What's new

×

Warning

JUser: :_load: Unable to load user with ID: 845


"ပခုံးကျဉ်းတယ်လို့ထင်ရစေမယ့်အဝတ်အစားများ"

မိန်းကလေးအချို့ကပခုံးကျယ်လို့စိတ်ညစ်လေ့ရှိကြပါတယ်။ယောင်္ကျားလေးလိုပခုံးကြီးကျယ်နေလို့ မိန်းကလေးမဆန်ဘူးလို့ခံစားရကြလေ့ရှိပါတယ်။တကယ်တန်းကျတော့ပခုံးကျယ်လဲတစ်မျိုးလှတာပါပဲ။

ဒါပေမယ့်ပခုံးကြီးကျယ်နေလို့စိတ်တိုင်းမကျဖြစ်နေသူမမများအတွက်ပခုံးကျဉ်းတယ်လို့ထင်ရစေ မယ့်အဝတ်အစားတွေရှိတယ်ဆိုတာသတင်းကောင်းပါးပါရစေ။ပခုံးကျယ်တယ်လို့ထင်ရစေတဲ့အဝတ် အစားတွေလဲရှိလို့ရှောင်သင့်တာရှောင်လို့ရအောင်မဝတ်သင့်တဲ့အဝတ်အစားတွေကိုလဲဖေါ်ပြပေးချင် ပါတယ်။

၁. ခါးသိမ်စေတဲ့အဝတ်အစားတွေဝတ်ပေးခြင်းအားဖြင့်ပခုံးပေါ်မှာအာရုံမရှိစေတော့ပဲမျှတတဲ့ကိုယ်လုံး အချိုးအစားကိုပေးစွမ်းနိုင်ပါတယ်။

၂. ပခုံးကတင်ပါးထက်ပိုကျယ်နေတယ်ဆိုရင်စကပ်အတိုကားကားလေးတွေဝတ်ပေးပါ။အဲ့ဒိ့အခါမှာ တင်ပါးအကျယ်ကပခုံးနဲ့ညီသွားပြီးကြည့်ကောင်းသွားစေပါတယ်။ပခုံးကြီးကျယ်နေတယ်ဆိုတာလဲ မသိသာတော့ဘူးပေါ့။

၃. Vပုံလည်ပင်းရှိတဲ့အဝတ်အစားတွေကိုဝတ်ပေးပါ။Vပုံလည်ပင်းတွေကကိုယ်လုံးအပေါ်ပိုင်းကို ရှည်သွယ်တယ်ထင်ရစေတဲ့အတွက်ပခုံးကျယ်နေတာသိပ်မသိသာစေတော့ဘူးပေါ့။

၎. အကျီင်္ပခုံးမှာဖော့ခံပါတဲ့အကျီ်င်္တွေကိုမဝတ်ပါနဲ့။ရှိရင်းစွဲပခုံးထက်ပိုကြီးတယ်လို့တောင်ထင်ရစေ နိုင်ပါတယ်။ပခုံးကတောင့်တောင့်နဲ့ရှည်ရှည်ကြီးဖြစ်နေရင်ကြည့်မကောင်းပါဘူး။

၅. Vပုံအကျီင်္လည်ပင်းတွေကသွယ်လျတဲ့အမြင်ကိုပေးစွမ်းနိုင်သလိုပဲ။Vပုံစံလည်ဆွဲတွေကလဲပခုံး ကိုသေးစေတဲ့အမြင်ပေးစွမ်းနိုင်ပါသေးတယ်။

၆. အရောင်အရင့်တွေကသွယ်လျပြီးပိန်တယ်လို့ထင်ရစေလို့ပခုံးကျယ်သူများကလည်းအပေါ်ပိုင်းမှာ အရောင်ရင့်ရင့်အကျီင်္ဝတ်ပေးပြီးအောက်ကအရောင်ဖျော့ဖျော့ဝတ်ပေးလိုက်ရင်ပခုံးကျဉ်းတယ်လို့ ထင်ရစေမှာပါ။

၇. လက်မောင်းကိုရှည်သွယ်တယ်ထင်ရစေပြီးပခုံးဆိုဒ်ကိုမပေါ်စေတဲ့လက်ပုံစံကတော့ တစ်စောင်းပုံ ဖြတ်ထားတဲ့အကျီင်္လက်ပါ။တည့်ဖြတ်ထားတဲ့အကျီင်္လက်မျိုးမဝတ်ဘဲတစ်စောင်းဖြတ်ထားတဲ့အကျီင်္လက်မျိုးဝတ်ပေးပါ။

၈. ပခုံးအဖောင်းပါတဲ့အကျီင်္တွေကလည်းပခုံးဆိုဒ်ကိုဖုံးပေးထားနိုင်လို့ပခုံးကျယ်သူများဝတ်သင့်တဲ့ အကျီင်္အမျိုးအစားပါ။ချစ်စရာကောင်းပြီးနုပျိုမှုကိုပေးစွမ်းနိုင်လို့လက်ဖောင်းနဲ့အကျီင်္လေးတွေဝတ်ပေး သင့်ပါတယ်။

Read 1049 times
Rate this item
(0 votes)