What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သတို့သမီးလေးတွေ အတွက် ၂၀၂၀ မှာ ခေတ်စားလာမယ့် Wedding Dress များ

သတို့သမီးလေးတွေ အတွက် ၂၀၂၀ မှာ ခေတ်စားလာမယ့် Wedding Dress များ google

မင်္ဂလာဆောင်လို့ ကြားလိုက်တာနဲ့ သတို့သမီးလောင်းလေးတို့ ပထမဆုံး စဉ်းစားမိတာက မင်္ဂလာပွဲမှာ လှလှပပလေး ဖြစ်အောင် ဘယ်လို ပုံစံလေး ဝတ်မလဲ

ဆိုတာပါ။ အရောင်၊ ဒီဇိုင်းတွေက ကိုယ့်စိတ်တိုင်းကျဖြစ်ပြီး ခေတ်လည်းမီတာမျိုးလိုချင်ကြမှာပါ။ ဒီတော့ ဘယ်လိုဒီဇိုင်းလေးတွေခေတ်စားနေလဲဆိုတာသိထားဖို့တော့ လိုပါတယ်နော်။

ဇာတဝက်ပါတဲ့ဝတ်စုံ

သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာဝတ်စုံကို ဇာလည်းပါချင်တယ်၊ ပြောင်ပိတ်စ အသားလေးလည်းပါချင်တယ်ဆိုရင်တော့ ဒီလို ဒီဇိုင်းမျိုးကိုရွေးလို့ရပါတယ်။ ဒီနှစ်တွေမှာဇာတွေလည်းပိုပြီး ခေတ်စားလာတာကြောင့် ဝတ်စုံကို ဝိတ်အရမ်းများတာမျိုး မဝတ်ချင်ဘူးဆိုရင် ဒါမျိုးလေးရွေးပါ။ ညစာစားပွဲလောက်ပဲဆိုရင်လည်းသင့်တော်တဲ့ဝတ်စုံပါနော်။

Read: ဒီဇိုင်နာ မင်းသက်စံ ဖန်တီးထားတဲ့ တော်ဝင် မင်္ဂလာဝတ်စုံ

 အတွန့်အခေါက်များတဲ့ဝတ်စုံ

အနောက်တိုင်းမင်္ဂလာဝတ်စုံတွေမှာ အတွန့်အခေါက်ပါလေ့ရှိတာသိပြီးသားဖြစ်မှာပါ။ သတို့သမီးလေးတော်တော်များများလည်း ဒီလိုမျိုးဝတ်လေ့ရှိကြပါတယ်။ (၂၀၂၀) မှာတော့ အတွန့်အခေါက်တွေကို ဇာပါးပါးလေးတွေနဲ့ မဟုတ်ဘဲ ပြောင်ပိတ်စလေးတွေနဲ့ တွန့်တာမျိုး ခေတ်စားလာပါတယ်။

 ဇာနှစ်ထပ်

သတို့သမီးလေးတို့ ဝတ်စုံကနေ အနောက်ဘက်ကို ဖြာကျနေတဲ့ Veil မှာ ဇာတွေအပြည့် ထိုးထားတာမျိုး ပိုပြီး ခေတ်စားလာပါတယ်။ ပုဝါမကြိုက်တဲ့ သတို့သမီိးလေးတွေအတွက် အဆင်ပြေစေမယ့် ဒီဇိုင်းပါနော်။

အဝိုင်းပုံစံ

ပုဝါရှည် မကြိုက်ဘူး၊ ဂါဝန်ကနေဖြာဆင်းတဲ့ အရှည်လည်းမလိုချင်ဘူးဆိုတဲ့သူတွေအတွက် ခါးလယ်ကနေ နောက်ထပ်ပိတ်စတစ်မျိုးနဲ့ အနောက်ဘက်အရှည်အဝိုင်းပုံစံ ဒီဇိုင်းကလည်း (၂၀၂၀) မှာ ခေတ်စားလာတဲ့ အနောက်တိုင်း ဝတ်စုံဒီဇိုင်းပါ။

သတို့သမီးလောင်းလေးတို့ (၂၀၂၀) မှာ ခေတ်စားလာမယ့် အနောက်တိုင်းဝတ်စုံဒီဇိုင်းလေးတွေသိပြီဆိုတော့ ရွေးချယ်ဖို့ပိုပြီးလွယ်ကူသွားပြီနော်။

Source : Marry

Myanmar Textile and Garment Directory

Read 1804 times
Rate this item
(0 votes)