What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အရမ်းကျပ်တဲ့ ဘောင်းဘီတွေ အမြဲဝတ်ဆင်ပါက ကျန်းမာရေးထိခိုက်နိုင်

အမျိုးသမီးတွေရဲ့ ဖက်ရှင်ရွေးချယ်မှု အပိုင်းမှာတော့ ယနေ့ခေတ် ဖက်ရှင် တွေအထိ အမျိုးသမီးတိုင်း ရွေးချယ်နေတဲ့ ဖက်ရှင်ကတော့ အသားကပ် ဂျင်းဘောင်းဘီ (Skinny Jean) တွေပါပဲ။

အနုပညာရှင် အမျိုးသမီးတွေကလည်း အသားကပ်ဂျင်းဘောင်းဘီတွေ ဝတ်ဆင်ရတာ နှစ်သက်ကြတဲ့အတွက် အမျိုးသမီးတွေ အသက်အရွယ် မရွေး အသားကပ်ဂျင်းဘောင်းဘီတွေကို နှစ်သက်ကြပြန်ပါတယ်။

Womens High Rise Skinny Jeans In Dark Indigo $95 | DSTLD

 

ဒါပေမယ့်လည်း အခုတော့ လေ့လာမှုတစ်ခုအရ အရမ်းကျပ်တဲ့ ဘောင်းဘီတွေဟာ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာကို ထုတ်ဖော်ပြောကြားလိုက်ပါပြီ။ အရမ်းကျပ်တဲ့ ဘောင်းဘီတွေ ဝတ်ဆင်ခြင်းဟာ ခြေထောက်မှာ ရှိတဲ့ အာရုံကြောတွေနဲ့ ကြွက်သားတွေကို ထိခိုက်မှု ရှိလာစေပြီး သွေးမလျှောက်တဲ့ ရောဂါ တစ်မျိုးကို ခံစားရစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။ ဗဟိဒ္ဓ ကုထုံးဆရာတစ်ယောက်ဖြစ်တဲ့ Sammy Margo က သတိပေးခဲ့တာကတော့ အသားကပ် ဘောင်းဘီတွေ ဝတ်ဆင်ခြင်းဟာ သင့်ကို ဝလာစေနိုင်ပြီး အဝလွန်ခြင်းကိုလည်း ဖြစ်လာအောင် နှိုးဆွပေးနိုင်သေးတယ်ဆိုတာပါပဲ။

Golatees Grey Denim Skinny Jeans for Women – Ali Garments

 

အသားကပ် ဘောင်းဘီတွေ ဝတ်ဆင်ထားခြင်းဟာ ပေါင်နဲ့ တင်ပါးတို့မှာ ရှိတဲ့ ကြွက်သားတွေကို သေးသွယ် ကျစ်လစ်သွားစေတဲ့အတွက် အသားကပ်ဂျင်းဘောင်းဘီ ဝတ်ဆင်ထားချိန်မှာတော့ သင်ဟာ သင့်ရဲ့ ခန္ဒာကိုယ်အလှကိုတော့ ခံစားနေရမှာပါ။ နောက်ပြီး ပေါင်နဲ့ တင်ပါးတို့မှာ ရှိတဲ့ ကြွက်သားတွေက ကျစ်လစ်သွားအောင် အတင်းအကျပ်စေခိုင်းခြင်းခံထားရတဲ့အတွက် အစာအိမ်ကိုလည်း ကျုံ့ထားရသလို ဖြစ်နေစေပြီး ဗိုက်သားတွေကလည်း လှပနေမှာတော့ အမှန်ပါပဲ။

 

ဒါပေမယ့်နွေရာသီရောက်လာတဲ့အခါမျိုး၊ သင့်အနေနဲ့ အသားကပ်ဂျင်းဘောင်းဘီတွေကို ချွတ်ထားလိုက်တဲ့အခါမျိုးတွေမှာတော့ ပေါင်နဲ့ တင်ပါးမှာ ရှိတဲ့ ကြွက်သားတွေဟာ ဖြေလျော့ သက်သာသွားတဲ့အတွက် သင့်ခန္ဓာကိုယ်ဟာ သင် ထင်ထားသလောက် လှပမှု မရှိတော့တာကို တွေ့ရမှာပါ။

 

ဒါ့အပြင် အချိန်ကြာကြာ အသားကပ်ဂျင်းဘောင်းဘီ ဝတ်ဆင်ထားခဲ့မှု ကြောင့် ခြေထောက်မှာ ရှိတဲ့ သွေးလည်ပတ်မှုတွေဟာ ကြန့်ကြာ နှေးကွေးသွားပြီး မထင်မှတ်ထားတဲ့ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ သွေးခဲသွားတဲ့အတွက် ခြေထောက်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေလည်း အားနည်းလာနိုင်သလို အဝလွန်လာခြင်းကိုလည်း ခံစားရမှာဖြစ်ပြီး အသားကပ်ဂျင်းဘောင်းဘီ ဝတ်ဆင်ပြီး ထိုင်နေတာ များတဲ့အခါမှာ ကယ်လိုရီ ပမာဏ ပိုမိုများပြားလာစေနိုင်တယ်ဆိုတာကို လေ့လာမှုကတဆင့် တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။


Myanmar Textile & Garment Guide

source: thihtoolwin

Read 822 times
Rate this item
(0 votes)