What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်ရဲ့ လှပတဲ့ ခန္ဓာကိုယ် အရွယ်အစားကိုတောင် ဖျက်ဆီးပစ်နိုင်တဲ့ အဝတ်အစား(၇)မျိုး

သင်တို့ရဲ့စိတ်ခံစားချက် နှင့် ယုံကြည်မှုတွေကို သင်ရဲ့ပုံရိပ်က လွှမ်းမိုးနေတယ်ဆိုတာ အသေချာပါပဲ။ ပတ်ဝန်းကျင်က လူများဟာ ပထမဦးဆုံးအနေနဲ့ သင်ရဲ့ဝတ်စားဆင်ယင်မှုကို အကဲဖြတ် ကြည့်တတ်ကြတယ်။ အခုပြောပြပေးချင်တာကတော့ အဝတ်အစား ဝတ်ဆင်ရာမှာ ဘယ်လို အရာတွေကို ရှောင်ရှားသင့်လဲဆိုတာကို အကြံပေးချင်ပါတယ်နော်။ ပြီးတော့ ဒီဆောင်းပါးလေးမှာ ပိုပြီး သွယ်လျစေပြီးတော့ အထူးခြားဆုံးဖြစ်စေမယ့် နည်းလမ်းကောင်း တစ်ချို့လည်းရှိပါတယ်။။ ဘာတွေလည်းဆိုတာ ကြည့်လိုက်ရအောင်။။။။။

1. Cropped pant

Cropped pants min

Cropped pant ဟာ ယနေ့ခေတ်မှာ လူကြိုက်များတဲ့ ဘောင်းဘီပါ။ ခန္ဓာကိုယ်ပြည့်တဲ့သူရော၊ ပိန်တဲ့သူရော ၂ခုလုံးနဲ့ လိုက်ဖက်ပါတယ်။ တကယ်လို့ သင်ကအရပ်ပုနေမယ်ဆိုရင် Cropped pant က ပိုပြီး အရပ်ပုတယ်လို့ထင်စေနိုင်ပြီး တင်ပါးလည်း ပိုကြီးပြီးတော့ ခန္ဓာကိုယ်လည်း ကြီးထွားတယ်လို့ ထင်ရပါတယ်။ အကယ်၍ လမ်းတွေအများကြီး လျှောက်နေရမယ်ဆိုရင်တော့ ပုံမှန်ဘောင်းဘီအရှည်ကိုပဲ ဝတ်ဆင်ဖို့ ကောင်းပါတယ်။ ပိုပြီး စတိုင်ကျချင်တယ်ဆိုရင်တော့ flare ဘောင်းဘီလိုမျိုး ဘောင်းဘီအရှည်ကို ရွေးချယ်နိုင်တယ်။ သူတို့က သင့်ခန္ဓာကိုယ် ပိုရှည်သဖွယ်ဖြစ်အောင် ကူညီပေးပါလိမ့်မယ်။

2. အချိုးမကျတဲ့ dress နှင့် စကပ်များ

Asymmetric hems on dresses and skirts min

dress (သို့) စကပ်တွေကို အရှေ့ပိုင်း ပိုတိုအောင် ဝတ်ဆင်ကြတာဟာ လူကြိုက်များဆုံး ပုံစံဖြစ်တယ်။ ဒီပုံစံက သင့်ရဲ့ခြေတံတွေကိုအာရုံစူးစိုက်ပြီး ဆွဲဆောင်မှုရှိစေပါတယ်။ ဒါပေမယ့် ဒါဟာအမှန်တကယ်မဟုတ်ပါဘူး။ အနားမညီတဲ့ dress နှင့် စကပ်တွေက ခြေတံကို ပိုတိုစေပါတယ်။ မိန်းကလေးတွေအနေနဲ့ ဒီပုံစံကို ရှောင်ရှားဖို့ အကြံပြုချင်တယ်။ အနားကွဲ စကပ်နှင့် dress တွေကို ဆင်မြန်းတာက ကြည့်ကောင်းစေပါတယ်။ ဒါပေမယ့် ဒီလိုအကွဲပုံစံတွေကို ဝတ်ဆင်ရာမှာ ပိုပြီး မမြင့်စေဖို့ မမေ့ပါနဲ့။ ထိုင်တဲ့အခါနှင့် လမ်းလျှောက်တဲ့အခါမှာ သက်တောင့်သက်သာ မရှိဖြစ်တတ်ပါတယ်။

3. ကလေးဆန်တဲ့ အဝတ်အစားတွေ

Baby Doll dresses min

ဒီစတိုင်က အသက်12နှစ် ကောင်မလေးတွေအတွက် လိုက်ဖက်ပေမယ့် အမျိုးသမီးတွေအတွက်တော့ မဟုတ်ပါဘူး။ခန္ဓာကိုယ် ပိုကြီးတယ်လို့ ထင်စေပြီး အချိုးအစားမညီမျှမှု ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ဒီ dress တွေကို ဆင်မြန်းခြင်းက အမျိုးသမီးတစ်ဦးဟာ ပိုပြီး ငယ်ရွယ်အောင် လုပ်ယူကြိုးစားနေတဲ့ ပုံပေါက်စေတယ်။ အရွယ်အစား တိုပြီး body fitဖြစ်မယ့် dress မျိုးကို ရွေးချယ်ပါ။ ခြေတံလေးတွေ ရှည်တယ်လို့ ထင်စေရပါလိမ့်မယ်။ အရပ်ရှည်တယ်ဆိုရင်တော့ dress အရှည်တွေကို ရွေးချယ်သင့်ပါတယ်။ သင့်ရဲ့တင်ပါးနှင့် ခါးကို ပေါ်လွင်အောင် ကူညီပေးမှာပါ။

တည်ငြိမ်ပြီး ဆွဲဆောင်မှုရှိစေဖို့ ဖက်ရှင်လမ်းညွှန်ချက်များ

4. အလွှာအကားပုံစံ ဘလောက်စ် နှင့် dress များ

Peplum blouses and dresses min

သင့်ခါးကို ပေါ်လွင်လှပစေပင်မယ့် ပိန်တဲ့သူရော၊ ဝတဲ့သူရော အလယ်ပိုင်းနေရာမှာ တစ်ခုခု အနည်းငယ် ပေါင်းထည့်သင့်တယ်။ တကယ်လို့ ခါးကို အလေးပေးဖော်ပြချင်တယ်ဆိုရင်တော့ ကြည့်ကောင်းစေမယ့် ခါးပတ်မျိုးကို ရွေးချယ်ပါ။ ဗိုက်ကို ဖုံးကွယ်ချင်တယ်ဆိုရင် high-waist စကပ်တွေကို ဝတ်ဆင်ဖို့ ကြိုးစားသင့်တယ်။ ဒါဟာ သင့်ရဲ့ခါးကို ပိုသွယ်စေပြီး မလိုအပ်တဲ့အရာတွေကိုလည်း ဖုံးကွယ်ပေးနိုင်မှာပါ။

5. ဆြယ္တာအက်ႌမ်ား

Sweater dresses min

ဒီစတိုင်ဟာ ခန္ဓာကိုယ်မှာရှိတဲ့ အပြစ်အနာအဆာတွေကို ဖုံးကွယ်ပေးပြီး ပိန်သွယ်တဲ့မိန်းကလေးတွေအတွက် ပိုကြည့်ကောင်းစေပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ပြည့်တဲ့သူတွေအနေနဲ့ အရွယ်အစား ပိုကြီးတယ်လို့ ထင်စေနိုင်တယ်။ ဆွယ်တာအင်္ကျီတွေကို ဝတ်ဆင်ဖို့ ဆုံးဖြတ်တော့မယ်ဆိုရင် ခါးပတ်ကို အသုံးပြုပါ။ ခါးကို ပေါ်လွင်လှပစေမှာ ဖြစ်ပါတယ်နော်။

6. လည်ထောင်အင်္ကျီများ

Turtlenecks min

လည်ထောင်ပုံစံတွေက အဝတ်အစားအခြေခံ အပိုင်းဖြစ်တာကြောင့် ဘယ်လို ဝတ်ဆင်ရမလဲဆိုတာ မသိဘူးဆိုရင် ပြဿနာတွေအများကြီးကို ထုတ်ဖော်ပြသလိုဖြစ်သွားလိမ့်မယ်။ သူတို့တွေက ခန္ဓာကိုယ်သေးကွေးတယ်လို့ ထင်အောင် မီးမောင်းထိုးပြပါလိမ့်မယ်။ ခါးပေါ်လွင်စေဖို့ လည်ထောင်အင်္ကျီတွေကို စကပ် (သို့) ဘောင်းဘီထဲထည့်ပြီး ဝတ်ဆင်ပါ။ အဆီပိုတွေကို ဖုံးကွယ်ပေးပါလိမ့်မယ်။ အရောင်ငြိမ်တာကို ရွေးချယ်ဖို့ အကြံပေးချင်တယ်။

7. A-line dress

A line dresses min

တကယ်လို့ A-line dress တွေရဲ့အထည်က ပိုထူပြီး လေးလံမယ်ဆိုရင် သင့်ရဲ့ခန္ဓာကိုယ်ကို ပိုကြီး ပိုဝစေတယ်လို့ ထင်နိုင်တယ်။ သင့်ခန္ဓာကိုယ်ပေါ်လွင်လှပစေဖို့ fit ဖြစ်မယ့် dress မျိုးကို ရွေးချယ်ပါ။ သဲနာရီပုံသဏ္ဍန်ခန္ဓာကိုယ် အရွယ်အစား ပိုင်ဆိုင်ထားတဲ့ မိန်းကလေးတွေအတွက် ဒီလိုပုံစံ dress ကပိုပြီးကြည့်ကောင်းစေတယ်။ သင့်ရဲ့အပြစ်အနာအဆာတွေကို ဖုံးကွယ်ပေးနိုင်တယ်။

 

Author:TDA

Read 11927 times
Rate this item
(2 votes)