What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသုံးခု ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ရရှိ

လက်ခစားအထည်ချုပ်လုပ်ငန်းအပါအ၀င် ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသုံးခု

ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ရရှိခဲ့ကြောင်း သိရပါတယ်။

မင်္ဂလာဒုံမြို့နယ် ရန်ကုန်စက်မှုဇုန်တွင် ဖျော်ရည်ဘူးခွံများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းကို ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖြစ် Crown Beverage Cans Myanmar Limited က လုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် Power System Installation and Maintenance of Telecommunication Equipment Services လုပ်ငန်းကို Linfra Limited က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအဖြစ် လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန်တွင် လက်ခစားစနစ်ဖြင့် အထည်ချုပ်လုပ်ငန်းကို ရာခိုင်နှုန်းအပြည့် ပြည်ပရင်းနှီးမြှုပ်နှံမှုအဖြစ် Kingsrich(Myanmar) Fashion Limited က လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Source: Daily Eleven

Read 1590 times
Rate this item
(1 Vote)