What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဘင်္ဂလားဒေ့ရှ် အမျိုးသမီးများက အထည်အလိပ်ကဏ္ဍကို လှုပ်ခါရန်ရည်ရွယ်

လွန်ခဲ့သောငါးနှစ်က Sadeka Begumဟာ ဘင်္ဂလားဒေ့ရှ်ရှိ သူမ၏ မိသားစုအတွက် အဓိက ဝင်ငွေအဖြစ် အထည်ချုပ်စက်ရုံတွင် ၁၂ နာရီဆိုင်းအလုပ်များ လုပ်ကိုင်ခဲ့ပါတယ်။

 

ယနေ့မှာတော့ အသက် ၂၃ နှစ် အရွယ်ရှိပြီဖြစ်တဲ့ အမျိုးသမီးတစ်ဦးက အထူးတက္ကသိုလ်ရဲ့ ပထမဆုံးဘွဲ့ရတစ်ယောက်ဖြစ်လာပြီး အမျိုးသမီးတွေအတွက် ခေါင်းဆောင်ကောင်း ဖြစ်လာရန်နှင့် စက်မှုလုပ်ငန်းများတွင် အမျိုးသမီးအခွင့်အရေး တိုးမြှင့်ပေးရန် အတွက်ရည်ရွယ်လာပါတယ်။

 

ယခုအခါ ကုလသမဂ္ဂကလေးများအေဂျင်စီ ( United Nations children's agency UNICEF)တွင် အလုပ်သင်အဖြစ် စတင်လုပ်ကိုင်နေပြီးကျောင်းနှင့် ကလေးတွေကို စောင့်ရှောက်မှုကင်းမဲ့နေခြင်းကို ဖြေရှင်းဖို့နှင့် ဘင်္ဂလားဒေ့ရှ် အထည်အလိပ် အလုပ်သမားတွေရဲ့ ဘဝကို တိုးတက်လာစေရန် စီမံကိန်းတစ်ခုနဲ့ စတင်ဖို့ သူမကမျှော်လင့်နေပါတယ်။

 

ယခင်ပညာရေး အထည်ချုပ်လုပ်သားလေးဦး အနက်မှ တစ်ဦး ဖြစ်သူ Begumက အရှေ့တောင်ဘက်ဆိပ်ကမ်းမြို့တော် Chittagongအခြေစိုက်အာရှအမျိုးသမီးများတက္ကသိုလ် (Asian University for Women AUW) တွင် Pathways for Promise သင်တန်းမှ ဘွဲ့ရခဲ့သူတစ်ဦးဖြစ်ပြီး “ ပညာရေးကလူတစ်ယောက်ကို ဘယ်လိုပြောင်းလဲစေနိုင်တယ် ဆိုတာ ဒါက နမူနာတစ်ခုပါပဲ"

 

"ဘင်္ဂလားဒေ့ရှ်ရဲ့ စီးပွားရေး အခြေအနေကောင်းလာစေတာက အထည်ချုပ်လုပ်သားတွေကြောင့်ဖြစ်ပါတယ်။ သူတို့ရဲ့ ကလေးတွေက ပိုတော်တယ် " လို့ Begumက ပြောကြားခဲ့ပါတယ်။

 

ဒုက္ခသည်များ အပါအဝင် ချို့တဲ့သော အမျိုးသမီး ၄၇၀ ခန့်က ၂၀၁၆ ခုနှစ်မှစတင်ကာ အခမဲ့ ဘွဲ့သင်တန်းကို တက်ခဲ့ကြပြီး လေ့လာနေစဉ် လစဉ်ထောက်ပံ့ကြေးများရရှိကြပါတယ်။

 

(Asian University for Women AUW)ရဲ့ ဒုတိယ၀န်ကြီးချုပ် Nirmala Rao က ဘင်္ဂလားဒေ့ရှ်အထည်ချုပ်လုပ်ငန်းမှာ အမျိုးသမီးအလယ်တန်းနှင့် အကြီးတန်း မန်နေဂျာများရှားပါးမှုကို ကိုင်တွယ်ရန်အတွက် အလုပ်သင်များဖန်တီးရာ၌ ပါဝင်ပတ်သက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

 

အထည်ချုပ်လုပ်သားတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်က အမျိုးသမီးများဖြစ်ကြပြီး အထည်ချုပ် အလုပ်များ ကဲ့သို့ အငယ်တန်းရာထူးများနှင့်အကြီးတန်းစီမံခန့်ခွဲမှု ရာထူးအများစုကို အမျိုးသားတွေက နေရာယူထားတယ်လို့ UN dataအရ သိရပါတယ်။

 

နိုင်ငံ၏ အထည်ချုပ်လုပ်ငန်းအကြီးမားဆုံး ကုန်သွယ်ရေးအသင်း၏ အကြီးအကဲနှင့် ပညာရပ်ဆိုင်ရာသင်တန်းဒီဇိုင်းတွင် ပါဝင်ခဲ့သော Rubana Huq က ဘွဲ့ရသူများသည် အထည်ချုပ်ကဏ္ဍတွင် စီမံခန့်ခွဲမှုရာထူးများ ထမ်းဆောင်ခြင်းကို မြင်တွေ့ရခြင်းက အခြားအမျိုးသမီးများအား အိပ်မက်မက်ရန်လှုံ့ဆော် လိမ့်မည်ဟုပြောကြားခဲ့ပါတယ်။ "သူတို့မှာ ကွဲပြားတဲ့ အမြင်တွေရှိပြီး သူတို့ရဲ့အမြင်တွေက အရမ်းတန်ဖိုးရှိတယ်။ အမျိုးသမီး စွမ်းရည်မြှင့်တင်ရေးကို သူတို့ ဘယ်လိုရှုမြင်နိုင်မလဲဆိုတာကို ကူညီနိုင်မှာပါ" လို့ Huq က Thomson Reuters Foundation သို့ပြောကြားခဲ့ပါတယ်။

 

ဘင်္ဂလားဒေ့ရှ်က တရုတ်နိုင်ငံပြီးလျှင် အနောက်နိုင်ငံများသို့ ကမ္ဘာ့ဒုတိယအဝတ်အထည်အများဆုံးတင်ပို့သည့်နိုင်ငံဖြစ်ပြီး ပို့ကုန် ၈၀ ရာခိုင်နှုန်းကျော်နှင့် အလုပ်အကိုင် ၄ သန်းအတွက် အထည်ချုပ်လုပ်ငန်းကို မှီခိုနေရပါတယ်။၂၀၁၃ ခုနှစ်မှာ ပထမဦးဆုံး ဒါကာမြို့ဆင်ခြေဖုံးက Rana Plaza ပြိုကျပြီးနောက် အလုပ်သမား ၁၃၁၆ ဦး သေဆုံးခဲ့ပါတယ်။

 

ထိုဖြစ်ရပ်ကြောင့် အလုပ်သမားအခွင့်အရေးနှင့် အခြေအနေများတိုးတက်လာရန် အားထုတ်မှုများ ဖြစ်ပေါ်ခဲ့ကြသော်လည်း Coronavirus ဖြစ်ပွားမှုကြောင့် ကမ္ဘာ့တစ်ဝန်း အနောက်တိုင်းဖက်ရှင်အမှတ်တံဆိပ် စတိုးဆိုင်များပိတ်ရအတွက် ထောင်ပေါင်းများစွာသော အထည်ချုပ်လုပ်သားတွေက မကြာသေးမီ လများအတွင်း အလုပ်လက်မဲ့ဖြစ်သွားကြပါတယ်။

 

အမေရိကန်အထက်လွှတ်တော်ကော်မတီရဲ့ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာမှာ ဘင်္ဂလားဒေ့ရှ်က အထည်ချုပ်လုပ်သားတွေရဲ့ အခွင့်အရေးများကို ဆန့်ကျင်သည့်သဘောပြုနေတယ် လို့တွေ့ရှိရပါတယ်။ ဒါ့ကြောင့် သမဂ္ဂခေါင်းဆောင်တွေရဲ့ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်ခဲ့ရပါတယ်။

 

စက်ရုံပိုင်ရှင်တွေက အစီရင်ခံစာရဲ့ တွေ့ရှိချက်တွေကို တိကျမှန်ကန်မှုမရှိကြောင်း ပယ်ချခဲ့ပါတယ်။ ဒေသခံသုတေသီတွေက စက်ရုံငယ်များနှင့် ကန်ထရိုက်တာများအကြား အလုပ်သမားတွေကို နှုတ်ကတိ အလွဲသုံးစားပြုမှုတွေ ပိုများလာတယ်လို့ဆိုပါတယ်။

 

IKEA ဖောင်ဒေးရှင်းနှင့် ဘီလ်နှင့် မယ်လင်ဒါဂိတ်စ် ဖောင်ဒေးရှင်းများအပါအဝင် အလှူရှင်တွေက ငွေကြေးထောက်ပံ့ပေးသော တက္ကသိုလ်မှာ အများအားဖြင့် အာရှနှင့်အရှေ့အလယ်ပိုင်းမှ အမျိုးသမီးတွေက ပြည်သူ့ကျန်းမာရေး၊ စိတ်တဗေဒနှင့် နိုင်ငံရေးစတဲ့ ဘာသာရပ်များဖြင့် ဘွဲ့ရရှိထားပါတယ်။

 

အထည်ချုပ်လုပ်ငန်းမှ ပညာဆည်းပူးသူတွေက လေ့လာနေစဉ် သူတို့ရဲ့ အလုပ်ရှင်များထံမှ တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၀၀ တန်သောလစာကို အပြည့်အဝရကြပါတယ်။

 

ယခင်က အထည်ချုပ်လုပ်သားတွေက သူတို့ရဲ့ သင်တန်းအတွက် ဝင်ခွင့်စာမေးပွဲကိုဖြေဆိုခဲ့ရပါတယ်။သူတို့ရဲ့ အင်္ဂလိပ်စာတိုးတက်အောင် လုပ်ဆောင်ပေး သကဲ့သို့ ပညာရေးဘဝနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ခြင်းက စိန်ခေါ်မှုတစ်ခု ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။

 

ဘွဲ့ရတစ်ယောက်က သူမက အစတုန်းက အင်္ဂလိပ်စာ အလုံအလောက်မကောင်းတာကြောင့် အခြားတစ်ယောက်ရဲ့ အမူအရာကိုကြည့်ပြီး စကားပြောခဲ့ရတဲ့အတွက် ဘာသာစကားကိုလေ့ကျင့်ဖို့ အရေးကြီးကြောင်း ပြောပြခဲ့ပါတယ်။

 

ဒီဇင်ဘာလမှာ ဘွဲ့ယူရန် စီစဉ်ထားသူသ Dipali Khatunက သူမ ရည်မှန်းချက်က ပရဟိတလုပ်ငန်းမှာ လုပ်ကိုင်ရန် သို့မဟုတ် လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍမှ အထည်ချုပ်လုပ်ငန်းကို ပြန်လာပြီးအကျိုးပြုရန် ရည်ရွယ်တာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။

 


ဘင်္ဂလားဒေ့ရှ် အလုပ်သမားပေါင်းစည်းရေး ဗဟိုဌာနကို တည်ထောင်သူ Kalpona Akterက အထည်ချုပ်လုပ်သားများ အားလုံးက အခြားအခွင့်အလမ်းများကို ရှာဖွေခြင်းထက် အထည်ချုပ်လုပ်ငန်းကဏ္ဍ ကို ပြန်အကျိုးပြုလိမ့်မယ်လို့ မျှော်လင့်ကြောင်းပြောကြားခဲ့ပါတယ်။

 

“ပညာလေ့လာနေတဲ့မိန်းကလေး ၁၀၀ ဟာ စက်ရုံ ၁၀၀ ထဲကို ဝင်မယ်ဆိုရင် အလုပ်သမားတွေရဲ့ဘ၀တွေ ဘယ်လောက်ခက်ခဲတယ်ဆိုတာကို သူတို့တွေ့မြင်ခဲ့လို့ အထည်ချုပ်လုပ်ငန်းနယ်ပယ်အတွင်းမှာ အပြောင်းအလဲဖြစ်လာနိုင်ပါတယ်။ အကယ်၍ သူတို့က တခြားစက်မှုလုပ်ငန်းတွေနဲ့ ပူးပေါင်းမယ်ဆိုရင်လည်း သူတို့ဟာရာထူးကောင်းကောင်းတစ်ခုရရှိလိမ့်မယ်"လို့ Kalpona Akterက ပြောကြားခဲ့ပါတယ်။

 

Source:ChannelNewsAsia

Read 1379 times
Rate this item
(0 votes)