What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Gigi ရဲ့ ဟရှီမိုတို

ဖက်ရှင်လောကရဲ့ စူပါ မော်ဒယ် Gigi Hadid မှာ စွဲကပ်နေတဲ့ ဟရှီမိုတို ဆိုတဲ့ ရောဂါက ဘယ်လိုမျိုးလဲဆိုတာ သိချင်ကြတယ်။ 

အဲဒီရောဂါ ရှိနေတာကြောင့် သူက ၀လိုက်ပိန်လိုက်နဲ့ ကိုယ်အလေးချိန်တွေ ပြောင်းနေရတယ်လို့ ဆိုရှယ်မီဒီယာမှာ တင်ပြပြီး အသိပေးရေးသားခဲ့ပါတယ်။ 

အဲဒီရောဂါက လည်ပင်းမှာ ရှိတဲ့ သွိုက်ရွိုက်ဂလင်းကို ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ ပဋိဇီဝတွေက မှားယွင်းပြီး တိုက်ခိုက်နေတာကြောင့် ဖြစ်ပေါ်တဲ့ ရောဂါဖြစ်ပါတယ်။
အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များလေ့ရှိတယ်။ ကုသနည်း မရှိသေးဘူး။ ဘာကြောင့် အခုလို ရောဂါဖြစ်ပွားရတဲ့ အကြောင်းရင်းကိုလည်း ဂဃနဏ မသိကြရသေးဘူး။
သက်ရှိကိုယ်တွင်း၌အစာခြေချက်မှု၊ကြီးထွားမှု၊စွန့်ထုတ်မှုစသည်တို့နဲ့ သက်ဆိုင်တဲ့ ဓာတုဖြစ်စဉ်အစုစုဖြစ်တဲ့ ဇီဝတွင်းဖြစ်ပျက်မှုတွေကို ထောက်ကူတဲ့ ဟိုမုန်းတွေကို သွိုက်ရွိုက်ဂလင်းက ထုတ်ပေးတယ်။ တစ်နည်းပြောရရင် ဇီဝတွင်းဖြစ်ပျက်မှုနှုန်းကို အဲဒီဟိုမုန်း ထုတ်ပေးတာ အနည်းအများဖြင့် ထိန်းပေးနေတယ်။ အဲဒီဟိုမုန်းတွေက ကြွက်သားတွေ ထိန်းချုပ်ဖို့၊ နှလုံးခုန်နှုန်း၊ အစာချေနှုန်းတွေကိုလည်း ထိန်းကျောင်းပေးတယ်။
ကိုယ်ခံအားစနစ်ရဲ့ ပဋိဇီဝတွေက သွိုက်ရွိုက်ဂလင်းကို တိုက်ခိုက်တာကြောင့် ဟိုမုန်း ထုတ်ပေးတာ ကမောက်ကမ ဖြစ်ကုန်တယ်။ အဲဒီလို ဟိုမုန်းတွေ ကမောက်ကမဖြစ်နေတာကိုပဲ ဆေးကုသမှု ခံယူပြီး ထိန်းပေးနေရတာ ဖြစ်ပါတယ်။

အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ ဖက်ရှင်မော်ဒယ် Gigi က သွိုက်ရွိုက်ကို ဒုက္ခပေးနေတာကြောင့် ရောင်ရမ်းခြင်းနဲ့ ရေဓာတ်တွေ လိုတာထက် ပိုနေအောင် ထိန်းသိမ်းထားတဲ့ ရောဂါလက္ခဏာတွေ ခံစားရကြောင်း တွစ်တာမှာ ပြောပြပါတယ်။
အဲဒီလို Gigi က တွိလိုက်ပြီးချိန်မှာ ဟရှီမိုတို ဆိုတာ ဘာရောဂါလည်း သိလိုကြသူတွေ အလွန်များပြားသွားပြီး ဂူးဂဲမှာ တက်ရှာကြသူတွေ ရုတ်ချည်း တိုးများသွားခဲ့ပါတယ်။

ဟရှီမိုတို Hashimoto ရောဂါကြောင့် လည်ပင်းရှေ့ပိုင်း ရောင်ရမ်းစေပါတယ်။ ဆံပင်တွေလည်း ကျွတ်တယ်။ ကိုယ်အလေးချိန် တိုးတယ်။ ကိုယ်ခံအားစနစ်က
လိပ်ပြာပုံသဏ္ဌာန်ရှိတဲ့ သွိုက်ရွိုက်ဂလင်းကို ထိခိုက်စေမယ့် ပဋိဇီဝတွေ ထုတ်ပေးနေတယ်။ အဲဒီတော့ သွိုက်ရွိုက်ဂလင်းက ပုံမှန် မဖြစ်နိုင်တော့ဘူး။ ဟိုမုန်းတွေ လောက်လောက်ငင မထုတ်ပေးနိုင်တော့ဘူး။ ဒီတော့ ထိန်းကျောင်းမှု ကမောက်ကမ ဖြစ်ကုန်တယ်။ ကိုယ်အလေးချိန်တက်တယ်။ ကြွက်သားတွေ အားနည်းတယ်။ မျက်နှာ ဖေါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်တုန်းက IMG မော်ဒယ်အေဂျင်စီနဲ့ Gigi က ကန်ထရိုက်လက်မှတ်ထိုးပြီး ပထမဆုံးအကြိမ် စလုပ်တော့ သူ့မျက်နှာက ၀ိုင်းနေတယ်။ ကိုယ်အလေးချိန်လည်း များနေတယ်။ မော်ဒယ်လုပ်ဖို့ ၀လွန်းသူလို့ ဝေဖန်ခံရတယ်။
‘‘သမီး အသက် ၁၇ နှစ်မှာ မော်ဒယ်စလုပ်တော့ သမီးမှာ ဟရှီမိုတို ရောဂါ ရှိနေတာ မသိရသေးဘူး။ ၀တယ်ဆိုပြီး ပြောတာ ခံရတယ်။ တကယ်တော့ အဲဒီတုန်းကတည်းက ဟရှီမိုတို ရှိနေပြီ။ ဖေါနေပြီး ကိုယ်ထဲမှာ ရေတွေ များနေတယ်။ ဒီတော့ ၀၀ဖြိုးဖြိုး ဖြစ်လွန်းတယ်ဆိုပြီး ပြောခံရတယ်’’
သူက ယောက်ျားလေးတစ်ယောက်လို စားတယ်။ ပေါင်လုံးတွေ ကြီးတယ်လို့ သူက ဒေးလီမေးလ်က တွေ့ဆုံမေးမြန်းစဉ်မှာ ပြောပြခဲ့ဖူးတယ်။
နောက်တော့ သူက ၀ိတ်ပြန်ကျသွားတယ်။ ပိန်ပိန်ပါးပါး ပြန်ဖြစ်တယ်။ မော်ဒယ်လုပ်ငန်းရဲ့ ဖိအားကြောင့်လို့ လူတွေက ထင်ကြတယ်။ တကယ်တော့ ဟရှီမိုတို ရောဂါ ပြန်ငုပ်နေတာသာ ဖြစ်ပါတယ်။
Gigi က တွိလိုက်တာမှာ ‘‘သမီးက အမြဲ စားနေကျအတိုင်းပဲ စားတယ်။ ကိုယ်ခန္ဓာက ကိုင်တွယ်ပုံ ကွာခြားရင် ကွာခြားသလို ပိန်လိုက်ဝလိုက် ဖြစ်နေတယ်။ အခုတော့ ကျန်းမာရေးက အကောင်းဘက်ကို ပြန်ရောက်နေပြီ’’ လို့ အသိပေးထားတယ်။

ဟရှီမိုတို ရှိမရှိကို သွေးစစ်ကြည့်ပြီး ဆန်းစစ်ကြတယ်။ ရောဂါ ရှိနေရင် သက်လတ်ပိုင်းမှာ စသိသာလာတယ်။ ပိန်လိုက်ဝလိုက်ဖြစ်နေတာ သွေးရိုးသားရိုး မဟုတ်တော့ဘူး။ မျက်နှာ အန်းတာ ဖောတာတွေကလည်း သိသာစေပါတယ်။ 

Read 1864 times
Rate this item
(0 votes)