What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Victoria’s Secret Fashion Show 2017

● Victoria’s Secret Fashion Show 2017 ပြဲမစခင္ ၇ နာရီအလုိမွာ စင္ေနာက္ဘက္မွာ စာနယ္ဇင္းသမားေတြနဲ႔ ဘေလာ့ဂါေတြ စုံၿပဳံေရာက္ရွိေနၾကတယ္

။ ေမာ္ဒယ္ေတြက ဆံပင္ျပင္တဲ့သူျပင္၊ မ်က္ႏွာအလွျပင္သူျပင္တဲ႔ အလုပ္႐ႈပ္ေနၾကတယ္။ 

တရုတ္ဘေလာ့ဂါေတြက သူတုိ႔ရဲ႕ ပရိသတ္ၾကည့္ဖုိ႔ စင္ေနာက္ဖက္ျမင္ကြင္းကုိ ဗီဒီယို ႐ုိက္ကူးၿပီး တုိက္ရုိက္တင္ဆက္ေပးေနၾကတယ္။ အလွျပင္ေနတဲ့ ေမာ္ဒယ္ေတြက ဗီဒီယုိ ကင္မရာတစ္လုံး အနားေရာက္လာတုိင္း ကင္မရာထဲကုိ လွမ္းၾကည့္ၿပီး ဟုိင္း လုိ႔ေျပာၿပီး ကင္မရာကေနတစ္ဆင့္ ပရိသတ္ကုိ လွမ္းႏႈတ္ဆက္ၾကတယ္။
ေဒၚလာ ၂သန္းတန္ ဖန္တစီဘရာကုိ အေစာင့္ႏွစ္ေယာက္က ေစာင့္ၾကပ္ေပးေနတယ္။ အေလးခ်န္က ၆၀၀ ကရက္ေက်ာ္ ရွိၿပီး စိန္ျဖဴေတြ အပါအ၀င္ အဖုိးတန္ရတနာေတြ အပြင့္ေပါင္း ၆,၀၀၀ နီးပါး တပ္ဆင္ၿပီး အလွဆင္ေပးထားတယ္။

 

All model appearance Shanghai China

 

● Victoria’s Secret Fashion Show ကုိ ရွန္ဟုိင္းၿမိဳ႕ တုိးခ်ဲ႕ေနရာျဖစ္တဲ့ ပုဒုံမွာ တည္ရွိတဲ့ Mercedes-Benz Arena မွာ က်င္းပခဲ့တယ္။ Victoria’s Secret ရဲ႕ ပင္ကုိအေရာင္ျဖစ္တဲ့ ပန္းႏုေရာင္ကုိ အသားေပးၿပီး အလင္းေရာင္ေတြ ထုတ္ေပးထားတာ အျပင္ကေန လွမ္းၾကည့္ရင္ ပန္းႏုေရာင္ ပန္းကန္ျပားပ်ံႀကီးတစ္ခု ဆုိက္နားထားသလုိ ျမင္ေနရတယ္။

 

Mercedes Benz Arena Shanghai China

Mercedes Benz Arena, Shanghai China

● ပြဲကုိ ဖိတ္စာရထားသူမ်ားသာ တက္ေရာက္ရပါတယ္။ ဖိတ္စာကုိ အခမဲ့ေပးပါတယ္။ လက္မွတ္မေရာင္းပါဘူး။ ဖိတ္စာျပန္ေရာင္းတာကုိ ၀ယ္ယူၿပီး တက္ေရာက္ၾကသူေတြလည္း ရွိပါတယ္။ ေမွာင္ခုိေဈးက ဖိတ္စာတစ္ေစာင္ကုိ ကန္ေဒၚလာ ၅၃,၀၀၀ အထိ ပြဲက်င္းပမယ့္ေန႔မွာ ထုိးတက္သြားခဲ့တယ္။ အ၀င္၀မွာ ဖိတ္စာကုိ ျပၿပီး လက္မွတ္ထုတ္ယူရပါတယ္။ လက္မွတ္မွာ ထုိင္ခုံနံပါတ္ ေဖာ္ျပေပးထားပါတယ္။နီးနီးနားနား ၾကမ္းျပင္မွာ ထုိင္ခုံေနရ မရသူေတြက အေပၚေဆာင္မွာ ေနရာဦးၿပီး ထုိင္ၾကလုိ႔ ထုိင္ခုံနံပါတ္ သတ္မွတ္ေပးထားတဲ့ အစီအစဥ္က ပြဲမစခင္မွာပဲ ပ်က္သြားတယ္။

VS Invite 1200x950

Invitation to the show.

● အေမရိကမွ စီဘီအက္စ္ ႐ုပ္သံလႊင့္ လုပ္ငန္းက ပြဲကုိ ထုတ္လႊင့္ခြင့္ ၀ယ္ယူၿပီး ထုတ္လႊင့္ခဲ့တယ္။
● Victoria’s Secret ရဲ႕ အာရွမွာ ပထမဆုံးက်င္းပတဲ့ ဖက္ရွင္ပြဲျဖစ္ၿပီး အတြင္းခံအစုံ စုစုေပါင္း ၈၇ စုံ ကုိ စာရင္း၀င္ ေမာ္ဒယ္ ၅၅ ဦးက ၀တ္ဆင္ၿပီး ေလွ်ာက္လမ္းမွာ ေလွ်ာက္ျပခဲ့ၾကတယ္။ စူပါေမာ္ဒယ္ေတြ ျဖစ္တဲ့ Gigi Hadid,နဲ႔ Katy Perry တုိ႔ ျပည္၀င္ခြင့္ ဗီဇာမရလုိ႔ ၀င္ပါခြင့္ မရၾကဘူး။
● ယခုႏွစ္ရဲ႕ အေရာင္အဆင္းက ပန္းႏုနဲ႔ အျပာ ျဖစ္ပါတယ္။ ေလွာက္လမ္းေနာက္ခံအျဖစ္ ရွန္ဟုိင္းရဲ႕ အထင္ကရ အေဆာက္အဦ Oriental Pearl Tower ကုိ သုံးစြဲထားတယ္။ ဧည့္သည္ေတြကုိ ပန္းႏုေရာင္ ေကာ္ေဇာေပၚမွာ အင္စတာဂရမ္ ဆဲလ္ဖီး ႐ုိက္ၾကဖုိ႔ ဖိတ္ေခၚတယ္။ ၿပီးရင္ ေဖ်ာ္ရည္တစ္ခြက္ ကမ္းတယ္။ ၿပီးမွ သူတုိ႔ဘာသာ စိတ္ႀကိဳက္ဆဲလ္ဖီးပုံေတြ ႐ုိက္ၾကရတယ္။ တကယ္တာ့ ပြဲမ၀င္ခင္ကေန ပြဲၿပီးတဲ့ ပုံေတြ ႐ုိက္ေနၾကတာ တေသာေသာပါပဲ။
● Victoria’s Secret Fashion Show မွာ စာရင္း၀င္ ေမာ္ဒယ္ေတြကုိ အိန္ဂ်ယ္ angel လုိ႔ သုံးႏႈန္းတယ္။ ယခုႏွစ္ပြဲမွာ themes ေတြက ●Punk Angel ● Porcelain Angels ● A Winter’s Tale ● Millennial Nation ● Goddesses ●Nomadic Adventure တုိ႔ ျဖစ္ပါတယ္။ ေျဖေဖ်ာ္သူေတြမွာ Harry Styles, Miguel, Leslie Odom Jr. နဲ႔
တ႐ုတ္ေပါ့ပ္ အဆုိေတာ္ Jane Zhang တုိ႔ ပါ၀င္ပါတယ္။

performers 1200x799

Performers for 2017 Victoria’s Secret Fashion Show

● ေရွ႕ဆုံးတန္းမွာ တ႐ုတ္ျပည္ရဲ႕ အထင္ကရ ဒါ႐ုိက္တာေတြ၊ အယ္ဒီတာေတြ ေနရာရၾကတယ္။ တ႐ုတ္ျပည္ရဲ႕ အခ်မ္းသာဆုံးပုဂိၢဳလ္ျဖစ္ခဲ့ဖူးတဲ့ Wanda Group ပုိင္ရွင္ Wang Jianlin ရဲ႕သားျဖစ္သူ Wang Sicong ကုိ ဒုတိယ ထုိင္ခုံတန္းမွာ ေတြ႕ၾကရတယ္။

● ပြဲကုိ ပထမဆုံးကေလးကုိ ေမြးဖြားဖုိ႔ ပြဲနားထားတဲ့ Candice Swanepoel က Punk Angel ၀တ္စားထားတဲ့ အိန္ဂ်ယ္အျဖစ္ျဖင့္ စဖြင့္လုိက္တယ္။ သူက ေတာင္အာဖရိကေမာ္ဒယ္ျဖစ္ၿပီး အသက္ ၂၉ ႏွစ္ရွိၿပီ။ Victoria’s Secret’ ပြဲေတာ္မွာ တစ္ဆယ္ႀကိမ္ေျမာက္ ပါ၀င္ျခင္း ျဖစ္ပါတယ္။

Harry Styles performs at Victorias Secret Fashion Show 2017


Harry Styles performs at Victoria’s Secret Fashion Show 2017

● Winter’s Tale ကုိ အိန္ဂ်ယ္ေတြ ထြက္ေလွ်ာက္ၾကေတာ့ ရွန္ဟုိင္းၿမိဳ႕ခံ အိန္ဂ်ယ္ Ming Xi ေခ်ာ္လဲပါေလေရာ။ Xi က သူ၀တ္တင္ထားတဲ့ အ၀တ္အစားရဲ႕ ၾကမ္းျပင္မွာ ဒရြတ္တုိက္ေနတဲ့ ပိတ္ႀကဲစကုိ တက္နင္းမိၿပီး လဲတယ္။ ကင္မရာေတြ တည့္တည့္ခ်ိန္ထားတဲ့နားကုိ ေရာက္ခါနီးမွာ လဲသြားတာ။ အခ်ိန္ယူၿပီး ျပန္ထရတယ္။ ဒါေပမဲ့ တစ္ေလွ်ာက္လုံး အၿပဳံးအရယ္ ျပဳေပးထားႏုိင္ခဲ့တယ္။ ပရိသတ္က ၾသဘာေပးၿပီး Xi ကုိ ခ်ီးက်ဴးလုိက္ၾကတယ္။ ဒီဖက္ရွင္ပြဲရဲ႕ ထူးျခားခ်က္တစ္ခုအျဖစ္ မီဒီယာေတြမွာ မွတ္တမ္းတင္ခံရတယ္။ Xi ရဲ႕ ေနာက္မွာ ေနရာယူၿပီး ပါလာတဲ့ ေမာ္ဒယ္ Gizele Oliveira က လက္ကမ္းေပးၿပီး Xi ျပန္အထမွ ျပန္မလဲက်ေအာင္ ေဖးကူေပးခဲ့တာဟာလည္း ပရိသတ္ရဲ႕ ရင္ကုိ ထိေစခဲ့ပါတယ္။ စင္ေနာက္ဖက္ ျပန္ေရာက္ေတာ့ သူ႔အျဖစ္ကုိ ေျပာဆုိရယ္ေမာေနခဲ့ပါတယ္။

Ming Xi at Backstage

Ming Xi 

 

သူ႔အျဖစ္ကုိ ေနာက္တစ္ေန႔က်ေတာ့ အင္စတာဂရမ္မွာ Xi က တင္ျပခဲ့ပါတယ္။ ‘‘က်မ သက္ေမြးအလုပ္ဘ၀ရဲ႕ အခက္ထန္ဆုံး အခုိက္အတန္႔တစ္ခုဆုိတာ သံသယ မရွိပါဘူး။ အထူးသျဖင့္ ႐ိႈးပြဲက က်မရဲ႕ ေနရပ္ၿမိဳ႕မွာ က်င္းပေနတာ ျဖစ္ေနတယ္။ က်မရဲ႕ အေမ၊ က်မရဲ႕ ပရိသတ္လူအမ်ားတုိ႔ရဲ႕ မ်က္စိေရွ႕ေမွာက္မွာ အခုလုိ ျဖစ္သြားခဲ့ပါတယ္။ ဘာပဲျဖစ္ျဖစ္ မေန႔တုန္းက လူတုိင္းထံမွ အားေပးကူညီမႈ ရရွိခဲ့တာ မယုံႏုိင္စရာပါပဲ။ အဲဒီမွာ က်မအတြက္ ရွိေပးခဲ့ၾကတဲ့သူတုိင္းကုိ က်မ တကယ္ေက်းဇူးတင္ပါတယ္’’

 

2017 Victoria’s Secret Fashion Show ရဲ႕ ထူးျခားခ်က္မ်ား ဖတ္႐ႈရန္လင့္ခ္

● Victoria’s Secret Fashion Show ရဲ႕ အစဥ္အလာတစ္ခုျဖစ္တဲ့ Fantasy Bra လုိ႔ ေခၚတဲ့ အဖုိးတန္ ဘရာကုိလည္း ျပသခဲ့ပါတယ္။ ယခုႏွစ္မွာ ဒီဇုိင္း ထုတ္သူက လက္၀တ္ရတနာ ျပဳလုပ္သူ ဘီလ်ံနာ Mouawad က ဒီဇုိင္းထုတ္ခဲ့တယ္။ သူက
Victoria’s Secret အတြက္ ရတနာ ဘရာေတြ လုပ္ကုိင္ေပးခဲ့တာ ၂၀၀၁ ခုႏွစ္ကတည္းက ျဖစ္ၿပီး ယခုႏွစ္ဟာ သူ႔ရဲ႕ ၁၁ ခုေျမာက္ ရတနာဘရာ လက္ရာမြန္ ျဖစ္ပါတယ္. အမည္ကုိ Champagne Nights Fantasy Bra လုိ႔ အမည္ေပးထားပါတယ္။ ပြဲအစီအစဥ္ေတြရဲ႕ Goddesses အစီအစဥ္မွာ ျပသသြားတယ္။ အိန္ဂ်ယ္ Lais Ribeiro က ေရႊေရာင္ အိန္ဂ်ယ္ေတာင္ပံေတြနဲ႔ ၀တ္စားဆင္ယင္ထားပါတယ္။

Champagne Nights Fantasy Bra အေၾကာင္း တင္ျပခ်က္ ဖတ္႐ႈရန္လင့္


● 2017 Victoria’s Secret Fashion Show ပြဲကုိ ၾကည့္႐ႈသူဦးေရ ၁.၄ ဘီလ်ံ ရွိေၾကာင္း တရား၀င္ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

 

Uni

● Victoria’s Secret Fashion Show 2017 ပွဲမစခင် ၇ နာရီအလိုမှာ စင်နောက်ဘက်မှာ စာနယ်ဇင်းသမားတွေနဲ့ ဘလော့ဂါတွေ စုံပြုံရောက်ရှိနကြေတယ်။ မော်ဒယ်တွေက ဆံပင်ပြင်တဲ့သူပြင်၊ မျက်နှာအလှပြင်သူပြင်တဲ့ အလုပ်ရှုပ်နကြေတယ်။
တရုတ်ဘလော့ဂါတွေက သူတို့ရဲ့ ပရိသတ်ကြည့်ဖို့ စင်နောက်ဖက်မြင်ကွင်းကို ဗီဒီယို ရိုက်ကူးပြီး တိုက်ရိုက်တင်ဆက်ပေးနကြေတယ်။ အလှပြင်နေတဲ့ မော်ဒယ်တွေက ဗီဒီယို ကင်မရာတစ်လုံး အနားရောက်လာတိုင်း ကင်မရာထဲကို လှမ်းကြည့်ပြီး ဟိုင်း လို့ပြောပြီး ကင်မရာကနေတစ်ဆင့် ပရိသတ်ကို လှမ်းနှုတ်ဆက်ကြတယ်။
ဒေါ်လာ ၂သန်းတန် ဖန်တစီဘရာကို အစောင့်နှစ်ယောက်က စောင့်ကြပ်ပေးနေတယ်။ အလေးချန်က ၆၀၀ ကရက်ကျော် ရှိပြီး စိန်ဖြူတွေ အပါအဝင် အဖိုးတန်ရတနာတွေ အပွင့်ပေါင်း ၆,ဝဝဝ နီးပါး တပ်ဆင်ပြီး အလှဆင်ပေးထားတယ်။

 

All model appearance Shanghai China


● Victoria’s Secret Fashion Show ကို ရှန်ဟိုင်းမြို့ တိုးချဲ့နေရာဖြစ်တဲ့ ပုဒုံမှာ တည်ရှိတဲ့ Mercedes-Benz Arena မှာ ကျင်းပခဲ့တယ်။ Victoria’s Secret ရဲ့ ပင်ကိုအရောင်ဖြစ်တဲ့ ပန်းနုရောင်ကို အသားပေးပြီး အလင်းရောင်တွေ ထုတ်ပေးထားတာ အပြင်ကနေ လှမ်းကြည့်ရင် ပန်းနုရောင် ပန်းကန်ပြားပျံကြီးတစ်ခု ဆိုက်နားထားသလို မြင်နေရတယ်။

 

Mercedes Benz Arena Shanghai China

Mercedes Benz Arena, Shanghai China

● ပွဲကို ဖိတ်စာရထားသူများသာ တက်ရောက်ရပါတယ်။ ဖိတ်စာကို အခမဲ့ပေးပါတယ်။ လက်မှတ်မရောင်းပါဘူး။ ဖိတ်စာပြန်ရောင်းတာကို ဝယ်ယူပြီး တက်ရောက်ကြသူတွေလည်း ရှိပါတယ်။ မှောင်ခိုဈေးက ဖိတ်စာတစ်စောင်ကို ကန်ဒေါ်လာ ၅၃,ဝဝဝ အထိ ပွဲကျင်းပမယ့်နေ့မှာ ထိုးတက်သွားခဲ့တယ်။ အဝင်ဝမှာ ဖိတ်စာကို ပြပြီး လက်မှတ်ထုတ်ယူရပါတယ်။ လက်မှတ်မှာ ထိုင်ခုံနံပါတ် ဖော်ပြပေးထားပါတယ်။နီးနီးနားနား ကြမ်းပြင်မှာ ထိုင်ခုံနေရ မရသူတွေက အပေါ်ဆောင်မှာ နေရာဦးပြီး ထိုင်ကြလို့ ထိုင်ခုံနံပါတ် သတ်မှတ်ပေးထားတဲ့ အစီအစဉ်က ပွဲမစခင်မှာပဲ ပျက်သွားတယ်။

VS Invite 1200x950

Invitation to the show.

● အမေရိကမှ စီဘီအက်စ် ရုပ်သံလွှင့် လုပ်ငန်းက ပွဲကို ထုတ်လွှင့်ခွင့် ဝယ်ယူပြီး ထုတ်လွှင့်ခဲ့တယ်။
● Victoria’s Secret ရဲ့ အာရှမှာ ပထမဆုံးကျင်းပတဲ့ ဖက်ရှင်ပွဲဖြစ်ပြီး အတွင်းခံအစုံ စုစုပေါင်း ၈၇ စုံ ကို စာရင်းဝင် မော်ဒယ် ၅၅ ဦးက ဝတ်ဆင်ပြီး လျှောက်လမ်းမှာ လျှောက်ပြခဲ့ကြတယ်။ စူပါမော်ဒယ်တွေ ဖြစ်တဲ့ Gigi Hadid,နဲ့ Katy Perry တို့ ပြည်ဝင်ခွင့် ဗီဇာမရလို့ ဝင်ပါခွင့် မရကြဘူး။
● ယခုနှစ်ရဲ့ အရောင်အဆင်းက ပန်းနုနဲ့ အပြာ ဖြစ်ပါတယ်။ လှောက်လမ်းနောက်ခံအဖြစ် ရှန်ဟိုင်းရဲ့ အထင်ကရ အဆောက်အဦ Oriental Pearl Tower ကို သုံးစွဲထားတယ်။ ဧည့်သည်တွေကို ပန်းနုရောင် ကော်ဇောပေါ်မှာ အင်စတာဂရမ် ဆဲလ်ဖီး ရိုက်ကြဖို့ ဖိတ်ခေါ်တယ်။ ပြီးရင် ဖျော်ရည်တစ်ခွက် ကမ်းတယ်။ ပြီးမှ သူတို့ဘာသာ စိတ်ကြိုက်ဆဲလ်ဖီးပုံတွေ ရိုက်ကြရတယ်။ တကယ်တာ့ ပွဲမဝင်ခင်ကနေ ပွဲပြီးတဲ့ ပုံတွေ ရိုက်နကြေတာ တသောသောပါပဲ။
● Victoria’s Secret Fashion Show မှာ စာရင်းဝင် မော်ဒယ်တွေကို အိန်ဂျယ် angel လို့ သုံးနှုန်းတယ်။ ယခုနှစ်ပွဲမှာ themes တွေက ●Punk Angel ● Porcelain Angels ● A Winter’s Tale ● Millennial Nation ● Goddesses ●Nomadic Adventure တို့ ဖြစ်ပါတယ်။ ဖြေဖျော်သူတွေမှာ Harry Styles, Miguel, Leslie Odom Jr. နဲ့
တရုတ်ပေါ့ပ် အဆိုတော် Jane Zhang တို့ ပါဝင်ပါတယ်။

performers 1200x799

 

Performers for 2017 Victoria’s Secret Fashion Show

● ရှေ့ဆုံးတန်းမှာ တရုတ်ပြည်ရဲ့ အထင်ကရ ဒါရိုက်တာတွေ၊ အယ်ဒီတာတွေ နေရာရကြတယ်။ တရုတ်ပြည်ရဲ့ အချမ်းသာဆုံးပုဂိ္ဂုလ်ဖြစ်ခဲ့ဖူးတဲ့ Wanda Group ပိုင်ရှင် Wang Jianlin ရဲ့သားဖြစ်သူ Wang Sicong ကို ဒုတိယ ထိုင်ခုံတန်းမှာ တွေ့ကြရတယ်။

● ပွဲကို ပထမဆုံးကလေးကို မွေးဖွားဖို့ ပွဲနားထားတဲ့ Candice Swanepoel က Punk Angel ဝတ်စားထားတဲ့ အိန်ဂျယ်အဖြစ်ဖြင့် စဖွင့်လိုက်တယ်။ သူက တောင်အာဖရိကမော်ဒယ်ဖြစ်ပြီး အသက် ၂၉ နှစ်ရှိပြီ။ Victoria’s Secret’ ပွဲတော်မှာ တစ်ဆယ်ကြိမ်မြောက် ပါဝင်ခြင်း ဖြစ်ပါတယ်။

Harry Styles performs at Victorias Secret Fashion Show 2017
Harry Styles performs at Victoria’s Secret Fashion Show 2017

● Winter’s Tale ကို အိန်ဂျယ်တွေ ထွက်လျှောက်ကြတော့ ရှန်ဟိုင်းမြို့ခံ အိန်ဂျယ် Ming Xi ချော်လဲပါလေရော။ Xi က သူဝတ်တင်ထားတဲ့ အဝတ်အစားရဲ့ ကြမ်းပြင်မှာ ဒရွတ်တိုက်နေတဲ့ ပိတ်ကြဲစကို တက်နင်းမိပြီး လဲတယ်။ ကင်မရာတွေ တည့်တည့်ချိန်ထားတဲ့နားကို ရောက်ခါနီးမှာ လဲသွားတာ။ အချိန်ယူပြီး ပြန်ထရတယ်။ ဒါပေမဲ့ တစ်လျှောက်လုံး အပြုံးအရယ် ပြုပေးထားနိုင်ခဲ့တယ်။ ပရိသတ်က သြဘာပေးပြီး Xi ကို ချီးကျူးလိုက်ကြတယ်။ ဒီဖက်ရှင်ပွဲရဲ့ ထူးခြားချက်တစ်ခုအဖြစ် မီဒီယာတွေမှာ မှတ်တမ်းတင်ခံရတယ်။ Xi ရဲ့ နောက်မှာ နေရာယူပြီး ပါလာတဲ့ မော်ဒယ် Gizele Oliveira က လက်ကမ်းပေးပြီး Xi ပြန်အထမှ ပြန်မလဲကျအောင် ဖေးကူပေးခဲ့တာဟာလည်း ပရိသတ်ရဲ့ ရင်ကို ထိစေခဲ့ပါတယ်။ စင်နောက်ဖက် ပြန်ရောက်တော့ သူ့အဖြစ်ကို ပြောဆိုရယ်မောနေခဲ့ပါတယ်။
သူ့အဖြစ်ကို နောက်တစ်နေ့ကျတော့ အင်စတာဂရမ်မှာ Xi က တင်ပြခဲ့ပါတယ်။ ‘‘ကျမ သက်မွေးအလုပ်ဘဝရဲ့ အခက်ထန်ဆုံး အခိုက်အတန့်တစ်ခုဆိုတာ သံသယ မရှိပါဘူး။ အထူးသဖြင့် ရှိုးပွဲက ကျမရဲ့ နေရပ်မြို့မှာ ကျင်းပနေတာ ဖြစ်နေတယ်။ ကျမရဲ့ အမေ၊ ကျမရဲ့ ပရိသတ်လူအများတို့ရဲ့ မျက်စိရှေ့မှောက်မှာ အခုလို ဖြစ်သွားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် မနေ့တုန်းက လူတိုင်းထံမှ အားပေးကူညီမှု ရရှိခဲ့တာ မယုံနိုင်စရာပါပဲ။ အဲဒီမှာ ကျမအတွက် ရှိပေးခဲ့ကြတဲ့သူတိုင်းကို ကျမ တကယ်ကျေးဇူးတင်ပါတယ်’’


2017 Victoria’s Secret Fashion Show ရဲ့ ထူးခြားချက်များ ဖတ်ရှုရန်လင့်ခ်

● Victoria’s Secret Fashion Show ရဲ့ အစဉ်အလာတစ်ခုဖြစ်တဲ့ Fantasy Bra လို့ ခေါ်တဲ့ အဖိုးတန် ဘရာကိုလည်း ပြသခဲ့ပါတယ်။ ယခုနှစ်မှာ ဒီဇိုင်း ထုတ်သူက လက်ဝတ်ရတနာ ပြုလုပ်သူ ဘီလျံနာ Mouawad က ဒီဇိုင်းထုတ်ခဲ့တယ်။ သူက
Victoria’s Secret အတွက် ရတနာ ဘရာတွေ လုပ်ကိုင်ပေးခဲ့တာ ၂၀၀၁ ခုနှစ်ကတည်းက ဖြစ်ပြီး ယခုနှစ်ဟာ သူ့ရဲ့ ၁၁ ခုမြောက် ရတနာဘရာ လက်ရာမွန် ဖြစ်ပါတယ်. အမည်ကို Champagne Nights Fantasy Bra လို့ အမည်ပေးထားပါတယ်။ ပွဲအစီအစဉ်တွေရဲ့ Goddesses အစီအစဉ်မှာ ပြသသွားတယ်။ အိန်ဂျယ် Lais Ribeiro က ရွှေရောင် အိန်ဂျယ်တောင်ပံတွေနဲ့ ဝတ်စားဆင်ယင်ထားပါတယ်။

Champagne Nights Fantasy Bra အကြောင်း တင်ပြချက် ဖတ်ရှုရန်လင့်


● 2017 Victoria’s Secret Fashion Show ပွဲကို ကြည့်ရှုသူဦးရေ ၁.၄ ဘီလျံ ရှိကြောင်း တရားဝင် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

Read 2431 times
Rate this item
(0 votes)