What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဝတ်အထည်နှင့် ဖိနပ်များ ဝတ်ဆင်တဲ့အခါ ဖြစ်လေ့ရှိတဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်မယ့် နည်းလမ်းကောင်းတွေ

အဝတ်အစား (သို့) ဖိနပ်တွေကို ဝတ်ဆင်တဲ့ အခါ တခါတလေ အခက်အခဲ ပြဿနာတွေနဲ့ ကြုံတတ်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့၊ ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းကောင်းတွေရှိပါတယ်။ ဘယ်လို အရာတွေက သင့်ရဲ့ အဝတ်အထည်နဲ့ ဖိနပ်တွေကို ကူညီဖြေရှင်းပေးနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်။။။

1. ဇစ်ညပ်တဲ့ ပြဿနာများ

Zipper problems min

သင့်ရဲ့အဝတ်အစားပေါ်မှာ မမျှော်လင့်ဘဲ ဇစ်ဆွဲလို့မရတဲ့ ပြဿနာတွေဖြစ်ခဲ့မယ်ဆိုရင် ရိုးရိုးခဲတံကို အသုံးပြုပေးနိုင်ပါတယ်။ ဇစ်နှစ်ဖက်လုံးကို ခဲတံနဲ့ ပွတ်တိုက်ပြီးနောက် ညင်ညင်သာသာ ဆွဲထုတ်ပါ။

2. မှင်အစွန်းအကွက်တွေ

Ink stains min

အင်္ကျီပေါ်မှာ မှင်တွေစွန်းထင်းခဲ့မယ်ဆိုရင်တော့ လက်သန့်ဆေးရည်က ကူညီပေးပါလိမ့်မယ်။ အဝတ်စ (သို့) တစ်ရှုးပေါ်သို့ လက်သန့်ဆေးရည် ထည့်ပြီး စွန်းနေတဲ့ နေရာပေါ်သို့ မှင်စုပ်သွားအောင်ဖိထားလိုက်ပါ။ ပြီးရင်တော့ ဂွမ်းစ ဒါမှမဟုတ် လက်သုတ်ပုဝါများနဲ့ ပွတ်တိုက်ပေးပါ။ ဒီအဆင့်တွေ ပြီးသွားရင်တော့ မှင်စွန်းနေတဲ့ အနားတဝိုက်ကို လျှော်ဖွတ်သန့်စင်ပေးလိုက်ရင်တော့ မူလအင်္ကျီတစ်ထည် ပြန်ရပြီပေါ့။

3. ရေစိုနေတဲ့ဖိနပ်များ

Wet shoes min

သင့်ရဲ့ ရေစိုနေတဲ့ ဖိနပ်ကို အခြောက်ခံချင်ရင်တော့ အမှိုက်စတွေကို အသုံးပြုပါ။ အိတ်သေးသေးထဲမှာ အဝတ်အစအဟောင်းတွေနဲ့အတူ ဖိနပ်အတွင်းပိုင်းထဲသို့ ထည့်၍ ကြိုးချည်ပြီး တစ်ညတာထားပေးပါ။ ဒါဟာ အစိုဓာတ်ပြန်နေတဲ့အရာတွေကို စုပ်ယူပေးပါလိမ့်မယ်။

4. ချောနေတဲ့ဖိနပ်များ

Slippery shoes min

တကယ်လို့ သင့်ဖိနပ်ချောနေမယ်ဆိုရင် ကော်ဖတ်ကိုအသုံးပြုနိုင်ပါတယ်။ ဖိနပ်ရဲ့အောက်ခြေနှင့် ထိပ်ပိုင်းကို ကော်ဖတ်နှင့် ပွတ်တိုက်ပေးပါ။ နောက်ပြီးတော့ ကော်များကိုလည်း အသုံးပြုပေးနိုင်ပါတယ်။

သင့်ကို အသက်ပိုကြီးတယ်လို့ ထင်စေနိုင်တဲ့ အချက် (၁ဝ)ချက်

5. အဝတ်အစားပေါ်မှာ ပီကေကပ်နေခြင်း

Chewing gum on clothes min

ပီကေတွေကပ်နေမယ်ဆိုရင်တော့ တိပ်ကို အသုံးပြုပြီး ဖယ်ရှားနိုင်ပါတယ်။ ပီကေပေါ်မှာ တိပ်ကိုကပ်ပြီးတော့ အထပ်ထပ်အခါအခါ ဆွဲယူခွာထုတ်ပါ။ ဒါဆိုရင် ကပ်နေတဲ့ အရာတွေကို ရှင်းလင်းနိုင်မှာ ဖြစ်ပါတယ်။
ခုပြောပြပေးတဲ့ နည်းလမ်းတွေက သင့်အဝတ်အထည်အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်ရှင်။

 

Author:TDA

Read 1672 times
Rate this item
(1 Vote)