What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လူငယ်များအတွက် အရောင်များနှင့်ဖက်ရှင် - ၂

လိမ္မော်ရောင်နဲ့ အနက်ရောင်

လူငယ်များအတွက် ရဲရင့်ပြီး ခပ်မိုက်မိုက်အရောင်တွဲလို့ ဆိုပေမယ့် လိမ္မော်ရောင်နဲ့ အနက်ရောင်ကတော့ မရိုးသွားစေပါဘူး။ သို့ပေမယ့် ပုံစံလေးတွေ ရွေးတတ်ဖို့ လိုပါတယ်။ လိမ္မော်ရောင် ဘောင်းဘီရှည်နဲ့ အနက်ရောင်အက်ျလေး တွဲဝတ်တာမျိုးလေးတွေ၊ လိမ္မော်ရောင်ဘောင်းဘီနဲ့ လက်ပြတ် ကိုယ်ကြပ် အနက်ရောင်လေးကို တွဲတာမျိုးတွေက ပွင့်လင်းပြီး တက်ကြွစေတဲ့ ပုံစံကို ဖြစ်ပေါ်စေပါတယ်။

ဇီးရောင်နဲ့ အဖြူရောင်
လူငယ်များအတွက် အဖြူရောင်ကတော့ ဘာနဲ့ပဲတွဲဝတ်ဝတ် အဆင်ပြေပြီးသား ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ နှုတ်ခမ်းနီတောက်တောက်လေးဆိုးပြီး ဇီးရောင် ဘောင်းဘီ၊ အဖြူရောင် ရှပ်၊ ဘလောက်စ်တွေနဲ့ ဒေါက်မြင့်ဖိနပ်လေး တွဲလိုက်ရုံဖြင့် သွက်လက်တဲ့ပုံစံလေးဖြစ်ပေါ်စေပါတယ်။ ၎င်းအပြင် အဖြူရောင် ဆွယ်တာ၊ ဇီးရောင်စကတ်နဲ့ ရွှေရောင် သို့မဟုတ် ငွေရောင် ဖန်စီများဝတ်ဆင်ပြီး အချိုးကျကျ အဆင်ပြေပြေ ၀တ်တတ်မယ်ဆိုရင်တော့ ပွဲတက်ဖက်ရှင်အနေနဲ့ ဆွဲဆောင်မှုရှိလာမှာ သေချာသလောက်ရှိပါတယ်။

Read 2904 times
Rate this item
(1 Vote)