What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဝတ်အထည်နှင့် ဖိနပ်များအတွက် အိမ်တွင်း လွယ်ကူစွာပြုလုပ်နိုင်မယ့် Tips and Tricks (၁၃)ချက်

လူတိုင်းမှာ သူတို့ အကြိုက်နှစ်သက်ဆုံး အဝတ်အထည်တွေ၊ ဖိနပ်တွေ ရှိကြပါတယ်။

တခါတလေ ကိုယ်နှစ်သက်တဲ့အရာတွေ တစ်ခုခုဖြစ်သွားရင် အရာအားလုံး ပျက်စီးသွားသလို ခံစားရပါတယ်။ ဒါပင်မဲ့ စိတ်မပူပါနဲ့။ သင့်ရဲ့အဝတ်အထည်နှင့် ဖိနပ်တွေ အသစ်အတိုင်းပြန်ဖြစ်သွားနိုင်မယ့် နည်းလမ်းကောင်းတွေကို ပြောပြပေးပါမယ်။

၁။ ဖိနပ်ပေါ်က အစွန်းအထင်းတွေ ဘယ်လိုဖယ်ရှားမလဲ?

1
ပါတီပွဲသွားဖို့အတွက် သင်နှစ်သက်တဲ့ ဖိနပ်ကိုစီးမလို့လုပ်တဲ့အချိန် ဖိနပ်ပေါ်မှာ အစွန်းအထင်းများဖုံးလွှမ်းတာ တွေ့လိုက်ရတဲ့အခါမှာတော့ သင်စိတ်ပျက်သွားနိုင်ပါတယ်။ အချိန်ကလဲသွားဖို့ နီးကပ်လာပြီဆိုတော့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ ဖြစ်နေလိမ့်မယ်။ ဒါဆိုရင်တော့ micellar water နဲ့ စွန်းထင်းနေတဲ့နေရာကို ဖယ်ရှားလိုက်ပါ။ micellar waterဆိုတာ မျက်နှာပေါ်မှာရှိတဲ့ မိတ်ကပ်တွေကို သန့်စင်သွားအောင် ဖျက်ပေးတဲ့ cleansing water ပါ။

၂။ သင့်ရဲ့အင်္ကျီတွေကို ချိတ်ပေါ်မှာ ဖြန့်လှမ်းထားခြင်းကို ရှောင်ကြဉ်ပါ

2
တကယ်လို့ ဆွယ်တာအင်္ကျီတွေကို ဗီရိုထဲမှာ ချိတ်ဆွဲထားချင်ရင် ပုံမှာပြထားတဲ့အတိုင်းပြုလုပ်ပေးပါ။ ဒီနည်းလမ်းက အင်္ကျီကို တွန့်ကြေသွားခြင်း၊ ကျယ်သွားခြင်း မရှိပါဘူး။

၃။ ခရီးသွားခဲ့စဉ်အတွင်း ညစ်ပေနေတဲ့အဝတ်အထည်တွေဆီမှရလာတဲ့ မနှစ်မြို့ဖွယ်ကောင်းတဲ့ အနံ့တွေကို ဘယ်လို ကာကွယ်မလဲ?

3
ခရီးအများကြီး သွားလာရတဲ့အခါ ညစ်ပတ်နေတဲ့အဝတ်တွေက သင့်ရဲ့ခရီးဆောင်လက်ဆွဲသေတ္တာထဲမှာ စုပုံနိုင်ပါတယ်။ ဒီလို မနှစ်မြို့ဖွယ်ကောင်းတဲ့ အနံ့တွေကို ဖယ်ရှားနိုင်ဖို့အတွက် ပလက်စတစ်အိတ်ထဲမှာ အဝတ်တွေနှင့်အတူ ဆပ်ပြာတစ်တုံးထည့်ထားလိုက်ပါ။ ဒါဆို အနံ့ဆိုးတွေ ကင်းဝေးသွားပါလိမ့်မယ်။

၎။ ဖိနပ်တွေ မချော်အောင်ပြုလုပ်ပုံ

5
သင်ကြိုက်နှစ်သက်တဲ့ ဖိနပ်တွေစီးတဲ့အခါ မချော်အောင်လို့ ကော်သုတ်ပေးပါ။ ပြုတ်ကျချော်လဲတဲ့ နာကျင်မှုဒဏ်တွေကနေ ဖယ်ရှားပေးပါလိမ့်မယ်။

၅။ စကတ်ဝတ်တဲ့အခါ လေတိုက်တဲ့ဒဏ်မှ ကာကွယ်နည်း

6
လေတိုက်တဲ့အခါ သင်ဝတ်ဆင်ထားတဲ့ စကပ် (သို့) mini dress တွေ လွင့်စင်သွားတာဟာ စိတ်ပျက်ဖို့ရာကောင်းပါတယ်။ ဒါကိုဖြေရှင်းဖို့ နည်းလမ်းရှိပါတယ်။ ပုံမှာပြထားတဲ့အတိုင်း အကြွေစေ့တွေကို စကပ်ရဲ့အောက်ခြေမှာထားပါ။

၆။ မနှစ်မြို့စရာကောင်းတဲ့ အနံ့တွေကို ဘယ်လို ဖယ်ရှားသင့်သလဲ?

7
သင့်ရဲ့ဖိနပ်ကနေ နံနေတဲ့အနံ့တွေကို ဖယ်ရှားရန် ဖိနပ်အတွင်းပိုင်းမှာ teabag (လက်ဖက်ခြောက်အိတ်) တွေကိုထားပေးပါ။ ပထမဆုံး ခြောက်သွေ့နေတဲ့ဖိနပ်ထဲသို့ ထည့်ပေးပါ။ တကယ်လို့ဒီနည်းဟာ အဆင်မပြေဘူးဆိုရင် black tea က အနံ့ဆိုးတွေကို ကောင်းစွာဖယ်ရှားပေးနိုင်ပါလိမ့်မယ်။

၇။ ဘောင်းဘီတိုတွေကို ခေါက်နည်း

8
လျင်မြန်စွာ သင့်ရဲ့ဘောင်းဘီတိုတွေကို ခေါက်နိုင်ဖို့ ဆံပင်ဖြောင့်စက်ကို အသုံးပြုနိုင်ပါတယ်။

၈။ အဝတ်ပေါ်က ချွေးနံ့တွေကို ဖယ်ရှားနည်း

9
ဒီပြဿနာကို ဖယ်ရှားဖို့အတွက် အဝတ်မလျှော်မှီ သံပုရာရည်ကို ဖြန်းပေးပါ။

၉။ အင်္ကျီချိတ်တန်းကနေ အဝတ်တွေမလျောကျစေရန် ပြုလုပ်နည်း

10
ဒီလို အဝတ်အစားတွေ လျောလျောကျတဲ့ ဒဏ်ကနေကာကွယ်ရန် သားရေကွင်းကို အသုံးပြုပါ။ ဘယ်လိုပြုလုပ်ရမလဲဆိုတာ ပုံမှာဖော်ပြပေးထားပါတယ်။

၁ဝ။ ရိုးရှင်းတဲ့တီရှပ်ကို ခေတ်မှီတဲ့ဒီဇိုင်း ပြောင်းနည်း

11
ကြိုးတွေကို ပုံစံအနေအထား ပြောင်းပေးလိုက်ရင် ခေတ်မှီတဲ့ဒီဇိုင်း ဖြစ်သွားပါလိမ့်မယ်။ စက္ကန့်အနည်းငယ်သာ အချိန်ပေးရမှာပါ။

၁၁။ Sneaker ဖိနပ်တွေကို သန့်ရှင်းအောင်ပြုလုပ်နည်း

12
သင့်ရဲ့sneaker ဖိနပ်က အသစ်မဟုတ်ဘူးဆိုလျှင် လက်သည်းဖျက်ဆေးရည်ကို အသုံးပြုနိုင်ပါတယ်။ ဒါဆို အသစ်အတိုင်းဖြစ်သွားပါလိမ့်မယ်။

၁၂။ ဘရာကြိုးကို ဘယ်လို ဖုံးကွယ်မလဲ?

13
ဘရာကြိုးကို ဖုံးအုပ်ဖို့ဆိုရင်တော့ စက္ကူညှပ်ကလစ်ကို အသုံးပြုနိုင်ပါတယ်။

၁၃။ ဂျင်းဘောင်းဘီအပြဲပြုလုပ်ပုံ

14
ခပ်မိုက်မိုက်ဝတ်ချင်တဲ့သူတွေအနေနဲ့ ဒီနည်းလမ်းးက ရိုးရှင်းပြီးလွယ်ကူပါတယ်။ ပြုလုပ်ရမယ့် ကိရိယာ ပစ္စည်းတွေက ဒိန်ခဲခြစ်တဲ့ကိရိယာ၊ ချည်ထိုးအပ်၊ foot scrub brush ကို အသုံးပြုနိုင်ပါတယ်။
အခုပြောပြပေးခဲ့တဲ့ နည်းလမ်းတွေက သင့်အတွက်အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်နော်။

 

Author:TDA

Read 2431 times
Rate this item
(1 Vote)