What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ Lee Hyo-ri ရဲ့ စောင် ဖက်ရှင်

Lee Hyo-ri ကတော့ တောင်ကိုရီးယားရဲ့ နာမည်ကြီး အဆိုတော်တစ်ဦးဖြစ်ပြီး record producer ၊ တက်ကြွလှုပ်ရှားသူ၊ ရုပ်ရှင်မင်းသမီး ၊ TV presenter တစ်ယောက်လည်း ဖြစ်ပါတယ်။ Fin.K.L အဖွဲ့ဝင်တစ်ယောက်အဖြစ် ပွဲဦးထွက်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ Solo Artist အဖြစ် ရပ်တည်ခဲ့ပါတယ်။

Lee Hyo-ri ကတော့ "2020 MBC Entertainment Awards" မှာ ဆုရရှိခဲ့ပါတယ်။ ဆုပေးပွဲကိုတော့ လူကိုယ်တိုင် မတက်ရောက်ခဲ့ ပေမယ့် ဆု လက်ခံရရှိတဲ့ မိန့်ခွန်းကိုတော့ ဗီဒီယို Clip နဲ့ ပြောခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ All Kpop မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

 

ဆုလက်ခံရရှိတဲ့ အကြောင်း မိန့်ခွန်း ဗီဒီယိုဖိုင်မှာ သူမ ဝတ်ဆင်တဲ့ ဝတ်စုံက တော်တော်လေး လူပြောများနေပါတယ်။ မြင်လိုက်တာနဲ့ လုံး၀ ထူးခြားနေတဲ့ Dress ကတော့ လူတွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒီဇင်ဘာ ၂၉ ရက်နေ့မှာတော့ Lee Hyori က " 2020 MBC Entertainment Awards" မှာ "Best Music and Talk Female" ဆုကို ရခဲ့တာပါ။ ကိုဗစ်ကူးစက်မှုနှုန်းတွေ ပြန်လည် မြင့်တက်လာတာ ကြောင့် ဆု ပေးပွဲကို လူကိုယ်တိုင် မတက်ရောက်ခဲ့တာပါ။ ဆု လက်ခံရရှိကြောင်း ဗီဒီယို မက်ဆေ့ချ်မှာတော့ .."ကိုဗစ် အခြေအနေ ကြောင့် လူကိုယ်တိုင် မတက်ရောက်နိုင်ခဲ့တာပါ။ ဒါပေမယ့် ဂျယ်ဂျူကျွန်းဆီ အရောက် ပို့လာတဲ့ဆုကို လက်ခံယူဖို့ ကျွန်မရဲ့ blanket dress နဲ့ စောင့်ဆိုင်းနေပါတယ်." လို့ ပြောခဲ့ပါတယ်။

100+ Lee Hyori ideas in 2020 | lee hyori, lee, korean celebrities

 

သူမ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံကတော့ သူမကိုယ်တိုင် hand-made ဖန်တီးထားတာပါ။ Lee Hyori က ဒီဝတ်စုံနဲ့ ပတ်သက်ပြီး.." ကျွန်မရဲ့ Stylist က ကျွန်မ အတွက် ဝတ်စုံလှလှလေးတွေ အများကြီး ရွေးပေးပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ အရမ်းများသွားတယ်။ တစ်နေ့ကျရင် ပိုပြီး လှပတဲ့ ဖက်ရှင်နဲ့ လူတိုင်းကို လူချင်းတွေ့ နှုတ်ဆက်သွားမှာပါ.." ဆိုပြီး ပြောခဲ့ပါတယ်။ သူမရဲ့ပရိသတ် တွေကတော့ ဒီဝတ်စုံကို မြင်လိုက်တော့ အော်ရယ်မိတယ်၊ သူမကတော့ နောက်ထပ်ဝတ်စုံ Trend တစ်ခု ဖြစ်အောင် လုပ်နေပြီ။ စောင်နဲ့ ဒီလို Dress လုပ်မယ်လို့ ယုံတောင် မယုံနိုင်ဘူး။ ဝတ်စုံက ချစ်စရာလေး.." အစရှိသဖြင့် အမျိုးမျိုး မှတ်ချက်ပေးခဲ့ကြပါတယ်။

 

 

 

Myanmar Textile & Garment Guide

Source: All Kpop

Read 1006 times
Rate this item
(0 votes)