Accessories တွေက ၀တ်စားပုံတွေကို အများကြီး အထောက်အကူပြုတယ် ဆိုတာကို သိကြပါတယ်။ သူတို့တွေက အ၀တ်အစားတွေကို နောက်ထပ် Level တစ်ခုထိရောက်အောင် ပံ့ပိုးပေးကြတယ်လေ။
ဆောင်းရာသီရဲ့ အဓိက နှလုံးသားမှာ ခိုအောင်းနေသူတွေက သိုးမွေး ဦးထုပ်တွေ၊ suede သား ankle boots တွေနဲ့ အနက်ရောင် သားရေလက်အိတ်တွေ သာမကပဲ လည်စည်းပုဝါတွေကလည်း ပါဝင်တယ် မဟုတ်လား။
လည်စည်းပုဝါတွေကို လည်ပင်းမှာ သမားရိုးကျ ပတ်ထားမယ့်အစား စတိုင်မိုက်မိုက်လေး စည်းနှောင်မယ်ဆိုရင် သင့်ကို ပိုလို့ မိုက်တဲ့ Looks တစ်ခုကို ရရှိစေနိုင်ပါတယ်။ ဒီတော့ ဖက်ရှင် လမ်းမထက်တွေဆီက Stylish ဖြစ်တဲ့ အမျိုးသမီးတွေ လည်စည်းပုဝါတွေကို ဘယ်လို ချည်နှောင်ကြလဲဆိုတာ ကြည့်ရအောင်...
source; posh