What's new

×

Warning

JUser: :_load: Unable to load user with ID: 845


EMPORIO ARMANI မှ အမျိုးသား၊ အမျိုးသမီး ၀တ်စုံသစ်များနှင့် မိတ်ဆက်ပွဲကျင်းပခဲ့

ကမ္ဘာ့ထိပ်တန်း Giorgio Armani မှအမှတ်တံဆိပ်တစ်ခုဖြစ်သော EMPORIO ARMANI မှ ၂၀၁၇ - ၂၀၁၈ ခုနှစအတွက် အမျိုးသား၊ အမျိုးသမီးဝတ်စုံသစ်များ မိတ်ဆက်ပွဲကိုအောက်တိုဘာ၂၁ရက်ညနေ ၄နာရီတွင် ရန်ကုန်မြို့ Sule Square Mall တွင်ပြုလုပ်ခဲ့ပါတယ်။


အဆိုပါပွဲနှင့်ပတ်သက်ပြီးနိုဝင်ဘာမှာဆောင်းတွင်းရောက်ပြီဆိုတော့ အီတလီကဒီဇိုင်းတွေကိုမြန်မာကCustmor တွေကိုပြသတာပါ။ ကျွန်တော်တို့ ဒီနေ့ပြသမဲ့ဆောင်းတွင်းဝတ်စုံကကတ္တီပါများ ပိုးသားပေါ်တွင်ရိုက်နှိပ်ထားတဲ့စသည်ဖြင့် အမျိုးသောအဆင်အသွေးများကိုပေါင်းစပ်ကာညနေခင်းဝတ်စုံအဖြစ်တင်ပြထားတာကိုတွေ့ရမှာပါ။အခုကတော့ကျွန်တော်တို့ကုန်ပစ္စည်းကို သုံးစွဲမူက နည်းနေသေးပါတယ်။ဒါပေမဲ့မကြာခင်ကာလအတွင်းမှာတော့အခုထက်ပိုပြီး သုံးစွဲမူများလာမယ်လို့ထင်ပါတယ်။အခုဒီပွဲမှာ ပဲရစ်က စတိုင်စ်လစ်ကိုယ်တိုင် လာရောက်ပြီးတော့ ပြသတာပါ။"ဟု EMPORIO ARMANI ဆိုင်မှ တာဝန်ရှိသူတစ်ဦးကပြောပြခဲ့သည်။
၁၉၈၁ခုနှစ်တွင်စတင်တည်ထောင်ခဲ့သည့် Emporio Armani သည် ခေတ်မီဆန်းသစ်သော အဝတ်အထည်များနှင့် ဖက်ရှင်ကျကျ တွဲဖက်ဝတ်ဆင်နိုင်သောပစ္စည်းများကိုခေတ်နှင့်တစ်ပြေးညီတီထွင်ဖန်တီးနေသည့်ဖက်ရှင်ကဏ္ဍ၏ရှေ့ဆောင်အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး၊ Emporio Armani သည် Giorgio Armani ၏ ခေတ်မှီ၍ ပေါ့ပါးလှပသော လူနေမှုစတိုင်ကို ထင်ဟပ်နေသည့် အမှတ်တံဆိပ်ဖြစ်သည်။မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသည့် Emporio Armani Store တွင် အမျိုးသား၊ အမျိုးသမီးများအားလုံးအတွက် ပြီးပြည့်စုံ၍ လှပသော အဝတ်အထည်များကို ရောင်းချပေးလျှက်ရှိပြီး၊ထို့ပြင်Emporio Armani မှ နာရီများ၊မျက်မှန်များနှင့်လက်ဝတ်ရတနာများအပါအဝင်ဖက်ရှင်ကျကျတွဲဖက်ဝတ်ဆင်ရသောပစ္စည်းအမျိုးမျိုးနှင့် Armani Jeans ဖက်ရှင်အဝတ်အစားများကို ဝယ်ယူနိုင်ကြောင်း သိရသည်။

22728904 1989552354661947 3979765050727193393 n22688358 1989552394661943 768325147840149130 n 1

Read 1178 times
Rate this item
(0 votes)