What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဘယ်လိုဒီဇိုင်းမျိုးမဆို ဖက်ရှင်ကျကျလန်းနိုင်ဖို့ မိန်းကလေးတိုင်း ရှိထားသင့်တဲ့ ဖိနပ်များ

ပျိုမေတို့အနေနဲ့ ဖက်ရှင်ကျကျ လန်းနိုင်ဖို့ဆိုတာ ဖိနပ်ကလည်း တကယ့်ကို အရေးပါ အရာရောက်ပါတယ်နော်။ အပေါ်က ဝတ်ထားတဲ့ အဝတ်အစားတွေက လန်ထွက် ပျံတက်နေရင်တောင် ဖိနပ်က ဂွမ်းနေရင်လည်း ဂွမ်းတာပါပဲ ။ ဒီတော့ မိန်းကလေးတွေ အနေနဲ့ ဖက်ရှင်ကျတဲ့သူတစ်ယောက်ဖြစ်စေနိုင်ဖို့ ဒီလို ဖိနပ်လေးတွေ ဝယ်ပြီး စုဆောင်းထားသင့်ပါတယ်နော်။

 

Chunky Sneakers

Wear Sneakers Effortlessly - Chunky Sneaker Outfit Ideas with @finishline |  Sneakers fashion outfits, Sneakers outfit, Winter sneakers outfit

လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးနဲ့ တကယ့်ကို မိုက်တဲ့ chunky sneakers တွေကတော့ ခုတလောမှာ အရမ်းကို hit ထနေတဲ့ ဖက်ရှင်ဖြစ်ပါ တယ်နော်။ အသက်အရွယ် အပိုင်းခြားမရွေး ဝတ်ဆင်လိုက်တာနဲ့ ပေါ့ပေါ့ပါးပါးဖြစ်ပြီး လူငယ်ဆန်သွားစေမှာပါ။ ဘောင်းဘီရှည်လေးနဲ့ပဲ ဝတ်ဝတ်၊ ဘောင်းဘီတိုလေးနဲ့ပဲ ဝတ်ဝတ်၊ ဂါဝန်ရှည်လေးနဲ့ပဲ ဖြစ်ဖြစ် တကယ့်ကို လိုက်ဖက်မှု ရှိစေမှာပါ။ ထသွားထလာ စီးသွားလို့ အဆင်ပြေသလို ခရီးသွားတဲ့အခါမှာလည်း စီးသွားဖို့ အဆင်ပြေလှတဲ့ ဖိနပ်မျိုး ဖြစ်ပါတယ်။

 

Ankle Boots

3 ways to style white ankle boots (Fashion Agony) | Looks coturno, Looks,  Look fashion


Ankle Boots တွေကတော့ မိန်းကလေးတိုင်း သဘောကျ နှစ်သက်ကြတဲ့ ဖိနပ်မျိုးဖြစ်ပြီးတော့ အထာကျကျ ဂေါ်နေစေမယ့် ဖိနပ်ဆိုလည်း မမှားပါဘူး။ စမတ်ကျကျနဲ့ ယုံကြည်မှုရှိတဲ့ သွင်ပြင်ကို ပေါ်လွင်စေပြီး ဖက်ရှင်ကျကျ လန်းနိုင်ဖို့ ankle boots တစ်ရံကလည်း မိန်းကလေးတိုင်းမှာ ရှိထားသင့်တဲ့ ဖက်ရှင်ပါ။ ခုလိုဆောင်းတွင်းမှာ ပိုလိုက်ဖက်ပြီး အေးတဲ့နေရာတွေကို ခရီးသွားတဲ့အခါမှာ ဝတ်ဆင်လို့ လှတဲ့ ဖိနပ်လေးဖြစ်ပါတယ်။ ဒီဖိနပ်မျိုးဟာ ဘယ်လိုဖက်ရှင်မျိုးနဲ့အဆို လိုက်ဖက်တဲ့ ဖက်ရှင်မရွေးတဲ့ ဖိနပ်ဖြစ်ပါတယ်။

 

Mules

gucci princetown loafers women - 53% OFF - newriversidehotel.com


ထသွားထလာ စီးသွားဖို့ အဆင်ပြေပြီး ရုံးသွားတဲ့အခါပဲ ဖြစ်ဖြစ်၊ အပြင်လေးဘာလေးသွားတဲ့အခါမှာပဲ ဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးနဲ့ လှနေဖို့ ပျိုမေတို့ အနေနဲ့ mules ဖိနပ်လေးတစ်ရံလောက်တော့ ရှိထားသင့်ပါတယ်နော်။ ဒီဖိနပ်လေးဟာ တကယ့်ကို ရိုးရိုးလေးနဲ့ လှပပြီးတော့ အလွယ်တကူ စီးလို့အဆင်ပြေပြီး သက်တောင့်သက်သာ ရှိစေတဲ့ ဖိနပ်လေး ဖြစ်ပါတယ်။ ဒါကြောင့် မိန်းကလေးတွေတိုင်းမှာ ရှိကို ရှိထားသင့်တဲ့ ဖိနပ်လေးတစ်ရံဖြစ်ပါတယ်နော်။

 

Flip Flops

Havaianas crystal flip flops, Havaianas <3 Gina Tricot - Gina Tricot


ဒီဖိနပ်လောက် သက်တောင့်သက်သာ ရှိတဲ့ ဖိနပ်ကတော့ ထပ်မရှိလောက်တော့ပါဘူးနော်။ အရမ်းကို ရိုးရှင်းပြီးတော့ တကယ့်ကို ပေါ့ပါးမှုကို ပေးစွမ်းမယ့်ဖိနပ်ပဲ ဖြစ်ပါတယ်။ အမြဲတမ်း ဖိနပ်အမြင့်တွေ စီးနေမိရင်လည်း ခြေထောက်တွေနာပြီး ကျန်းမာရေးနဲ့ မညီညွှတ်နိုင်ပါဘူး။ ဒါကြောင့် ဒီလိုမျိုး ရိုးရိုးရှင်းရှင်း ကြားညှပ်ဖိနပ်လေး တစ်ရံလေး ရှိထားသင့်ပါတယ်။

 

High Heeled Shoes

Épinglé sur Hottest High Heels Pictures on Pinterest

 

မိန်းမဆန်ဆန် ကျက်သရေရှိရှိလှပနေစေဖို့ high- heeled shoes တစ်ရံကလည်း မိန်းကလေးတိုင်းမှာ ရှိကိုရှိထားသင့်ပါတယ်။ ပွဲတွေသွားတဲ့အခါ၊ dinner ပွဲတွေတက်တဲ့အခါ ဂါဝန်ရှည်လေးနဲ့ high- heeled shoes လေးသာ စီးထားမယ်ဆိုရင် လုံးဝ perfect ပါနော်။ ဒါကြောင့် high- heeled shoes တွေဟာ ပွဲတွေသွားတဲ့အခါမှာ စီးဖို့ မိန်းကလေးတိုင်းမှာ ရှိကိုရှိထားသင့်တဲ့ ဖိနပ်လေးတစ်ရံဖြစ်ပါတယ်။

 

#AM

Read 953 times
Rate this item
(0 votes)