What's new

×

Warning

JUser: :_load: Unable to load user with ID: 845


NYFW Updated: Athiya Shetty ပြဲမတက္ျဖစ္

Zawgyi+Unicode

ေဘာလီ၀ုဒ္ မင္းသမီး Athiya Shetty ဟာ ယခုက်င္းပေနတဲ့ New York Fashion Week (NYFW) ကုိ မလႊဲမေရွာင္သာတဲ့အတြက္ မတက္ေရာက္ဘဲ လက္လႊတ္လုိက္ရပါတယ္။

 

‘‘က်မက NY Fashion Week ကုိ သြားမလုိ႔ အရင္က အစီအစဥ္ လုပ္ထားၿပီးသား။ ဒါေပမဲ့ အလွကုန္အတြက္ ႐ုိက္ကူးေရး ရက္နဲ႔ တုိက္ေနလုိ႔ မသြားဖုိ႔ ဆုံးျဖတ္လုိက္ရတယ္’’

အသီယာ ရွက္တီက လက္၀တ္ရတနာနဲ႔ အလွကုန္တုိ႔အတြက္ ေၾကာ္ျငာ႐ုိက္ေပးဖုိ႔ စာခ်ဳပ္ေတြ ခ်ဳပ္ထားတယ္။ သူက ပြဲမွာ Selena Gomez နဲ႔ ေတြ႕ခြင့္ရမယ္လုိ႔ အားခဲထားေၾကာင္း ေျပာျပတယ္။

‘‘သူ႔ကုိ က်မ ခ်စ္တယ္။ သူဆုိတာ သိေကာင္းတယ္။ ၿပီးေတာ့ သူက အရမ္းလွတာပဲ။ မိန္းကေလးေတြ နမူနာ ယူစရာပဲ’’ လုိ႔ အသီယာ ရွက္တီက ေျပာျပပါတယ္။

‘‘ကၽြန္မ နယူးေယာက္ကုိ ခ်စ္တယ္။ အဲဒီမွာ လူေတြက အ၀တ္အစားေတြကုိ ၀တ္ဆင္ၾကတယ္။ အ၀တ္အစားေတြက သူတုိ႔ကုိ ၀တ္တာကုိ လက္မခံၾကဘူး’’

လုိ႔ သူက ေျပာျပပါတယ္။

arhiya

 ဖက္ရွင္ကုိ အ႐ူးအမူး ျဖစ္သလားလုိ႔ သူ႔ကုိ ေမးေတာ့

‘‘အဲဒါေတာ့ က်မ မသိဘူး။ က်မအဖုိ႔ေတာ့ ဖက္ရွင္ဆုိတာ သက္ေသာင့္သက္သာ ရွိတာ၊

ကုိယ့္ကုိယ္ကုိယ္ ယုံၾကည္စိတ္ခ်မႈ ရေစတာ အဲဒါေတြအတြက္ ျဖစ္ပါတယ္’’

လုိ႔ သူက ေျပာျပပါတယ္။

NYFW Updated: Athiya Shetty ပွဲမတက်ဖြစ်

==========================

ဘောလီဝုဒ် မင်းသမီး Athiya Shetty ဟာ ယခုကျင်းပနေတဲ့ New York Fashion Week (NYFW) ကို မလွှဲမရှောင်သာတဲ့အတွက် မတက်ရောက်ဘဲ လက်လွှတ်လိုက်ရပါတယ်။

‘‘ကျမက NY Fashion Week ကို သွားမလို့ အရင်က အစီအစဉ် လုပ်ထားပြီးသား။ ဒါပေမဲ့ အလှကုန်အတွက် ရိုက်ကူးရေး ရက်နဲ့ တိုက်နေလို့ မသွားဖို့ ဆုံးဖြတ်လိုက်ရတယ်’’

အသီယာ ရှက်တီက လက်ဝတ်ရတနာနဲ့ အလှကုန်တို့အတွက် ကြော်ငြာရိုက်ပေးဖို့ စာချုပ်တွေ ချုပ်ထားတယ်။ သူက ပွဲမှာ Selena Gomez နဲ့ တွေ့ခွင့်ရမယ်လို့ အားခဲထားကြောင်း ပြောပြတယ်။

‘‘သူ့ကို ကျမ ချစ်တယ်။ သူဆိုတာ သိကောင်းတယ်။ ပြီးတော့ သူက အရမ်းလှတာပဲ။ မိန်းကလေးတွေ နမူနာ ယူစရာပဲ’’ \

လို့ အသီယာ ရှက်တီက ပြောပြပါတယ်။

‘‘ကျွန်မ နယူးယောက်ကို ချစ်တယ်။ အဲဒီမှာ လူတွေက အဝတ်အစားတွေကို ဝတ်ဆင်ကြတယ်။ အဝတ်အစားတွေက သူတို့ကို ဝတ်တာကို လက်မခံကြဘူး’’

လို့ သူက ပြောပြပါတယ်။

 ဖက်ရှင်ကို အရူးအမူး ဖြစ်သလားလို့ သူ့ကို မေးတော့

‘‘အဲဒါတော့ ကျမ မသိဘူး။ ကျမအဖို့တော့ ဖက်ရှင်ဆိုတာ သက်သောင့်သက်သာ ရှိတာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ရစေတာ အဲဒါတွေအတွက် ဖြစ်ပါတယ်’’

လို့ သူက ပြောပြပါတယ်။

Read 1710 times
Rate this item
(0 votes)