What's new
×
Warning
JUser: :_load: Unable to load user with ID: 845
ဖက်ရှင်ကလူရဲ့ကျန်းမာရေးကိုလဲ အထောက်အကူပေးတယ်လို့ဆိုသူ မြန်မာပြည်သိန်းတန်
Zaw+uni ဖက်ရှင်အဆန်းတွေကို တီထွင်ဝတ်ဆင်တတ်သူ မြန်မာပြည်သိန်းတန်ဟာmyanmar idol season3မှာ ဒိုင်အဖြစ်
Uni
ဖက်ရှင်အဆန်းတွေကို တီထွင်ဝတ်ဆင်တတ်သူ မြန်မာပြည်သိန်းတန်ဟာmyanmar idol season3မှာ ဒိုင်အဖြစ်
ဒုတိယအကြိမ်ဆောင်ရွက်သွားမှာပါ။မြန်မာပြည်သိန်းတန်နဲ့ တွေ့ဆုံခိုက် ဖက်ရှင်နဲ့ပတ်သတ်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။
“အန်ကယ် Myanmar idol မှာဒိုင်လုပ်ဖို့ဖက်ရှင်တွေကို လဲ ကြိုတင်ပြင်ဆင်နေပါပီ။အမေရီကားက အင်္ကျီတွေဘောင်းဘီတွေ အကုန်ဝယ်လာတယ်။အန်ကယ်အချစ်ဆုံးတေးချစ်သူကဘဲ စီစဉ်ပေးပါတယ်။ အစတွေကို ဒီဇိုင်နာကိုအောင်စိုးကိုအပ်ထားတယ်။ ကိုမျိုးမင်းစိုးကလဲချုပ်ပေးမယ်။ကာလာတွေအစုံအန်ကယ် ကကြိုက်တော့ အဖြူလဲကြိုက်တယ်။ပရိသတ်တွေ မျက်စိပဒါသဖြစ်ပြီးပျော်ကျရင်ကျေနပ်ပါတယ်။ ဖက်ရှင် ဇာတ်ကားကိုလဲကျေနပ်အားရမှုရှိပါတယ်။ အန်ကယ်ရဲ့ ပထမဦးဆုံးဇာတ်ကားဖြစ်တော့ အန်ကယ်ကိုယ်လုပ်တတ်သလောက် သရုပ်ဆောင်ခဲ့တယ်။ ဒါပေမယ့် သရုပ်ဆောင်ပိုင်းကပိုပြီး နက်နဲတယ်။ အန်ကယ် အနေနဲ့ ကြိုးစားရပါဉိးမယ်။ ဒုတိယကားလေးအဆိုတော်တို့နေတဲ့ ရွာကလဲပြဖို့နီးနေပါပြီ။ ဇာတ်အိမ်လဲကောင်းတယ်။ ဖက်ရှင်ဇာတ်ကားထက် အဆိုတော်တွေနေတဲ့ ရွာကို ပိုအားရပါတယ်။ ဖက်ရှင်တွေနဲ့ ပတ်သတ်ပြီးနောက်ပိုင်းဆန်းသစ်တီထွင်ဖို့ အချစ်ဆုံးတေးချစ်သူက စီစဉ်မှာပါ။ ဖက်ရှင်ကလူတယောက်အတွက် အရေးကြီးပါတယ်။ သူကအလှအပရှိနေတယ်။ စင်ပေါ်မှာအန်ကယ်တို့ရပ်နေတယ်ဆိုရင် ဖက်ရှင်အရောင်လေးတွေ ဝတ်ထားတဲ့ ဒီဇိုင်းလေးတွေအလှအပက ပရိသတ်က အာရုံစိုက်လို့ရတယ်။ ပျင်းနေတဲ့ သူက အန်ကယ်တို့ ဝတ်ထားတာတွေကို ကြည့်ပြီးအပျင်းပြေတယ်အန်ကယ်တို့ ဆိုနေတာကို နားထောင်တဲ့ အပြင် မျက်စိပဒါဒမှာ ပရိသတ်ပိုမိုပြီးအထောက်အပံ့ရတယ်။ အန်ကယ်တို့ အနုပညာရှင်တွေကလဲ ကိုယ်ကြိုက်တဲ့အရောင် ကိုယ်ကြိုက်တဲ့ ဖက်ရှင်လေးကို ဝတ်လိုက်တော့ အားတွပြေည့်ပြီးအားတွေပိုတိုးလာတယ်။ဖက်ရှင်က အရေးကြီးတယ်။လူရဲ့ကျန်းမာရေးကိုလဲ အထောက်အကူပေးတယ်။ ခုခေတ်ဖက်ရှင်တွေအရမ်းကို တိုးတက်လာပါပီဖက်ရှင်ကို ဆန်းအောင်ဝတ်ကြပါ။မဝတ်ဖြစ်သေးတဲ့ သူတွေလဲ ဝတ်ကြပါ။
Read 2021 times
Rate this item
(0 votes)