What's new

×

Warning

JUser: :_load: Unable to load user with ID: 845


2018 Victoria’s Secret Fashion Show

VSFS လို့ အတိုကောက် ခေါ်ဝေါ်ကြတဲ့ Victoria’s Secret Fashion Show ကို ၂၀၁၆ ခုနှစ်က ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပခဲ့ပြီး

၂၀၁၇ ခုနှစ်မှာတော့ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ကျင်းပခဲ့ပါတယ်။ လူကြည့်အများဆုံး ဖက်ရှင်ရှိုးပွဲဖြစ်ပြီး လူဦးရေ သန်း ၈၀၀ ကျော် live ထုတ်လွင့်မှုကို ကြည့်ကြတယ်။ ဖက်ရှင်ပွဲ ကုန်ကျစရိတ်က ကန်ဒေါ်လာ ၁၂ သန်း ၀န်းကျင် သုံးစွဲတယ်။

ယခုနှစ် ၂၀၁၈ အတွက် ပွဲကျင်းပဖို့ ပြင်ဆင်နေပါပြီ။

VSFS title


၁။ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ကျင်းပမယ်။

လာမယ့် အောက်တိုဘာလ သို့မဟုတ် နိုဝင်ဘာလမှာ ဆင်နွှဲမယ်လို့ ဆိုထားပါတယ်။ ပြီးခဲ့တဲ့နှစ် တရုတ်ပြည်မှာ ကျင်းပခဲ့စဉ်က ပါဝင်ဆင်နွှဲမယ့် မော်ဒယ်တချို့ ပြည်ဝင်ခွင့် ဗီဇာ မရခဲ့ကြဘူး။ Gigi Hadid, Katy Perry ပြီးတော့ ရုရှားမော်ဒယ်တွေ ဖြစ်ကြတဲ့ Julia Belyakova, Kate Grigorieva နဲ့ Irina Sharipova ယူကရိန်းမော်ဒယ် Dasha Khlystun တို့ ဗီဇာပေးဖို့ ငြင်းပယ်ခံရတယ်။ ပွဲသိမ်းည ပါတီပွဲကျင်းပတော့လည်း ညသန်းခေါင်မှာ ပွဲရပ်ဖို့ အာဏာပိုင်တွေက အမိန့်ပေးစေခိုင်းခဲ့လို့ ပွဲရပ်ခဲ့ရတယ်။

 

၂။ ပါခဲ့ဖူးသူတွေ ပြန်ပါကြမယ်။

VSFS မှာ ပါဝင်ခဲ့ဖူးတဲ့ မော်ဒယ်တွေ ဖြစ်ကြတဲ့ Lais Ribeiro, Martha Hunt, Stella Maxwell, Leomie Anderson, Cindy Bruna, Georgia Fowler, Grace Elizabeth, Devon Windsor စတဲ့သူတွေ ပြန်ပါဖြစ်ကြမယ်။ ပြီးခဲ့တဲ့ နှစ် VSFS မှာ ခြေချော်လဲခဲ့တဲ့ တရုတ်မော်ဒယ် Ming Xi လည်း ပြန်ပါမယ်လို့ ဆိုပါတယ်။

Ming Xi ပုံလျက်သား လဲကျခဲ့ပေမဲ့ အပြုံးမပျက်အောင် ထိန်းထားနိုင်ခဲ့ပုံကို အောက်ပါ လင့်မှာ ဖတ်ရှုနိုင်ပါတယ်။

 

2017 Victoria s Secret Fashion Show ရဲ့ ထူးခြားချက်များ

Ming Xi

 


၃။ လူသစ်တွေလည်း ပါမယ်
Instagram မှာ Winnie Harlow က ပို့စ်တင်ပြီး Victoria s Secret Fashion Show မှာ ပထမဆုံးအကြိမ်အဖြစ် ပွဲဦးထွက် ပါဝင်မယ်လို့ ဆိုထားပါတယ်။

WINNE WILLOW

ကျမ ဘ၀မှာ စိတ်အလှုပ်ရှားဆုံး ဖြစ်ရတဲ့ပွဲမှာ လျှောက်ရတော့မှာမို့ သူ့စိတ် မွမွကြေခဲ့တယ်။ ဒါပေမဲ့ သိဟောင်းကျွမ်းဟောင်းတွေ၊ မိတ်သစ်ဆွေသစ်တွေနဲ့အတူ အစမ်းလေ့ကျင့်တဲ့အခါကျမှ ကိုယ့်အိုးကိုယ့်အိမ်မှာ နေရသလို ခံစားမိပြီး စိတ်အေးသွားခဲ့တယ်လို့ ဆိုပါတယ်။

philippine kelsey merritt


လူသစ်တန်းထဲမှာ တစ်ဦးက ဖိလစ်ပိုင် မော်ဒယ် Kelsey Merritt ဖြစ်ပါတယ်။ VSFS မှာ ဖိလစ်ပိုင်မော်ဒယ် ပါဝင်တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အင်စတာဂရမ်မှာ folower 272K ရရှိထားသူ ဖြစ်ပါတယ်။
လူသစ်တန်းမှာ Duckie Thot, Sadie Newman, Lorena Rae, Mélie Tiaco, Willow Hand, Yasmin Wijnaldum အစရှိတဲ့ မော်ဒယ်တွေ ပါဝင်ကြောင်း စာရင်းမှာ တွေ့ရပါတယ်။

၎။ Alessandra Ambrosio မပါတော့ပါ

VSFS မှာ ၁၇ နှစ်တိုင်တိုင် ပါဝင်ခဲ့သူ Alessandra Ambrosio က အနားယူပြီဖြစ်ကြောင်း ပြီးခဲ့နှစ်တုန်းက အင်စတာဂရမ်မှာ အတိအလင်း ကြေညာခဲ့တယ်။

alossa 17 years

 

အခု သူက အငြိမ်းစားယူလိုက်တာကို ထပ်မံအတည်ပြုခဲ့ပါတယ်။


၅။ စူပါမော်ဒယ် သုံးဦး မသေချာသေး

စူပါမော်ဒယ် သုံးဦး ဖြစ်တဲ့ Bella Hadid, Gigi Hadid နဲ့ Kendall Jenner တို့ ပါဝင်မှာလားဆိုတာ အတည်မပြုသေးပါဘူး။

bella hadid

 

မနှစ်တုန်းကတော့ Bella ပါဝင်ခဲ့ပြီး Gigi က ဗီဇာမရလို့ မပါဖြစ်ခဲ့ဘူး။ သူတို့ရဲ့ အင်စတာဂရမ်မှာ တစ်စုံတစ်ရာ ကြေညာခြင်း မရှိသလို Victoria’s Secret ရဲ့ အင်စတာဂရမ် စာမျက်နှာမှာလည်း ကြေညာတာ မတွေ့ရသေးဘူး။

 


စူပါမော်ဒယ် Kendall Jenner က VSFS မှာ ၂၀၁၆ က ပထမဆုံးအကြိမ်အဖြစ် ပါဝင်ခဲ့တယ်။

KendallJenner2016VictoriaSecretFashionPm6iuIh3aTgl

ပြီးခဲ့တဲ့နှစ် ရှန်ဟိုင်းမှာ ကျင်းပတဲ့ VSFS မှာ မပါခဲ့ဘူး။ Victoria’s Secret လိုပဲ အတွင်းခံ အ၀တ်အစား အလန်းစားတွေ ထုတ်လုပ်တဲ့ La Perla နဲ့ စာချုပ်ရှိနေတာမို့ Victoria’s Secret မှာ ပါခွင့်မရှိလို့ မပါဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အခုပွဲမှာ သူ ပြန်လာမှာလားဆိုတာ အခုထိ အတိအကျ မသိကြရသေးဘူး။

၆။ အဖိုးတန်ဘရာ ဘယ်သူ ၀တ်ခွင့် ရမလဲ
VSFS ပွဲမှာ ဒေါ်လာသန်းချီတန်တဲ့ ရတနာစီခြယ် Fantasy Bra ကို ထည့်သွင်းပြသလေ့ရှိပါတယ်။ အခုနှစ်မှာ အဲဒီ Fantasy Bra ကို ဘယ်သူ ၀တ်ခွင့်ရမလဲဆိုတာ အခုအထိ မသိကြရသေးပါဘူး။

 

vs1

vs 2

vs 3

Read 1425 times
Rate this item
(0 votes)