ကုန်သွယ်ရေးစာရင်းများအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဇွန်လ (၂၃) ရက်နေ့အထိ CMP ကဏ္ဍတွင် ချုပ်လုပ်ပြီး အဝတ်အထည် တင်ပို့မှုသည် ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ (၆၁) သန်းကျော် လျော့နည်းနေကြောင်း သိရသည်။
ယခုနှစ် ဇွန်လအထိ အဝတ်အထည်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ (၈၆၅.၁၉၅) သန်းသာ ရှိသေးသဖြင့် ကျန်ရှိသည့် ကာလတွင် တိုးမြှင့် တင်ပို့နိုင်ရေးအတွက် လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များမှ ပူးပေါင်း ဆောင်ရွက်ပြီး ကြိုးစားပေးစေလိုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရက ပြောသည်။
ဝန်ကြီးဌာနအနေဖြင့် ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် သက်ဆိုင်ရာဦးစီးဌာန၊ တစ်ဦးချင်းစီအလိုက် ကဏ္ဍအလိုက် တာဝန်ခွဲဝေပေးကာ တစိုက်မတ်မတ် ဆောင်ရွက်လျက် ရှိပြီး CMP ကဏ္ဍတွင် ပို့ကုန်တိုးမြှင့်ရေး ညှိနှိုင်းအစည်းအဝေးများလည်း ပြုလုပ်ကာ CMP ကဏ္ဍတိုးတက်ရေးအတွက် ဆောင်ရွက်နေသည်ဟု ဆိုသည်။
Cutting, Making, Processing ဆိုသည့် CMP လုပ်ငန်းသည် ပြည်တွင်းအလုပ်အကိုင်များစွာကို ဖန်တီးပေးနိုင်သည့်အတွက် CMP ကဏ္ဍတိုးတက်လာသည်နှင့်အမျှ နိုင်ငံတော်၏ GDP ကိုလည်း တိုးတက်နိုင်စေမည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း၏ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က အသင်းအနေဖြင့် ၂၀၁၅ မှ ၂၀၂၅ ခုနှစ်အတွက် မဟာဗျူဟာ (၁၀) နှစ် စီမံကိန်းကို ချမှတ်ထားပြီး စက်ရုံအရေအတွက်၊ ပို့ကုန်တန်ဖိုး၊ အလုပ်ခန့်ထားရေး စသည့် Target များ ထားရှိ၍ ဆောင်ရွက်ခဲ့ရာ ကိုဗစ်မတိုင်ခင်ကာလအထိ သတ်မှတ် Target ကို ပြည့်မီခဲ့ကြောင်း ပြောသည်။
၂၀၂၂ ခုနှစ်သည် ပို့ကုန်အမြင့်ဆုံး တင်ပို့နိုင်သည့်နှစ် ဖြစ်ပြီး အထည်ချုပ်ကဏ္ဍ ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၎င်းတို့ အသင်းအနေဖြင့် လိုအပ်သည့်သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း၊ တာဝန်ယူမှုရှိသည့် စီးပွားရေးလုပ်ငန်းများ ဖြစ်ရေးအတွက် ဥပဒေများကို ရှင်းလင်း သင်ကြားပေးခြင်း၊ လုပ်ငန်းခွင် ဆက်ဆံရေး တိုးမြင့်စေရေး စသည်တို့ကိုလည်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Advertisement
Click Here > Asia Pacific Inspection Agency
အထည်ချုပ်သင်တန်းကဏ္ဍတွင်လည်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန TVET ဌာနနှင့် ပူးပေါင်း၍ Diploma in Fashion Technology ကို ပို့ချနိုင်ရန် စတင် ဆွေးနွေးနေပြီ ဖြစ်ကြောင်း သိရှိရသည်။ ၂၀၁၇ ခုနှစ်တွင် ပြင်သစ်၌ ကျင်းပသည့် နိုင်ငံတကာ အဝတ်အထည်ပြပွဲ (Messe Frankfurt, Paris) တွင် အသင်းအနေဖြင့် မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍ (Made in Myanmar) ကို စတင် မိတ်ဆက်နိုင်ခဲ့သည်ဟု ဆိုသည်။
ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ချုပ်ထည် Order အများအပြားရရှိရန် လိုအပ်ပြီး အလုပ်သမားများနှင့်လည်း ယုံကြည်မှု တည်ဆောက်ကာ လုပ်ငန်းခွင်ဆက်ဆံရေး ပြေလည် ကောင်းမွန်ရန် လိုအပ်ကြောင်း ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားခဲ့သည်။
ပြည်တွင်းရှိ စက်မှုထုတ်ကုန်၊ အထည်အလိပ်၊ အဝတ်အထည်ပစ္စည်းများ ပို့ကုန်တိုးမြှင့်နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းနှင့် မြန်မာအထည်ချုပ်လုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းနှင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းတို့မှ တက်ရောက်လာသည့် ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေ အတွင်းရေးမှူးများ၊ လုပ်ငန်းရှင် ကိုယ်စားလှယ်များမှ…
အဆိုပါ အစည်းအဝေးသို့ အသင်းချုပ်ဖက်မှ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းတို့မှ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူးများ၊ အသင်းဝင်ကုမ္ပဏီများ၊ လုပ်ငန်းရှင်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
Covid 19 ရောဂါကူးစက်မှုကြောင့်ယာယီပိတ်သိမ်းထားသောစက်ရုံများကိုFuji အထည်အလိပ်နှင့်ဖိနပ်စက်မှုလုပ်ငန်းကောင်စီက မကြာသေးမီအချိန်တုန်းကစုံစမ်းမှုများပြုလုပ်ခဲ့ပါတယ်။
ကင်ညာအစိုးရအနေနဲ့ Kitui Country Textile Centre ကနေ ပြည်တွင်းအတွက် လိုအပ်နေတဲ့ Mask နဲ့
အခြားသော personal protective equipment (PPE) တွေထုတ်လုပ်ဖို့အတွက် ခွင့်ပြုလိုက်ပြီပဲဖြစ်ပါတယ်။
လက်ရှိကိုဗစ်ကပ်ရောဂါကာလမှာ နိုင်ငံတော်တော်များများအနေနဲ့ Mask နဲ့အခြားသောအကာအကွယ်ပစ္စည်း တွေလိုသလောက်မရရှိမှု၊
ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရချိန်မှာ ကင်ညာနိုင်ငံအနေနဲ့ ယခုလိုဆုံးဖြတ်ခဲ့တာ လည်းဖြစ်ပါတယ်။
Kitui Country Textile Centre ရဲ့တာဝန်ရှိသူတွေအနေနဲ့ကလည်း တာဝန်ရှိသူတွေရဲ့ခွင့်ပြုချက်ရရှိဖို့အတွက်
စံချိန်စံနှုန်းတွေအစစ်ဆေးခံခဲ့ရသလို နမူနာတွေကိုလည်း သက်ဆိုင်ရာထံသို့ပေးပို့ခဲ့ရပါတယ်။
အဆိုပါ စက်ရုံအ နေနဲ့ တစ်နေ့ကို Mask အရေအတွက် ၁,၀၀၀ ထုတ်လုပ်ဖို့ ရည်မှန်းထားခဲ့ပြီး
ရင်းနှီးမြှုပ်နှံမှုအတွက် ကင်ညာရဲ့ကျန်းမာရေးဝန်ကြီးဌာနကလည်း ထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။
Myanmar Textile & Garment Directory
<<<Zawgyi>>>
COVID - 19 ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံတိုင်းတွင် စီးပွားရေးပိတ်ဆို့မှု ပြသာနာများနှင့်ရင်ဆိုင်နေရပါတယ်။
၂၀၁၉-၂၀၂၀ ဘဏ္ဌာနှစ်ဇန်နဝါရီလအတွက်မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာအမေရိကန်ဒေါ်လာ ၉၇၉ ဒသမ ၉၁ သန်း၊
နယ်စပ်ပို့ကုန်တန်ဖိုးမှာ ၅၀၈ ဒသမ ၂၅ သန်းနှသ့်စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၄၈၈ ဒသမ၁၆သန်းဖြစ်ပါသည်။
ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၇၇၂ ဒသမ ၀၇သန်း၊နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၈၀ ဒသမ ၁၃သန်းနှင့်
စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၀၅၂ ဒသမ ၂၀ သန်းဖြစ်ကြောင်းသိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဌာနှစ် ဇန်နဝါရီလအတွက်စုစုပေင်ူကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ န၅၄၀ ဒသမ ၃၆ သန်းဖြစ်ပြီး
စုစုပေါင်းကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၅၆၄ ဒသမ ၀၄ သန်းဖြစ်သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဌာနှစ် အောက်တိုဘာလမှဇန်နဝါရီလအထိမြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၇၀၂ ဒသမ ၂၁သန်း၊နယ်စပ်ပို့ကုန်တန်ဖိုးမှာ
အမေရိကန်ဒေါ်လာ ၂၅၄၈ ဒသမ ၀၉ သန်းနှင့်စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၂၅၀ ဒသမ ၃၀ သန်းဖြစ်သည်။ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၉၄၅ သန်း၊
နယ်စပ်သွင်းကုန်တန်ဖိုးမှာအမေရိကန်ဒေါ်လာ ဆ၀၉၇ ဒသမ ၄၆ သန်းနှင်ွစုစုပေါင်းသွင်းကုန်တန်ဖိုးမှာအမေရိကန်ဒေါ်လာ ၇၀၄၂ ဒသမ ၄၆ သန်းဖြစ်သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဌာနှစ်အောက်တိုဘာလမှ ဇန်နဝာရီလပထစုစုပေါင်းကုန်သွယ်မှုပမာဏမှာအမေရိကန်ဒေါ်လာ ၁၃၂၉၂ ဒသမ ၇၆ သန်းဖြစ်ပြီး
စုစုပေါင်းကုန်သွယ်မှုလိုငွေမှာအမေရိကန်ဒေါ်လာ ၇၉၂ ဒသမ ၁၆ သန်းဖြစ်ပေါ်ခဲ့ကြောင်းဗဟိုစာရင်းအဖွဲ့မှလစဉ်တင်ပြသောပို့ကုန်သွင်းကုန်အစီရင်ခံစာအရသိရသည်။
Myanmar Textile & Garment Directory
e
<<<Zawgyi>>>
လက်ရှိ ကမ္ဘာတစ်ဝှမ်းဖြစ်ပွားနေသောCOVID -19 ကူးစက်ရောဂါ ရိုက်ခတ်မှုကြောင့်ကမ္ဘာပေါ် ရှိ နိုင်ငံအသီးသီးတို့၏
အထည်အလိပ်ကဏ္ဌများသာမက ဖက်ရှင်အမှတ်တံဆိပ်ကုမ္ပဏီများပါ အခက်အခဲများနှင့်ရင်ဆိုင်နေရပါတယ်။
ထိုင်ဝမ်အထည်အလိပ်လုပ်ငန်းအမြောက်အများသည် သူတို့ထုတ်လုပ်နေသည့် ထုတ်ကုန်များအစား Covid 19 အတွက်လိုအပ်သည့် Surgical mask များနှင့်
ဗီယက်နမ်အထည်အလိပ် လုပ်ငန်းသည် ဝယ်သူများမှ မှာယူစာများကို ရပ်ဆိုင်းခြင်း ၊ အပြီးဖျက်သိမ်းခြင်း စသည့် ထုတ်လုပ်မှု
အပိုင်းပြဿနာများကြောင့် VND ၁၁ ထရီလီယံအထိ အရှုံးပေါ်နိုင်သည် ဟု တာဝန်ရှိသူများက ခန့်မှန်းထားကြပါတယ်။
အမေရိကန်နှင့်ဥရောပသမဂ္ဂ တို့သည် ဗီယက်နမ်နိုင်ငံမှ အထည်အလိပ်တင်ပို့မှုကို သုံးပတ်မှလေးပတ်ကာလအထိ
ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ဗီယက်နမ်အထည်ထုတ်လုပ်သူများအသင်းအား အကြောင်းကြားစာပေးပို့ခဲ့ပါတယ်။