မိုးရာသီအတွက် မရှိမဖြစ် ဖက်ရှင်ပစ္စည်းတွေထဲမှာ Jacket တွေကလည်း နေရာယူထားပါတယ်။
မိုးရွာတဲ့အချိန်တွေမှာ သင့်ကိုအနွေးဓါတ်ပေးမယ့်အရာတစ်ခုဖြစ်တဲ့အပြင် ဖက်ရှင်ကျဖို့အတွက်လည်း အထောက်အကူပေးဦးမှာပါ။
တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့နော်။
ဒါပေမယ့် အခုပြောချင်တာကတော့ မိန်းကလေးတိုင်းရဲ့အ၀တ်ဗီရိုထဲမှာရှိသင့်တဲ့ Army Jacket တွေအကြောင်းပါ။
အချိန်မရွေး၊ နေရာတိုင်းအတွက်သင့်တော်ပြီး ဖက်ရှင်ကျနလှပတဲ့ Army Jacket တွေက သင့်အတွက် ခပ်မိုက်မိုက်အထာကျတဲ့အသွင်ကို အမြဲတမ်းယူဆောင်လာပေးမှာပါ။
အဲ့ဒီအတွက် သင့်မှာ Army Jacket တစ်ထည်လောက်ပဲ ရှိတယ်ဆိုရင်ပဲ တစ်ပါတ်စာအတွက်တော့ ကောင်းကောင်းဖူလုံသွားပါပြီ။
ဆိုတော့ Army Jacket တစ်ထည်ရှိရုံနဲ့ ဖက်ရှင်ဘယ်လိုကျလို့ရတယ်ဆိုတာကိုပုံလေးတွေနဲ့ ပြောပြပေးထားပါတယ်။
source: posh magazine