What's new

×

Warning

JUser: :_load: Unable to load user with ID: 845


hot trend ဖြစ်နေတဲ့ Flared jean

ခုတလော hot trend ဖြစ်နေတဲ့ Flared denim အကြောင်းလေး ရေးပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ကိုယ်တွေ အဖေ အမေခေတ်ကတည်းက တော်တော်လေး hotဖြစ်ခဲ့တဲ့ ဒီဖက်ရှင်ရေစီးကြောင်းဟာဆိုရင် ခု ပြန်လည်အသက်ဝင်လာခဲ့ပြီ ဖြစ်သလို ခေါင်းလောင်းဘောင်းဘီလို့ အရင်ခေတ်က ခေါ်ဆိုခဲ့ကြတဲ့ ဒီဖက်ရှင်ကိုမှ ပိုမိုဆန်းသစ်အောင်လို့ ခြေမျက်စိဖုံးအရှည် မဟုတ်ပဲ Crop လုပ်ထားတဲ့ flared jean လေးတွေ ဝတ်ဆင်လာကြပါ တယ်။ Crop လုပ်ထားတာမို့ ခြေမျက်စိအပေါ်ဘက်လောက်ထိသာ အရှည်ရှိတဲ့ ဒီလို Flared jean တွေက ဝတ်တတ်ရင် အထာကျ သလောက် တွေ့ရာတွဲစပ် ဝတ်လိုက်ပြန်ရင်လည်း ဘယ်လိုမှကြည့်မ ကောင်းတာကြောင့် သူနဲ့ပတ်သက်ပြီး ဘယ်လိုတွဲစပ်သင့်တယ် ဆိုတာလေး ရေးပေးလိုက်ပါတယ်နော်။

(၁) ပထမဆုံးအနေနဲ့ Crop လုပ်ထားတဲ့ flared jeanတွေ ဝတ်တော့မယ်ဆို ဟိုမရောက် ဒီမရောက်အရှည်ထက် ခြေမျက်စိအပေါ်နားထိ ရောက်တဲ့အရှည်ကိုသာ ရွေးပါ။

21765183 1404266023026800 6422594540423835839 n

(၂) လက်ရှိခေတ်စားတဲ့ Flared jean တွေထဲက တစ်ခုကို ပြောပါဆိုရင်တော့ ဘောင်းဘီအကား အောက်အနားကို အမြွှားလေးတွေ ဒီဇိုင်းမျိုးပါ။

21768071 1404266306360105 8934023726177204567 n

(၃) Cropped Flare jean တွေနဲ့ ဘယ်လိုဖိနပ်တွဲစီးရမှန်း မသိဘူးဆိုရင် block heel တွေက အဆင်အပြေဆုံး ဖြစ်ပါလိမ့်မယ်။

21765006 1404266336360102 9016103869888819115 n

(၄) ကိုယ်က တီရှပ်၊ ရှပ် စတာတွေကို Flare jeans နဲ့တွဲမယ် စဉ်းစားထားရင်တော့ အဲ့ဒီ တီရှပ်၊ ရှပ်စတာတွေကို ဘောင်းဘီထဲ ကပိုကရို နည်းနည်းထည့်ဝတ်တာ ပိုအထာကျပါတယ်။ ဒါမျိုး ဖက်ရှင်အတွက် ကိုယ့်စိတ်ထဲလိုက်မယ်ထင်ရင် sneaker နဲ့လည်း တွဲစီးနိုင်ပါတယ်။

22046666 1404266146360121 5603263746524136948 n

(၅) ကိုယ်ဝတ်မယ့် အကျီက ခုခေတ်စားနေတဲ့ အတွန့်အတက် အပွင့်အဖတ်တွေမျိုး statement top ဆိုရင်တော့ ခေါင်းအစ ခြေအဆုံး အထာကျသွားအောင် ထိပ်ပိတ်ခြေထိုး (အနောက်ပွင့်) Mule ဖိနပ်မျိုးတွေ ရွေးဝတ်ပါ။

22045677 1404266236360112 4570164558768444703 n

(၆) ထသွားထလာ ပေါ့ပေါ့ပါးပါးအတွက် Flared jean အနက်ရောင်ကို ရွေးချယ်နိုင်ပါတယ်။ သူ့ကိုမှ ရိုးရိုးကွင်းထိုး ဖိနပ်မျိုးနဲ့ စီးသွားရင်လည်း မိုက်နေမှာပဲ။

21764945 1404267059693363 8373906536949708230 n

(၇) Cropped Flare Jean တွေကို ရုံး၊ company ဝတ်ချင်တဲ့ ပျိုမေတွေအတွက်တော့ အပေါ်က ကြယ်သီးတပ်ရှပ်အကျီနဲ့ တွဲဝတ်လို့ ရပါတယ်နော်။ အစည်းအဝေးတွေ ဘာတွေတက်ရတဲ့သူဆို အပေါ်က ဘလေဇာလေး ကောက်ဝတ်သွားလိုက်ပေါ့။ စမတ်ကျနေမှာ အမှန်ပါပဲ။

22046122 1404266563026746 8730142512965728764 n

source:i am fashion 

Read 958 times
Rate this item
(0 votes)