What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပျိုမေတို့အတွက် နွေရာသီတွင် အအိုက်သက်သာပြီး အထာကျစေမည့် Fashion Tips များ

ပျိုမေတို့အတွက် အခုလို ပူပြင်းလွန်းတဲ့ နွေရာသီမှာ သက်တောင့်သက်သာရှိပြီး စတိုင်ကျစေမည့် ဆောင်ရန်၊ ရှောင်ရန် Fashion Tips များကို မျှဝေပေးချင်ပါတယ်။

နွေရာသီမှာ အဝတ်အစားပိုင်း ရွေးချယ်တော့မယ်ဆိုရင် အင်္ကျီအဝတ်အစားအရောင်အတွက် အပူစုပ်တဲ့ အနက်အရောင်ကို ရှောင်သင့်ပါတယ်။ အဖြူ နဲ့ neutral colour ဆန်တဲ့ အရောင်နုနုလေးတွေကို ရွေးဝတ်နိုင်ပါတယ်။
အသားအေးသော ချည်သား၊ လီနင်သား၊ ပိုးစပန့်သားတို့ကို ရွေးချယ်ဝတ်ပါ။ ဖြစ်နိုင်လျှင် အင်္ကျီသုံး/လေးထပ်ဝတ်ခြင်းမှ ရှောင်ပါ။ သက်တောင့်သက်သာရှိပြီး ပွပွချောင်ချောင် အင်္ကျီ၊ဘောင်းဘီတို့ကို ရွေးချယ်ဝတ်သင့်ပါတယ်။ လက်တိုထက် အသားအေးတဲ့ လက်ရှည်အင်္ကျီတွေကိုလည်း ချန်ထားခဲ့လို့မရပါ။ ဘာကြောင့်လဲဆိုရင် လက်ရှည်အင်္ကျီ ပွပွချောင်ချောင်တွေက နေလောင်ဒဏ်ကို ကာကွယ်ပေးနိုင်လို့ပါ။

နွေရာသီတွင် ပေါ့ပေါပါးပါးရှိပြီး စတိုင်ကျစေမည့် ဖက်ရှင်အတွဲအစပ်(၅)မျိုးကို အောက်တွင် ဖော်ပြပေးထားပါတယ်။ ဘာတွေလဲဆိုရင် -

Croptop နှင့် Mini-Skirt

Croptop

Crop top လေးတွေကို Mini-Skirt အကြပ်လေးတွေနဲ့ တွဲဖက်ဝတ်ဆင်ခြင်းက နုပျိုမှုနဲ့ မိန်းမသားဆန်မှုကို ပေါင်းစပ်ဖော်ညွှန်းနေစေမယ့် ဖက်ရှင်အတွဲအစပ်တစ်ခု ဖြစ်ပါတယ်။ Crop top ကိုမှ လက်တို၊ လက်ရှည်အပါး သင့်တော်သလိုရွေးချယ်နိုင်ပြီး အရောင်ကိုလည်း မိမိကျွမ်းကျင်သလို တွဲစပ်ဝတ်ဆင်နိုင်ပါတယ်။

T-Shirt နှင့် Midi-Skirt

T Shirt
Midi-Skirt နဲ့ T-Shirt အတွဲအစပ်ဟာ ပေါ့ပေါ့ပါးပါးနှင့်သက်တောင့်သက်သာရှိပြီး ဖက်ရှင်ကျတဲ့ ချစ်စရာအတွဲအစပ်ဟု ဆိုနိုင်ပါတယ်။ ထသွားထလာအတွက်လည်း အဆင်ပြေသလို ရုံးသွားကျောင်းသွားအတွက်ပါ သင့်လျော်ပြီး လူငယ်ဆန်ဆန် လှပတက်ကြွတဲ့အသွင်ကို ရရှိစေမှာပါ။

Crochet Dress

2
အခုခေတ် မိန်းကလေးတွေကြား တစ်ချောင်းထိုး ဇာဂါဝန်လေးတွေက အရမ်းကို ခေတ်စားနေပါတယ်။ တစ်ချောင်းထိုး ဇာဂါဝန်လေးတွေက ရိုးရိုးရှင်းရှင်းလေးနှင့် ချစ်စရာကောင်းပြီး နွေရာသီနဲ့လည်း လိုက်ဖက်သည့် ဒီဇိုင်းဖြစ်ပါတယ်။ Kitten Heels များနှင့် တွဲဖက်ဝတ်ဆင်နိုင်ပါက ပိုဖက်ရှက်ကျပါသည်။

Cami Dress

5

နွေရာသီမှာ ဝတ်ဆင်ဖို့ အသင့်တော်ဆုံး Cami dress လေးတွေကို သူ့ချည်းတစ်ထပ်တည်း ဝတ်ဆင်နိုင်သလို အောက်က လိုက်ဖက်တဲ့ အရောင်နုနုအင်္ကျီအပါးလေးတွေခံပြီးလည်း ဝတ်ဆင်နိုင်ပါတယ်။ မိန်းကလေးဆန်ဆန် နုပျိုတဲ့အသွင်ကိုရချင်ရင်တော့ အပေါ်ထပ်ဂါဝန်ကို floral printed လေးတွေ၊ pastel color အရောင်ခပ်နုနုလေးတွေကို ရွေးချယ်နိုင်ပါတယ်။ Cami Floral Printed Dresses လေးတွေကို Sneaker ဖိနပ်လေးတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

Layer နှင့် Jumpsuit

4
လုံလုံခြုံခြုံနှင့်ဖက်ရှင်ကျနေဖို့၊ လွတ်လွတ်လပ်လပ်နှင့်စတိုင်မိနေဖို့ဆို အောက်ခံအင်္ကျီအပါးတစ်ထပ်ဝတ်၍ အပေါ်မှ Jampsuit (အပေါ်နှင့် တဆက်တည်းတွဲ ဘောင်းဘီ) မျိုးကို တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ ဒါမျိူးလေးက ပေါ့ပေါ့ပါးပါးနှင့် လူငယ်ဆန်ပြီး အအိုက်လည်းသက်သာစေပါတယ်။

နွေရာသီအတွက်လိုအပ်သည့် Accessories များ
နွေရာသီအတွက် ဖိနပ်ဆိုလျှင် ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းသည့် Scandals ကြိုးသိုင်းဖိနပ်မျိုး၊ Slide Scandals ကွင်းထိုးဖိနပ်တွေအပြင် ညှပ်ဖိနပ်တွေကိုလည်း ရွေးချယ်သင့်ပါတယ်။ ဒါ့အပြင် နွေရာသီတွင် နေကာမျက်မှန်၊ ဦးထုပ်၊ ခေါင်းစီးကွင်း စတာတွေကို ဆောင်သွားသင့်ပါတယ်။ သင်သည် ခေါင်းချွေးထွက်တတ်သောသူဆိုလျှင် ဦးထုတ်ကို တောက်လျှောက်ဆောင်းထားတာမျိုးမလုပ်ပဲ အရိပ်ထဲရောက်တိုင်း ခဏလောက်ချွတ်ချွတ်ပေးပါ။ နေပြင်းလွန်းသည့်အတွက် မိမိအသားအရေကို ဂရုစိုက်ရန် လိုပါတယ်။ ထို့ကြောင့် Suncream ကို မိမိမျက်နှာနှင့် Body အနှံ့ လိမ်းပေးသင့်ပါသည်။ နွေရာသီတွင် Foundation Make-up အထူကြီးလိမ်းတာမျိုး‌တွေ ရှောင်သင့်ပါတယ်။ လက်ဝတ်တန်ဆာအနေနှင့်လည်း Hand-made လက်ပတ်လေးတွေ၊ ဆွဲကြိုးလေးတွေ၊ အိတ်လေးတွေက နွေရာသီဖက်ရှင်ကို ပိုပေါ်လွင်စေမှာ ဖြစ်ပါတယ်။

Read 929 times
Rate this item
(0 votes)