What's new

×

Warning

JUser: :_load: Unable to load user with ID: 845


BTS ရဲ့ ဖက်ရှင်အပိုင်းတွေထဲက Jimin ၏ Chanel ချွေးထွက်အင်္ကျီ၊ RM ၏ Gucci လက်စွပ်၊ V ၏ Yeezy ဖိနပ်အပါအဝင် ဖက်ရှင်(၅)မျိုးက ပရိသတ်တွေရဲ့ အာရုံစူးစိုက်မှုကို ရရှိခဲ့

ယခုရက်သတ္တပတ်ကတော့ BTS နဲ့ သူ၏ Fans(ARMY)တို့ရဲ့ အလုပ်များသော ရက်သတ္တပတ်ဖြစ်ပြီး သူ့ပရိသတ်များကို Run BTS ၊ Bangtan Bomb ဗီဒီယို၊ selcas ၊ မမြင်ရသောဓာတ်ပုံများနှင့် whatnot တို့ဖြင့် ပျော်ရွှင်စေရုံသာမက ARMY တို့အတွက် ရည်ရွယ်ကာ ဖက်ရှင်စတိုင်အချို့ကိုလည်း ပြပေးခဲ့ပါတယ်။

 

ဒါဟာ BTS fans တွေအတွက် အကောင်းဆုံး ရက်သတ္တပတ် ဖြစ်ခဲ့ပြီး တကယ်တော့ သူ့အဖွဲ့ဝင်တစ်ခုလုံးအတွက် ကောင်းမွန်သောနှစ် တစ်နှစ်လည်း ဖြစ်တယ်လို့ ဆိုရပါမယ်။ ဒါပေမယ့် fans တွေ ကြည့်ဖို့အတွက် ရက်အနည်းငယ်ပဲ ရည်ရွယ်ထားတယ်လို့ ဆိုတယ်။ အဆိုပါ ဖျော်ဖြေပွဲသည် ARMY တို့အား Run BTS ဇာတ်လမ်း၊ ၎င်းအဖွဲ့ရဲ့ Grammy 2020 အသွင်အပြင်ပုံစံ Bangtan အသစ်၊ တစ်ကိုယ်တော် V Lives သုံးခုနဲ့ Weverse ရှိဓာတ်ပုံနှစ်ပုံနဲ့အတူ ပူးတွဲပြသခဲ့တယ်။ ထိုကဲ့သို့ များလှစွာသော အမြင်အာရုံများမှတဆင့် ကျွန်ုပ်တို့၏ ဖက်ရှင်များကို အဆင့်မြှင့်တင်ပြီးဖြစ်သောကြောင့် စိတ်လှုပ်ရှားဖွယ်ကောင်းသောအရာများကို ပြလိမ့်မယ်လို့ ကျွန်ုပ်တို့ ထင်မြင်ခဲ့တယ်။

 

ထိုအထဲကမှ ပရိသတ်တွေကို ဖမ်းစားနိုင်ပြီး စွဲမက်စရာအကောင်းဆုံးဖက်ရှင်တစ်ခုမှာ RM ဝတ်ဆင်ထားတဲ့ စတော်ဘယ်ရီလက်စွပ်ပဲ ဖြစ်တယ်။ Taehyung သည်လည်း Weverse သို့ သွား၍ Got Talent အတွက် Dynamite MTV ရိုက်ကူးရေးမှ Jimin နှင့် Suga နှင့် Namjoon တို့၏ဓာတ်ပုံကို မျှဝေခဲ့တယ်။ အဖွဲ့ဝင်အားလုံးက AF ကိုကြည့်ရတာ ပိုပြီးကြည့်ကောင်းနေချိန်တွင် သူ၏လက်စွပ်ကိုလည်း ထင်ရှားစွာတွေ့ရတယ်။ Twitter အကောင့် Bangtan Style ကနေ ထိုလက်စွပ်မှာ Gucci ရဲ့ ကျောက်သလင်းကျောက်များဖြင့် ပြုလုပ်ထားကြောင်း ပြောကြားခဲ့ပြီး လက်စွပ်ရဲ့ တန်ဖိုးမှာ ဒေါ်လာ ၄၇၀ ကျသင့်တယ်လို့ ဆိုပါတယ်။

 

ထိုလက်စွပ်မှာ ကျွန်ုပ်တို့ကို မျက်လှည့်ပြသလို ဖမ်းစားနိုင်ခဲ့ပြီး Jimin သည်လည်း မကြာသေးမီက V Live တွင် ဝတ်ဆင်ခဲ့သော Chanel ဆွယ်တာအင်္ကျီကို ပြသခဲ့တယ်။ ထို session တစ်ခုအတွင်းမှာ Jimin ၏ဆွယ်တာသည် အပြာရောင် ဇာထိုး Varsity ဆွယ်တာအင်္ကျီဖြစ်ပြီးဆောင်းဦးရာသီအတွက် ပြီးပြည့်စုံမှုရှိကာ ၎င်း၏တန်ဖိုးသည် ဒေါ်လာ ၂၀၃၅ ကုန်ကျပါတယ်။

 

Yongongi သည် ယခုအပတ်တွင် live session အစီအစဉ်တစ်ခုပြီးတစ်ခု ပြုလုပ်ခဲ့ပြီး အနက်ရောင်တေးဂီတအဖွဲ့တစ်ခုအဖြစ် ကျွန်ုပ်တို့ရဲ့ နှလုံးသားကို လှုပ်ခတ်သွားစေခဲ့တယ်။ သူသည် ဒေါ်လာ ၇၂၂ (ခန့်မှန်းခြေရူပီး ၅၆,၈၀၀ INR) တန်ဖိုးရှိ WOOYOUNGMI ဂျာကင်အင်္ကျီကို ဒေါ်လာ ၄၂၀ (ခန့်မှန်းခြေရူပီး ၃၀,၉၀၀ ခန့်) နှင့်အတူ အမှတ်တံဆိပ်တူညီသော ဘောင်းဘီတိုနှင့် တွဲဖက်ဝတ်ဆင်ခဲ့ပါတယ်။

 

J-Hope သည် မကြာသေးမီက selca ဘက်သို့ ပြောင်းလိုက်ပြီး အပူချိန်နှင့်လိုက်ဖက်တဲ့ အပြုံးမျက်နှာဆွယ်တာအင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားကာ စတိုင်အပြည့်နဲ့ ကြိုဆိုခဲ့တယ်။ အဆိုပါ ဆွယ်တာအင်္ကျီကို RAF SIMONS မှထုတ်လုပ်ထားကာ ဒေါ်လာ ၁၂၁၉ ခန့် (ရူပီး ၉၀,၀၀၀ ခန့်) ရှိပါတယ်။

Image

 

ပရိသတ်တွေ အထူးအာရုံစိုက်ခဲ့သောနောက်ဆုံးဖက်ရှင်မှာ Wee ဓာတ်ပုံတွင် သူ စီးခဲ့သော TaeTae ၏ Yeezy ဖိနပ် ဖြစ်ပြီး ထိုဖိနပ်၏တန်ဖိုးသည် ဒေါ်လာ ၂၇၅ (ရူပီး ၂၀၀၀၀ INR) ဖြစ်တယ်လို့ ဆိုပါတယ်။

 

 

By htikehtike (Myanmar Textile & Garment Guide)

Ref: www.pinkvilla.com

Read 1188 times
Rate this item
(0 votes)