What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အရောင်တွဲစပ်နည်းအသစ်(၆)မျိုး

ကျွန်မတို့အတွက် မနက်စောစော အိပ်ယာထတဲ့အခါ တစ်နေ့တာအတွက် ဘယ်လို ၀တ်စုံ၊ဘယ်လိုအရောင်တွေ ရွေးချယ်ပြီး ၀တ်မလဲဆိုတာ ပထမဆုံး စဉ်းစားမိတဲ့ အချက်တစ်ချက်ဖြစ်ပါလိမ့်မယ်။

ဒီလို အချိန်မျိုးမှာ များသောအားဖြင့် ကိုယ့်ရဲ့ အ၀တ်ဗီရိုထဲမှာ ရှိတဲ့ ၀တ်စုံတွေကို ပြေးကြည့်ပြီး တွဲဖက်လိုက်တာမျိုး၊အင်တာနက်လေး အမြန်ဖွင့်ပြီး ဘာအရောင် တွဲရင်ကောင်းမလဲ၊

ဘယ်လို ဖက်ရှင်မျိုး ၀တ်ရင်ကောင်းမလဲဆိုတာ မိန်းကလေးတော်တော်များများ လုပ်ကြည့်မိမှာပါ။

ဒါပေမယ့် သင်သိထားရမှာက ရံဖန်ရံခါ သမားရိုးကျပေါင်းစပ်မှုတွေထက် အဆန်းအပြားလေးတွေက တမူထူးခြားစေတယ် ဆိုတာကိုပါပဲ။

သင်တွဲနေကျအရောင်တွေထဲက တစ်ခါတစ်ရံလောက် ကွဲထွက်ပြီး Color Combo အသစ်လေးတွေကို ဖန်တီးကြည့်တဲ့အခါ သင့် Style ဟာလည်း တစ်မျိုးသစ်သွားသလို တစ်ဖက်ကကြည့်ပြန်ရင်လည်း အရောင်လေးတွေ တွဲကြည့်ရတဲ့

အတွက် စိတ်လှုပ်ရှားမှုနဲ့ ပျော်ရွှင်မှုကိုလည်း ရစေပါတယ်။

အခုအောက်မှာ ပြောပြထားတဲ့ Combo လေးတွေကတော့ ကောင်မလေးတို့အတွက် အသစ်အဆန်းဖြစ်စေပြီး ဒီနှစ်မှာ ခေတ်စားလာနိုင်ဦးမယ့် အရောင်တွေပေါ် အခြေခံပြီး ဖန်တီးထားတာပါ။

Style Level –Up လုပ်ဖို့ စမ်းကြည့်သင့်တယ်ဆိုတာ အာမခံတာမို့ ကိုယ့်ရဲ့ရှိပြီးသား ၀တ်စုံလေးတွေထဲက တွဲဖက်ဖန်တီး ကြည့်လိုက်ပါဦး။

အနီနဲ့ ပန်းရောင်


ဒီအနီနဲ့ ပန်းရောင် အတွဲအစပ်ကတော့ နွေရာသီရဲ့ ရေစီးကြောင်းထဲမှာ ပါတဲ့အတွဲအစပ်ဖြစ်ပြီး မိန်းကလေးတွေ သဘောကျ နှစ်သက်တဲ့ အရောင်နှစ်ရောင်ကို ပေါင်းစပ်ထားတာလည်းဖြစ်ပါတယ်။

ပန်းရောင်က ချစ်စရာကောင်းပြီး မိန်းမသားဆန်သလို အနီရောင်ကတော့ တောက်ပပြီး တက်ကြွမှုကို ဖြစ်စေပါတယ်။

ကမ်းခြေသွားတဲ့အခါ ဒီ Combo လေးကို ၀တ်လိုက်မယ်ဆိုရင်တော့ ထင်းရင်းပြီး အမြင်သစ်နေမှာ သေချာပါတယ်။

1

ငွေရောင်နဲ့ အ၀ါရောင်


ငွေရောင်ဆိုတာ သူတစ်ဦးတည်း သီးသန့်ရှိနေတတ်တဲ့အရောင်တွေထဲက တစ်ရောင်ပါ။အခြားအရောင်တွေနဲ့ မတွဲလည်း သူ့အရောင်ကိုက ထင်းလင်းပြီး ဆွဲဆောင်မှုရှိပြီးသားလေ။


ဒါပေမယ့် ဒီတစ်ခါမှာတော့ လတ်တလော ခေတ်စားနေတဲ့ အ၀ါရောင်နဲ့ တွဲကြည့်လိုက်ပါ။တောက်ပ မှု၊ခေတ်ဆန်မှုတွေနဲ့အတူ

သင့်ရဲ့ Daily Look အတွက်သာမကပဲ Evening Look ထိပါ လုံးဝအဆင်ပြေတာကို တွေ့ရပါလိမ့်မယ်။

2

ဇီးချိုသီးရောင်နဲ့ အညိုရောင်


ဒါကတော့ Runway ကနေ တွေ့ရမယ့် Combo ပါ။အထူးသဖြင့် ကျွန်မတို့လို အာရှဆန်တဲ့အသားအရေတွေနဲ့ သင့်တော်တဲ့အရောင်တွေ ဖြစ်သလိုတည်တည် ငြိမ်ငြိမ်လေးနဲ့ လှပစေမယ့် အရောင်တွေလည်း ဖြစ်ပါတယ်။

ဒီလိုအရောင်လေးတွေက နွေရာသီနဲ့ ဆောင်းတွင်းဘက်မှာ ၀တ်လို့ အသင့်တော်ဆုံး အတွဲအဖက်ပါ။

3

ပန်းရောင်တောက်တောက်နဲ့ သံလွင်သီးရောင်


ပန်းရောင်တောက်တောက်က အများကြားထဲမှာ ထင်းရင်းပြီး မိန်းမဆန်တဲ့အရောင်ပါ။

ဒီလိုအရောင်တောက်တောက်ကို ခပ်မှိုင်းမှိုင်းအရောင်တစ်ခုနဲ့ တွဲတော့မယ်ဆိုရင် ဒီနှစ်ထဲမှာ ရွေးသင့်တဲ့အရောင်က သံလွင်သီးရောင်ဖြစ်ပါတယ်။

သံလွင်သီးရောင်ရဲ့အရောင်တည်ငြိမ်မှုက ပန်းရောင်တောက်တောက်ကို အမြင်မရိုင်းအောင် ထိန်းပေးနိုင်ပြီး သင့်ရဲ့ ပျော်ရွှင်စရာWeekend တွေမှာ ၀တ်သင့်တယ်လို့  အကြံပေးပါရစေ။

4

လိမ္မော်ရောင်နဲ့ ကိုဗော့ သတ္တုပြာရောင်


လိမ္မော်ရောင်နဲ့ အပြာရောင် နှစ်ရောင်လုံးက လူငယ်ဆန်တဲ့အရောင်တွေ ဖြစ်ပါတယ်။

သင့်အနေနဲ့ ဒီအတွဲအစပ်ကို ၀တ်မယ်ဆိုရင် Sporty Fashion ဘက် ၀တ်တဲ့အခါ ပိုရွေးချယ်သင့်ပြီးတော့ အထူးသဖြင့် လိုင်းစင်းပါတဲ့ Trackpant တွေမှာ ဒီလိုအရောင်စပ်ထားရင် တော်တော်မိုက်ပါတယ်။

အပေါ်အောက် ၀တ်မယ်ဆိုလည်း လူငယ်ဆန်စေပြီး ဒီအရောင် နှစ်ရောင်လုံးက ၂၀၁၈ မှာဆက်ခေတ်စားနေမယ့်အရောင်တွေထဲက နှစ်ရောင်ပါ။

5

ပန်းဖျော့ရောင်နဲ့ လာဗင်ဒါရောင်


ဒါကတော့ Pastel Combo ပါ။ Millennial Pink လို့ခေါ်တဲ့ ပန်းဖျော့ရောင်နဲ့ ခရမ်းရောင်အနွယ်ဝင် လာဗင်ဒါနှစ်ရောင်လုံးက ၂၀၁၈ ရဲ့ အရောင်တွေမှာ ပါပြီး

လူငယ်မိန်းကလေးအများစုနှစ်သက်ကြတဲ့အရောင်တွေ ဖြစ်ပါတယ်။

ဒီအတွဲအစပ်ဟာဆိုရင် Runway မှာလည်း မကြာခဏတွေ့ရတဲ့အပြင် နွေရာသီနဲ့ ဆောင်းဦးရာသီမှာ စမ်းကြည့်ဖို့ အသင့်တော်ဆုံးလည်း ဖြစ်ပါတယ်။

6

Source:Moda

Read 6513 times
Rate this item
(3 votes)