What's new

×

Warning

JUser: :_load: Unable to load user with ID: 845


Greg Hsu ကို Calvin Klein ဖက်ရှင်တိုက်က တရုတ်နိုင်ငံအတွက် celebrity ambassadorခန့်အပ်

Netflix ရဲ့ ဒရမာ Nowhere Man မှ သရုပ်ဆောင်၊ ကိုးရီးယားမှာ ၂၀၁၈ ခုနှစ်တုန်းက ဝင်ငွေစံချိန်တင်တဲ့ On Your Wedding Day ကို

တရုတ်စကားဖြင့် ပြန်ထုတ်လုပ်တာမှာ ပါဝင်တဲ့ ထိုင်ဝမ်သရုပ်ဆောင် Greg Hsu ကို အမေရိကန် ဖက်ရှင်တိုက် Calvin Klein က တရုတ်နိုင်ငံဈေးကွက်အတွက် ambassador ခန့်အပ်ကြောင်း ကြေညာပါတယ်။ Calvin Klein ရဲ့ ambassador အဖြစ် Justin Bieber, Nick Jonas, Exo’s Lay Zhang, Bonnie Chen နဲ့ Kardashian-Jenner မိသားစုဝင်တွေကို ခန်ံအပ်ဖူးပါတယ်။ အာရှသား ဖြစ်တဲ့ Greg Hsu ဟာ Calvin Klein အဖို့ အပြောင်းအလဲတစ်ခု ဖြစ်ပါတယ်။

Greg Hsu ဟာ ထိုင်ဝမ်နိုင်ငံသားဖြစ်ပြီး မော်ဒယ်ကတော့ ရုပ်ရှင်မင်းသား ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။
အသက် ၂၉ နှစ် ရှိသူ Greg Hsu ဟာ တရုတ်ဈေးကွက်အတွက် Calvin Klein ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ်
Spring/Summer 2020 Jeans collection ကို တာဝန် ယူပေးရမှာ ဖြစ်ပါတယ်။
Greg Hsu ရဲ့ Instagram account မှာ followers ၇၃၄ ၀၀၀ ရှိပါတယ်။ တရုတ်ပြည်ရဲ့ Weibo မှာတော့ followers လေးသန်းကျော် ရှိပါတယ်။
အသက် ၁၃ နှစ်မှာ Hsu က သီချင်းဗီဒီယိုမှာ ပါဝင်ခဲ့တယ်။ အပြိုင်အဆိုင် ပြင်းထန်တဲ့ ဂီတနယ်ပယ်ထဲမှာ pop star ဖြစ်ဖို့ ရည်မှန်းထားခဲ့တယ်။ နောက်တော့ မော်ဒယ်ဘက်ကို ရောက်သွားတယ်။ နောက်ထပ် ၁၀ နှစ်အကြာမှာတော့ သူက ကျော်ကြားတဲ့ ရုပ်ရှင်သရုပ်ဆောင် ဖြစ်နေပါပြီ။ Love of Sandstorm (2016) and Someday နဲ့ One Day (2019) ရုပ်ရှင်တွေမှာ အကြီးအကျယ် အောင်မြင်မှုများ ရရှိခဲ့တယ်။
အခု Calvin Klein ရဲ့ ambassador ဖြစ်သွားပြီ ဆိုတော့ Calvin Klein ရဲ့ လူငယ်တွေအတွက် ဖက်ရှင်ထည်တွေ ဝတ်စားဆင်ယင်ထားတဲ့ သူ့ပုံတွေကို တွေ့ကြရတော့မှာ ဖြစ်ပါတယ်။

 

Greg Hsu ကို Calvin Klein ဖက္ရွင္တိုက္က တ႐ုတ္ႏိုင္ငံအတြက္ celebrity ambassadorခန႔္အပ္

Netflix ရဲ႕ ဒရမာ Nowhere Man မွ သ႐ုပ္ေဆာင္၊ ကိုးရီးယားမွာ ၂၀၁၈ ခုႏွစ္တုန္းက ဝင္ေငြစံခ်ိန္တင္တဲ့ On Your Wedding Day ကို တ႐ုတ္စကားျဖင့္ ျပန္ထုတ္လုပ္တာမွာ ပါဝင္တဲ့ ထိုင္ဝမ္သ႐ုပ္ေဆာင္ Greg Hsu ကို အေမရိကန္ ဖက္ရွင္တိုက္ Calvin Klein က တ႐ုတ္ႏိုင္ငံေဈးကြက္အတြက္ ambassador ခန္႔အပ္ေၾကာင္း ေၾကညာပါတယ္။ Calvin Klein ရဲ႕ ambassador အျဖစ္ Justin Bieber, Nick Jonas, Exo’s Lay Zhang, Bonnie Chen နဲ႔ Kardashian-Jenner မိသားစုဝင္ေတြကို ခန္ံအပ္ဖူးပါတယ္။ အာရွသား ျဖစ္တဲ့ Greg Hsu ဟာ Calvin Klein အဖို႔ အေျပာင္းအလဲတစ္ခု ျဖစ္ပါတယ္။
Greg Hsu ဟာ ထိုင္ဝမ္ႏိုင္ငံသားျဖစ္ၿပီး ေမာ္ဒယ္ကေတာ့ ႐ုပ္ရွင္မင္းသား ျဖစ္လာခဲ့သူ ျဖစ္ပါတယ္။
အသက္ ၂၉ ႏွစ္ ရွိသူ Greg Hsu ဟာ တ႐ုတ္ေဈးကြက္အတြက္ Calvin Klein ရဲ႕ ေျပာေရးဆိုခြင့္ရွိသူအျဖစ္
Spring/Summer 2020 Jeans collection ကို တာဝန္ ယူေပးရမွာ ျဖစ္ပါတယ္။
Greg Hsu ရဲ႕ Instagram account မွာ followers ၇၃၄ ၀၀၀ ရွိပါတယ္။ တ႐ုတ္ျပည္ရဲ႕ Weibo မွာေတာ့ followers ေလးသန္းေက်ာ္ ရွိပါတယ္။
အသက္ ၁၃ ႏွစ္မွာ Hsu က သီခ်င္းဗီဒီယိုမွာ ပါဝင္ခဲ့တယ္။ အၿပိဳင္အဆိုင္ ျပင္းထန္တဲ့ ဂီတနယ္ပယ္ထဲမွာ pop star ျဖစ္ဖို႔ ရည္မွန္းထားခဲ့တယ္။ ေနာက္ေတာ့ ေမာ္ဒယ္ဘက္ကို ေရာက္သြားတယ္။ ေနာက္ထပ္ ၁၀ ႏွစ္အၾကာမွာေတာ့ သူက ေက်ာ္ၾကားတဲ့ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ျဖစ္ေနပါၿပီ။ Love of Sandstorm (2016) and Someday နဲ႔ One Day (2019) ႐ုပ္ရွင္ေတြမွာ အႀကီးအက်ယ္ ေအာင္ျမင္မႈမ်ား ရရွိခဲ့တယ္။
အခု Calvin Klein ရဲ႕ ambassador ျဖစ္သြားၿပီ ဆိုေတာ့ Calvin Klein ရဲ႕ လူငယ္ေတြအတြက္ ဖက္ရွင္ထည္ေတြ ဝတ္စားဆင္ယင္ထားတဲ့ သူ႔ပုံေတြကို ေတြ႕ၾကရေတာ့မွာ ျဖစ္ပါတယ္။

Read 1420 times
Rate this item
(0 votes)