What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အနက်ရောင် စကတ်တွေနဲ့ ဆောင်းဖက်ရှင်ကို အဆင့်မြင့်မယ်

ကြမ်းထိရှည်တဲ့ Maxi Skirts တွေက မိန်းမသားတစ်ယောက်ကို လှပမှု ပိုသာအောင် ထောက်ပံ့နိုင်သူပါ။ နောက်ပြီး ၀တ်ဆင်ရတာလဲ လွယ်ကူသလို အပေါ်က တွဲဆက်မယ့် Top ကိုလည်း သိပ်ရွေးနေဖို့ မလိုဘူးလေ။ Maxi Skirt ဆိုတာနဲ့ မိန်းခလေး အများစုရဲ့ အ၀တ်ဗီဒိုထဲမှာ ရှိနေပြီးသား အရာပါ။ အရောင်ထဲမှာ ဆိုရင်လဲ အနက်ရောင်က အသေအချာပဲပေါ့။ ဒီတော့ သမားရိုးကျ အနက်ရောင် စကတ်ကို အမိုက်စား Looks တစ်ခုဖြစ်အောင် ဆန်းသစ်တဲ့ တွဲဆက်မှုလေးတွေ ဖန်တီးကြည့်ရအောင်။

-ဒူးဖုံး အနက်ရောင် စကတ်ကို အပေါ်ကနေ ခပ်ပြောင်ပြောင် ကတ္တီပါကုတ်ရယ် အဖြူရောင် လည်ရှည် ခြေအိတ်လေးနဲ့ တွဲဆက်ပြီး ထင်မှတ်မထားတဲ့ ခံစားချက်သစ် မွေးဖွားလိုက်ပါ။

-အရာအားလုံးကို နက်မှောင်မှုအရောင် တစ်မျိုးတည်းနဲ့ အဆုံးစွန်ထိ သွားလိုက်ပါ။

-အငြိမ်ဘက်သွားတဲ့ အနက်ရောင်စကတ်ကို မြူးကြွမှု ဟန်ပန် Metallic Boots တို့ ပေါင်းစပ်မှုက ရင်ခုန်စရာအတိပါပဲ။

-အနက်ရောင် သားရေစကတ်က ဆောင်းရာသီရဲ့ ဇာတ်ကောင်ဆိုတော့ သားမွှေးကုတ်နဲ့ တွဲဆက်ပေးလိုက်မှာပေါ့။

-ပါးလွှလွှ ပန်းပွင့်ထိုး စကတ်ကို အတွင်းက Denim Pants ခံဝတ်ပြီး ခေတ်ဆန်ကြော့မော့တဲ့ သူတစ်ယောက်အဖြစ် ရပ်တည်နိုင်ပါတယ်။

-Long Coat, Beret နဲ့ mules တို့ကို Maxi Skirt နဲ့ တွဲဝတ်ပြီး ကြော့ရှင်းတဲ့ ပါရီသူတစ်ယောက် အသွင်ဖမ်းလို့ ရပါတယ်။

-အရိုးရှင်းဆုံးက ဆွဲဆောင်မှု အရှိဆုံးဆိုသလိုမျိုး ရှပ်တစ်ထည်ကို ချည်သား စကတ်နဲ့ တွဲဝတ်ပြီး အရောင်အငြိမ် Clutch ရယ်၊ ခပ်ထင်းထင်း Accessories တွေကို ဆင်မြန်းလိုက်ယုံပါပဲ။

Read 1047 times
Rate this item
(0 votes)