tone ဖြစ်တဲ့အပြင် နူးညံ့မှုကိုလည်း ဖော်ဆောင်ပါတယ်။

 


( ၇ ) Mint

Mint.png

ဒီအရောင်လေး ကတော့ Mint ဆိုတဲ့အတိုင်း အစိမ်းရောင် လွင်လွင်လေးပါ။ သူက လန်းဆန်းတဲ့ သစ်ရွက်လေးတွေကို ကိုယ်စားပြုပြီး ဒီနွေ မှာ လူဝတ်များမဲ့ အရောင်တစ်ခုလည်းဖြစ်ပါတယ်တဲ့။

 

( ၈ ) Amethyst Orchid

Amethyist_Orchid.png

 

Orchid ဆိုတော့ အားလုံးသိတဲ့အတိုင်း ခရမ်းရောင်လေးပါ ။ ဒါပေမဲ့ Amethyst Orchid ကတော့ မထိရက်မကိုင်ရက်စရာကောင်းတဲ့ ပန်းလေးတစ်ပွင့် အသွင် ကိုဆောင်စေမဲ့ နုနုကြွကြွ ပန်းခရမ်းရောင်လေး ဖြစ်ပါတယ်။

 

( ၉ ) Burnt Coral

Burnt_Coral.png

Coral က အသားဆောင်တဲ့ ပန်းရောင်လေးပါ။ သူက အသားရောင်ရောတဲ့ပန်းရောင်လေးမို့ ငယ်ရွယ်လန်းဆန်းတဲ့အသွင် ကိုပေးပါတယ်။ ဒါ့အပြင် နောက်ပိုင်းနှုတ်ခမ်းနီအရောင်လေးတွေထဲမှာလည်း Coral color တွေ စိုးမိုးလာတာ သတိထားမိကြလိမ့်မယ် ထင်ပါတယ်။

 

( ၁၀ ) Raspberry Sorbet

Raspberry_Sorbet.png

နှုတ်ခမ်းနီမလေးတွေ နှစ်သက်မဲ့အရောင်လေးပါ။ ပန်းခရမ်းရောင်စိုစိုလေးမို့ ဆယ်ကျော်သက်အရွယ်လေးလို လန်းဆန်းတက်ကြွစေတဲ့ Effect ကို ဆောင်မယ့်အရောင်လေးဖြစ်ပါတယ်။

 

ကဲ ဒါတွေကတော့ ၂၀၂၁ မှာ ခေတ်စားလာမဲ့ အရောင်လေးတွေပဲ ဖြစ်ပါတယ်။ နောက်နှစ်မှာ ကိုယ့်ရဲ့ Style ကို update တင်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့ ဒီ အရောင်လေးတွေကို အခြေခံတဲ့ ဝတ်စုံလေးတွေ ဝယ်စုလိုက်တော့နော် ။

 

Myanmar Textile & Garment Guide

Read 1444 times
Rate this item
(0 votes)