What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဝတ်အစား နှင့် ဖိနပ်တွေကို သန့်ရှင်းစေဖို့ စက္ကန့်ပိုင်းအတွင်း ကူညီပေးမယ့် နည်းလမ်းကောင်း(၁၂)ချက်

မကြာခဏဆိုသလို ကျွန်မတို့ ကြိုက်နှစ်သက်တဲ့ အင်္ကျီအဝတ်အစား ၊ ဖိနပ်တွေ ပျက်စီးတာတို့ ၊ မသေသပ်တဲ့ အသွင်အပြင်တွေ ဖြစ်တတ်ကြပါတယ်။

ပြီးတော့ ပစ္စည်းအသစ်တွေဆို ပိုဆိုးပါတယ်။ ဒီအတွက်တော့ မစိုးရိမ်ပါနဲ့။ စက္ကန့်ပိုင်းအတွင်းမှာပဲ သင်ရဲ့ အဝတ်အထည်နှင့် ဖိနပ်တွေကို ချက်ချင်းဆိုသလို ပြောင်းလဲပေးနိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။

1. သားရေဖိနပ်များကို လက်သည်းတိုက်တဲ့ brush နဲ့ သေချာစွာ ပွတ်တိုက်ပေးပါ။ ဒီလိုနည်းအတိုင်း အခြားဖိနပ်တွေကို သန့်ရှင်းစွာ ပြုလုပ်ပေးနိုင်ပါတယ်။

nail min

 

2. မှန်သုတ်ဆေးရည်ကို လည်သာဖိနပ်တွေပေါ်မှာ ဖြန်းပြီး သုတ်ပေးပါ။ ကြည်လင်တောက်ပလာတာကို မြင်တွေ့ရပါလိမ့်မယ်။

mirror min

 

3. ဆား၊ ရေအေးနှင့် အမိုးနီးယားတို့ကို ရောနှောပြီး အဝတ်အစားပေါ်မှာ စွန်းထင်းနေတဲ့ သွေးအစက်ပြောက်တွေကို ဖယ်ရှားလိုက်ပါ။ ရေအေး တစ်လီတာ ၊ ဆား၂ဇွန်းဆို အမိုးနီးယားကိုလည်း ၂ဇွန်း ညီတူညီမျှ ထည့်ပေးဖို့ အရေးကြီးပါတယ်။

blood min

 

4. အနံ့ဆိုးတဲ့ အဝတ်တွေကို ဖယ်ရှားဖို့ ziplock အိတ်ထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ တစ်ညထားပေးပါ။ တစ်ခြား အနံ့ဆိုးတဲ့အရာတွေကိုလည်း ဒီနည်းလည်းနဲ့ ဖြေရှင်းပေးနိုင်ပါတယ်။

plastic min

 

5. ရေအေးနှင့် ရှာလကာရည်ကို ရောစပ်ပြီး လည်သာတွေပေါ်မှာ စွန်းထင်းတဲ့အရာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

leather min

လျှော်ဖွတ်တဲ့အခါ အဝတ်အထည်တွေ သန့်ရှင်းပြီး တောက်ပစေရန် သိသင့်တဲ့အချက်များ

  6. စွန်းထင်းနေတဲ့ ဆီကွက်တွေကို ကူညီဖြေရှင်းပေးဖို့ အကောင်းဆုံးနည်းလမ်းကတော့ ပန်းကန်ဆေးဆပ်ပြာပါပဲ။ သေချာ ပွတ်တိုက်ပြီး သန့်ရှင်းအောင်ပြုလုပ်ပါ။

stain min

 

7. ဖယောင်း သို့မဟုတ် လက်သည်းဆိုးဆေးဟာ သားရေဖိနပ်ပေါ်က ခြစ်ရာတွေကို ဖယ်ရှားပေးပါလိမ့်မယ်။ ပျက်စီးနေတဲ့နေရာကို ညင်သာစွာ သုတ်လိမ်းပေးပါ။ ဖယောင်းမှာလာပြီဆိုရင် ချည်သား အဝတ်စနဲ့ ဖိနပ်ကို ပြောင်လက်အောင် ပွတ်တိုက်ပေးပါ။ ဒါဆိုရင်တော့ သစ်လွင်တဲ့ ဖိနပ်တစ်ရန် ရပြီပေါ့။

wax min

 

8. ဂျင်းဘောင်းဘီအနက်တွေကို အရောင်မကျစေဖို့ ဆပ်ပြာမှုန့်ထဲကို ဆားနှင့် ရှာလကာရည်ထည့်ပေးပြီး လျှော်ဖွတ်ပါ။

jean min

 

9. အဝတ်အထည်ဟောင်းတွေကို နူးညံ့ပျော့ပျောင်းစေဖို့ ဆားရည်ထဲမှာ စိမ်ထားပေးပါ။ ဆားကို ဖန်ခွက်တစ်ဝက်စာ ထည့်ပြီး ရေအနည်းငယ်ထည့်ပါ။ ပြီးရင်တော့ သင့်ရဲ့ အထည်တွေကို ၃ရက်လောက်စိမ်ထားပါ။ ၃ရက်ပြည့်တဲ့အခါ ဆပ်ပြာမှုန့်ထည့်ပြီး အဝတ်လျှော်စက်ထဲမှာ လျှော်ဖွတ်ပေးနိုင်ပါပြီ။

soft min

 

10. လည်သာအိတ်တွေပေါ်က အစွန်းတွေကို ဖယ်ရှားဖို့အတွက် အဝတ်စ သို့မဟုတ် ဂွမ်းကို ရှာလကာရည်ထဲ စိမ်ပြီး အိတ်ကို သုတ်ပေးပါ။ အရောင်လင်းတဲ့အိတ်တွေကို ဖယ်ရှားဖို့ ရှာလကာအဖြူကိုသာ အသုံးပြုပါ။

bag min

 

11.ပိုးသားနဲ့ ပြုလုပ်ထားတဲ့အရာတွေကို အချို့သော hair conditioner နဲ့ လျှော်ဖွတ်နိုင်ပါတယ်။ ဒါဟာ နူးညံ့ပျော့ပျောင်းပြီး လှပတဲ့ ပစ္စည်းဖြစ်စေပါလိမ့်မယ်။

silk min

 

12. အင်္ကျီမှာရှိတဲ့ ချည်မွေးစတွေကို ဖယ်ရှားဖို့ အဝတ်မှာသုံးတဲ့ ကပ်ခွာကို အသုံးပြုနိုင်ပါတယ်။

pilling min
ခုပြောပြလိုက်တဲ့ နည်းလမ်းတွေကို အိမ်မှာ အလွယ်တကူပြုလုပ်နိုင်ပါတယ်နော်။

 

Author:TDA

Read 4639 times
Rate this item
(1 Vote)