What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Zara ထူေထာင္သူ အပုိင္း(၁)

(Zawgyi+Unicode)
Zara ဖက္ရွင္လုပ္ငန္းကုိ ထူေထာင္သူ အမင္စီယုိ ၾသတီဂါသည္ ဇီလ်ံနာ Zillionaire တစ္ဦး ျဖစ္လာခဲ့သည္။

ဇီလ်ံနာသည္ အလြန္အမင္းခ်မ္းသာသူကုိ ဆုိလုိသည္။
ၾသတီဂါသည္ ယခုအခါ အသက္ ၈၀ ႏွစ္ ရွိၿပီျဖစ္ၿပီးသူ႔တန္ဖုိးသည္ ကန္ေဒၚလာ ၇၈ ဘီလ်ံ တန္ဖုိး ရွိသည္။ ထုိသုိ႔ လြန္လြန္ကဲကဲ ခ်မ္းသာသည့္ သူေဌးျဖစ္လာသူ ၾသတီဂါသည္ ၁၃ ႏွစ္သားတြင္ ေက်ာင္းထြက္ခဲ့ရသည္။ Zara ကုိ ထူေထာင္သည္။ ကမ႓ာ့အေအာင္ျမင္ဆုံး ဖက္ရွင္လုပ္ငန္း ျဖစ္လာသည္။ ၾသတီဂါသည္ အံ့ၾသရေလာက္ေအာင္ ကန္ေဒၚလာ ၇၈ ဘီလ်ံ တန္ဖုိးရွိသူ ျဖစ္လာသည္။

Zara ၏ မိခင္ကုမၸဏီျဖစ္ေသာ Inditex က ၂၀၁၆-၁၇ ဘ႑ာေရးႏွစ္အတြက္ အျမတ္ေ၀စုကုိ ခြဲေ၀ေသာအခါ Inditex ၏ ရွယ္ယာ ၅၉% ကုိ ပုိင္ဆုိင္ထားေသာ ၾသတီဂါသည္ အျမတ္ေ၀စု ကန္ေဒၚလာ ၁.၄ ဘီလ်ံ ရရွိသည္။
သူသည္ ကမ႓ာေပၚတြင္ အခ်မ္းသာဆုံးပုဂိၢဳလ္အျဖစ္သုိ႔ ေရာက္ရွိေနသည္။ သူက အုိင္တီသူေဌးႀကီးမ်ားကုိ ဖက္ရွင္ျဖင့္ ေက်ာ္တက္ခဲ့သူ ျဖစ္သည္။ သူသည္ ဆိပ္ကမ္းၿမိဳ႕ျဖစ္ၿပီး လူဦးေရ ႏွစ္သိန္းခြဲနီးပါးရွိေသာ လာကုိယူနာၿမိဳ႕ကေလးကုိ တစ္ခ်ိန္တုန္းက ငါးဖမ္းလုပ္ငန္းႏွင့္ အလူမီနီယမ္တုိ႔ လုပ္ကုိင္ခဲ့သည့္ ၿမိဳ႕ကေလးအျဖစ္မွ ဖက္ရွင္စတုိင္လ္မ်ား ထုတ္လုပ္သည့္ ၿမိဳ႕အျဖစ္သုိ႔ ေရာက္ေစခဲ့သူလည္း ျဖစ္သည္။ ဥေရာပတြင္ ပါရီႏွင့္ မီလန္တုိ႔နည္းတူ ဖက္ရွင္ထည္ေလာကအတြက္ အေရးပါေသာ ၿမိဳ႕တစ္ၿမိဳ႕အျဖစ္သုိ႔ ေရာက္ေစခဲ့ေပသည္။

otega

 

High Street
ဖက္ရွင္ထည္မ်ားတြင္ ဟုိင္းစထရိ High Street အ၀တ္အစားတုိ႔သည္ အၿမိဳ႕ၿမိဳ႕ အနယ္နယ္ရွိ သာမန္အ၀တ္အစားဆုိင္မ်ားတြင္ ၀ယ္ယူ၍သည့္ ဖက္ရွင္ထည္မ်ားကုိ ဆုိလုိသည္။ ဖက္ရွင္ဒီဇုိင္းနာတုိ႔က အထူးတလည္ ခ်ဳပ္လုပ္ေရာင္းခ်သည့္ ဖက္ရွင္ထည္မ်ဳိး မဟုတ္ေခ်။ ၾသတီဂါသည္ ဟုိင္စထရိ ဖက္ရွည္ထည္မ်ားကုိ ေျမလွန္ေျပာင္းလဲေပးခဲ့သူ ျဖစ္သည္။ ေခတ္ဆန္ေၾကာ့ေမာ့ဟန္ ဖက္ရွင္တုိ႔ကုိ လူလတ္တန္းစား အမ်ဳိးသမီး အမ်ဳိးသားမ်ား ၀ယ္၀တ္ဖုိ႔ တတ္ႏုိင္သည့္ ေဈးႏႈန္းျဖင့္ လက္လွမ္းမီေအာင္ ၾသတီဂါက ႀကံဆဖန္တီးေပးခဲ့သည္။

ဇာတ္လမ္းအစ
ၾသတီဂါကုိ စပိန္ႏုိင္ငံ၌ ၁၉၃၆ ခုႏွစ္တြင္ ေမြးဖြားခဲ့သည္။ ထုိစဥ္က စပိန္သည္ ျပည္တြင္းစစ္ေၾကာင့္ မြမြေၾကၿပီး စုတ္ျပတ္ေနေသာ အထည္စတစ္စျဖစ္ေနသည္။ ဖခင္သည္ အထက္၌ ဆုိခဲ့သည့္ လာကုိယူနာၿမိဳ႕ကေလးတြင္ ရထားလမ္း၀န္ထမ္းတစ္ဦး ျဖစ္သည္။ သူတုိ႔ မိသားစုသည္ ရထားလမ္းနေဘး တဲစုပ္ျဖင့္ ေနထုိင္ၾကရသည္။ ရထားသြားတုိင္း အိမ္က သိမ့္သိမ့္ခါေနသည္။
သူတုိ႔ မိသားစု ဆင္းရဲသည္ကုိ ေျပာျပဖုိ႔ လုိမည္မထင္ေခ်။ ၾသတီဂါက သူ၏ အတၳဳပၸတၱိ ေရးသားသူက ေမးျမန္းသည္ကုိ ေျဖၾကားခဲ့ရာ၌ သူငယ္စဥ္က အရွက္ကြဲရပုံတစ္ခုကုိ ေျပာျပခဲ့သည္။ မိခင္ႏွင့္အတူ ကုန္စိမ္းဆုိင္တြင္ သြား၀ယ္ရာ၌ ဆုိင္က သူ႔အေမကုိ အေၾကြးထပ္မေပးႏုိင္ေၾကာင္း ေမာက္ေမာက္မာမာ ေျပာဆုိကာ ျငင္းခံရသည္။ ဆုိင္မွာ အျပစ္မရွိေခ်။ သူ႔အေမက အေၾကြးယူေပါင္းမ်ားလွၿပီ။ ျပန္မဆပ္သည္ကလည္း မ်ားလွၿပီ။ ထုိသုိ႔ ႀကံဳခ်ိန္တြင္ သူ႔အသက္ ၁၃ ႏွစ္ရွိၿပီ။ သူက တစ္ထုိင္တည္း ဆုံးျဖတ္လုိက္သည္။ တက္လက္စျဖစ္ေသာ ေက်ာင္းမွ ထြက္လုိက္သည္။ ရွပ္အကႌ်ခ်ဳပ္သည့္ဆုိင္တြင္ အလုပ္၀င္လုပ္ၿပီး အိမ္စရိတ္ကုိ တစ္ဖက္တစ္လမ္းမွ ရွာေဖြေပးသည္။ သူက သြက္လက္ခ်က္ခ်ာသည္။ ခုိင္းလုိက္လွ်င္ ျဖစ္ေအာင္လုပ္သည္။
ေလးႏွစ္အၾကာတြင္ အ၀တ္အစား စတုိးဆုိင္ပုိင္ရွင္တစ္ဦးက သူ႔ကုိ သေဘာက်သျဖင့္ ဆုိင္မွာ မန္ေနဂ်ာအျဖစ္ ေခၚယူခန္႔ထားလုိက္သည္။
ထုိဆုိင္တြင္ ဆုိင္အကူ မိန္းကေလး ႐ုိစာလီယာ မီယာႏွင့္ ဆုံဆည္းခဲ့ၿပီး သူ၏ ပထမဇနီးအျဖစ္သုိ႔ ေရာက္ရွိခဲ့သည္။ သူ႔ကုိယ္ပုိင္ဆုိင္ ထူေထာင္လုပ္ကုိင္ေသာအခါ ကူညီေပးေသာ ပါရမီျဖည့္ဘက္ ျဖစ္သည္။

Zara အစ
သူ႔အသက္ ၂၆ ႏွစ္တြင္ ၾသတီဂါသည္ ဇနီးသည္ႏွင့္ ညီျဖစ္သူ အန္တုိနီယုိတုိ႔၏ ကူညီမႈမ်ားျဖင့္ ကုိယ္ပုိင္ အ၀တ္အစားခ်ဳပ္လုပ္ၿပီး ထုတ္လုပ္ေရာင္းခ်ျခင္းကုိ စတင္လုိက္သည္။ ေခ်ာင္က်က်ေနရာရွိ ေနရာတစ္ေနရာကုိ ငွားရမ္းၿပီး လုပ္ကုိင္သည္။

ေဆာင္းတြင္း အေအးၾကမ္းခ်ိန္တြင္ အိ္မ္အမ်ားစုသည္ အပူေပးစနစ္ မရွိၾကသျဖင့္ အေအးဒဏ္ကုိ ခုခံရန္ စတုိင္လ္က်သည့္ အေႏြးထည္ကုိ ၾသတီဂါ ႀကံဆဖန္တီးၿပီး ခ်ဳပ္လုပ္ကာ ထုတ္လုပ္ေရာင္းခ်သည္။ အတြင္းမွာ ဂြမ္းကပ္သားတစ္ထပ္ ထည့္ခ်ဳပ္ေပးထားသည္။ ထုိဖက္ရွင္အေႏြးထည္မ်ား ေရာင္းေကာင္းခဲ့သည္။

ၾသတီဂါက သူ႔စတုိးဆုိင္ကုိ Zorba the Greek ႐ုပ္ရွင္ကားမွ အမည္ကုိ ယူၿပီး Zorba ဟု အမည္ေပးသည္။ သုိ႔ေသာ္ ႏွစ္ဘေလာက္သာ ေ၀းသည့္ေနရာတြင္ Zorba အမည္ျဖင့္ ဘားအရက္ဆုိင္တစ္ဆုိင္ ရွိေနသည္ကုိ သိရသျဖင့္ သူ႔ဆုိင္ကုိ အမည္ေျပာင္းဖုိ႔ ဆုံးျဖတ္လုိက္သည္။ Zara ဟု အမည္ေပးလုိက္သည္။ ၎စတုိးဆုိင္တြင္ ေဈးႀကီးသည့္ ဖက္ရွင္ထည္မ်ားမွ ေရပန္းစားသည္ ဖက္ရွင္စတုိင္လ္မ်ားကုိ ဆင္တူ႐ုိးမွား ျပဳၿပီး ခ်ဳပ္လုပ္ကာ သက္သာသည့္ေဈးႏႈန္းျဖင့္ ေရာင္းခ်ရာ ေအာင္ျမင္ခဲ့သည္။

ၾသတီဂါ တကယ္ေတာ္သည္မွာ ဖက္ရွင္ထည္ထုတ္လုပ္ျခင္းကုိ ကမွ အ အထိ အစမွအဆုံး ထိန္းခ်ဳပ္ထားျခင္းေၾကာင့္ ရရွိလာသည့္ အားသာခ်က္မ်ားကုိ ပုိင္ပုိင္ႏုိင္ႏုိင္ အသုံးခ်တတ္ျခင္း ျဖစ္သည္။ အျခားအ၀တ္အစားကုမၸဏီမ်ားသည္ အ၀တ္အစား ျဖစ္လာသည့္အဆင့္အထိသာ လုပ္ကုိင္သည္။ ျဖန္႔ျဖဴးေရာင္းခ်သည့္အခါ ကုိယ္စားလွယ္ေပးသည္။ လက္ကားကုိယ္စားလွယ္ထားရွိၿပီး ၎မွတစ္ဆင့္ လက္လီ ယူေရာင္းသူမ်ားထံ ျဖန္႔ျဖဴးသည္။ ၾသတီဂါက ထုိအဆင့္ဆင့္တုိ႔ အကုန္လုံးကုိ မိမိ၏ ကုမၸဏီမွသာ တာ၀န္ယူလုပ္ကုိင္ေစသည္။ ၾကားလူ မထားရဟူသည့္မူကုိ တင္းတင္းက်ပ္က်ပ္ ဆုပ္ကုိင္ထားသည္။ ထုိအတုိင္း ယေန႔တုိင္ လုပ္ကုိင္ဆဲျဖစ္သည္။

 Zara ထူေထာင္သူ အပုိင္း(၂) ဖတ္ရႈရန္လင့္

Zara ထူေထာင္သူ အပုိင္း(၂)

Zara ထူေထာင္သူ အပုိင္း(၃) ဖတ္ရႈရန္လင့္

Zara ထူေထာင္သူ အပုိင္း(၃)

 

 

Zara ထူထောင်သူ အပိုင်း(၁)
=========================
Unicode
Zara ဖက်ရှင်လုပ်ငန်းကို ထူထောင်သူ အမင်စီယို သြတီဂါသည် ဇီလျံနာ Zillionaire တစ်ဦး ဖြစ်လာခဲ့သည်။ ဇီလျံနာသည် အလွန်အမင်းချမ်းသာသူကို ဆိုလိုသည်။
သြတီဂါသည် ယခုအခါ အသက် ၈၀ နှစ် ရှိပြီဖြစ်ပြီးသူ့တန်ဖိုးသည် ကန်ဒေါ်လာ ၇၈ ဘီလျံ တန်ဖိုး ရှိသည်။ ထိုသို့ လွန်လွန်ကဲကဲ ချမ်းသာသည့် သူဌေးဖြစ်လာသူ သြတီဂါသည် ၁၃ နှစ်သားတွင် ကျောင်းထွက်ခဲ့ရသည်။ Zara ကို ထူထောင်သည်။ ကမ္ဘာ့အအောင်မြင်ဆုံး ဖက်ရှင်လုပ်ငန်း ဖြစ်လာသည်။ သြတီဂါသည် အံ့သြရလောက်အောင် ကန်ဒေါ်လာ ၇၈ ဘီလျံ တန်ဖိုးရှိသူ ဖြစ်လာသည်။

Zara၏ မိခင်ကုမ္ပဏီဖြစ်သော Inditex က ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွက် အမြတေ်ဝစုကို ခွေဲဝသောအခါ Inditex၏ ရှယ်ယာ ၅၉% ကို ပိုင်ဆိုင်ထားသော သြတီဂါသည် အမြတေ်ဝစု ကန်ဒေါ်လာ ၁.၄ ဘီလျံ ရရှိသည်။
သူသည်ကမ္ဘာပေါ်တွင်အချမ်းသာဆုံးအဖြစ်သို့ ရောက်ရှိနေသည်။ သူက အိုင်တီသူဌေးကြီးများကို ဖက်ရှင်ဖြင့် ကျော်တက်ခဲ့သူ ဖြစ်သည်။

သူသည် ဆိပ်ကမ်းမြို့ဖြစ်ပြီး လူဦးရေ နှစ်သိန်းခွဲနီးပါးရှိသော လာကိုယူနာမြို့ကလေးကို

တစ်ချိန်တုန်းက ငါးဖမ်းလုပ်ငန်းနှင့် အလူမီနီယမ်တို့ လုပ်ကိုင်ခဲ့သည့် မြို့ကလေးအဖြစ်မှ

ဖက်ရှင်စတိုင်လ်များ ထုတ်လုပ်သည့် မြို့အဖြစ်သို့ ရောက်စေခဲ့သူလည်း ဖြစ်သည်။

ဥရောပတွင် ပါရီနှင့် မီလန်တို့နည်းတူ ဖက်ရှင်ထည်လောကအတွက်

အရေးပါသော မြို့တစ်မြို့အဖြစ်သို့ ရောက်စေခဲ့ပေသည်။

 

High Street
ဖက်ရှင်ထည်များတွင် ဟိုင်းစထရိ High Street အဝတ်အစားတို့သည် အမြို့မြို့ အနယ်နယ်ရှိ သာမန်အဝတ်အစားဆိုင်များတွင် ဝယ်ယူ၍သည့် ဖက်ရှင်ထည်များကို ဆိုလိုသည်။ ဖက်ရှင်ဒီဇိုင်းနာတို့က အထူးတလည် ချုပ်လုပ်ရောင်းချသည့် ဖက်ရှင်ထည်မျိုး မဟုတ်ချေ။ သြတီဂါသည် ဟိုင်စထရိ ဖက်ရှည်ထည်များကို မြေလှန်ပြောင်းလဲပေးခဲ့သူ ဖြစ်သည်။ ခေတ်ဆန်ကြော့မော့ဟန် ဖက်ရှင်တို့ကို လူလတ်တန်းစား အမျိုးသမီး အမျိုးသားများ ဝယ်ဝတ်ဖို့ တတ်နိုင်သည့် ဈေးနှုန်းဖြင့် လက်လှမ်းမီအောင် သြတီဂါက ကြံဆဖန်တီးပေးခဲ့သည်။

ဇာတ်လမ်းအစ
သြတီဂါကို စပိန်နိုင်ငံ၌ ၁၉၃၆ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ထိုစဉ်က စပိန်သည် ပြည်တွင်းစစ်ကြောင့် မွမွကြပြေီး စုတ်ပြတ်နေသော အထည်စတစ်စဖြစ်နေသည်။ ဖခင်သည် အထက်၌ ဆိုခဲ့သည့် လာကိုယူနာမြို့ကလေးတွင် ရထားလမ်းဝန်ထမ်းတစ်ဦး ဖြစ်သည်။ သူတို့ မိသားစုသည် ရထားလမ်းနဘေး တဲစုပ်ဖြင့် နေထိုင်ကြရသည်။ ရထားသွားတိုင်း အိမ်က သိမ့်သိမ့်ခါနေသည်။
သူတို့ မိသားစု ဆင်းရဲသည်ကို ပြောပြဖို့ လိုမည်မထင်ချေ။ သြတီဂါက သူ၏ အတ္ထုပ္ပတ္တိ ရေးသားသူက မေးမြန်းသည်ကို ဖြကြေားခဲ့ရာ၌ သူငယ်စဉ်က အရှက်ကွဲရပုံတစ်ခုကို ပြောပြခဲ့သည်။ မိခင်နှင့်အတူ ကုန်စိမ်းဆိုင်တွင် သွားဝယ်ရာ၌ ဆိုင်က သူ့အမေကို အကြွေးထပ်မပေးနိုင်ကြောင်း မောက်မောက်မာမာ ပြောဆိုကာ ငြင်းခံရသည်။ ဆိုင်မှာ အပြစ်မရှိချေ။ သူ့အမေက အကြွေးယူပေါင်းများလှပြီ။ ပြန်မဆပ်သည်ကလည်း များလှပြီ။ ထိုသို့ ကြုံချိန်တွင် သူ့အသက် ၁၃ နှစ်ရှိပြီ။ သူက တစ်ထိုင်တည်း ဆုံးဖြတ်လိုက်သည်။ တက်လက်စဖြစ်သော ကျောင်းမှ ထွက်လိုက်သည်။ ရှပ်အင်္ကျီချုပ်သည့်ဆိုင်တွင် အလုပ်ဝင်လုပ်ပြီး အိမ်စရိတ်ကို တစ်ဖက်တစ်လမ်းမှ ရှာဖွေပေးသည်။ သူက သွက်လက်ချက်ချာသည်။ ခိုင်းလိုက်လျှင် ဖြစ်အောင်လုပ်သည်။
လေးနှစ်အကြာတွင် အဝတ်အစား စတိုးဆိုင်ပိုင်ရှင်တစ်ဦးက သူ့ကို သဘောကျသဖြင့် ဆိုင်မှာ မန်နေဂျာအဖြစ် ခေါ်ယူခန့်ထားလိုက်သည်။
ထိုဆိုင်တွင် ဆိုင်အကူ မိန်းကလေး ရိုစာလီယာ မီယာနှင့် ဆုံဆည်းခဲ့ပြီး သူ၏ ပထမဇနီးအဖြစ်သို့ ရောက်ရှိခဲ့သည်။ သူ့ကိုယ်ပိုင်ဆိုင် ထူထောင်လုပ်ကိုင်သောအခါ ကူညီပေးသော ပါရမီဖြည့်ဘက် ဖြစ်သည်။

Zara အစ
သူ့အသက် ၂၆ နှစ်တွင် သြတီဂါသည် ဇနီးသည်နှင့် ညီဖြစ်သူ အန်တိုနီယိုတို့၏ ကူညီမှုများဖြင့် ကိုယ်ပိုင် အဝတ်အစားချုပ်လုပ်ပြီး ထုတ်လုပ်ရောင်းချခြင်းကို စတင်လိုက်သည်။ ချောင်ကျကျနေရာရှိ နေရာတစ်နေရာကို ငှါးရမ်းပြီး လုပ်ကိုင်သည်။

ဆောင်းတွင်း အအေးကြမ်းချိန်တွင် အိ်မ်အများစုသည် အပူပေးစနစ် မရှိကြသဖြင့် အအေးဒဏ်ကို ခုခံရန် စတိုင်လ်ကျသည့် အနွေးထည်ကို သြတီဂါ ကြံဆဖန်တီးပြီး ချုပ်လုပ်ကာ ထုတ်လုပ်ရောင်းချသည်။ အတွင်းမှာ ဂွမ်းကပ်သားတစ်ထပ် ထည့်ချုပ်ပေးထားသည်။ ထိုဖက်ရှင်အနွေးထည်များ ရောင်းကောင်းခဲ့သည်။

သြတီဂါက သူ့စတိုးဆိုင်ကို Zorba the Greek ရုပ်ရှင်ကားမှ အမည်ကို ယူပြီး Zorba ဟု အမည်ပေးသည်။

သို့သော်

နှစ်ဘလောက် သာ

 ေဝး

သည့်နေရာတွင်

Zorba အမည်ဖြင့် ဘားအရက်ဆိုင်တစ်ဆိုင် ရှိနေသည်ကို

သိရသဖြင့်

သူ့ဆိုင်ကို အမည်ပြောင်းဖို့ ဆုံးဖြတ်လိုက်သည်။

Zara ဟု အမည်ပေးလိုက်သည်။၎င်းစတိုးဆိုင်တွင် ဈေးကြီးသည့် ဖက်ရှင်ထည်များမှ ရေပန်းစားသည်

ဖက်ရှင်စတိုင်လ်များကို ဆင်တူရိုးမှား ပြုပြီး ချုပ်လုပ်ကာ သက်သာသည့်ဈေးနှုန်းဖြင့် ရောင်းချရာ အောင်မြင်ခဲ့သည်။

သြတီဂါ တကယ်တော်သည်မှာ ဖက်ရှင်ထည်ထုတ်လုပ်ခြင်းကို ကမှ အ အထိ အစမှအဆုံး ထိန်းချုပ်ထားခြင်းကြောင့် ရရှိလာသည့် အားသာချက်များကို ပိုင်ပိုင်နိုင်နိုင် အသုံးချတတ်ခြင်း ဖြစ်သည်။ အခြားအဝတ်အစားကုမ္ပဏီများသည် အဝတ်အစား ဖြစ်လာသည့်အဆင့်အထိသာ လုပ်ကိုင်သည်။ ဖြန့်ဖြူးရောင်းချသည့်အခါ ကိုယ်စားလှယ်ပေးသည်။ လက်ကားကိုယ်စားလှယ်ထားရှိပြီး၎င်းမှတစ်ဆင့် လက်လီ ယူရောင်းသူများထံ ဖြန့်ဖြူးသည်။ သြတီဂါက ထိုအဆင့်ဆင့်တို့ အကုန်လုံးကို မိမိ၏ ကုမ္ပဏီမှသာ တာဝန်ယူလုပ်ကိုင်စေသည်။ ကြားလူ မထားရဟူသည့်မူကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ ထိုအတိုင်း ယနေ့တိုင် လုပ်ကိုင်ဆဲဖြစ်သည်။

Zara ထူထောင်သူ အပိုင်း(၂) ဖတ်ရှုရန်လင့်

Zara ထူေထာင္သူ အပုိင္း(၂)

Zara ထူထောင်သူ အပိုင်း(၃) ဖတ်ရှုရန်လင့်

Zara ထူထောင်သူ အပိုင်း(၃)

Read 1531 times
Rate this item
(0 votes)