What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အာေသာက ႐ာဇ၀င္ကား ဒီဇုိင္းဖက္ရွင္

Zawgyi version

ေဘာလီ၀ုဒ္ရဲ႕ နာမည္ႀကီး ရာဇ၀င္ဇာတ္ကား အေသာကမွာ ေရွး႐ုိးရာ၀တ္စုံ ဒီဇုိင္းနာအျဖစ္ အႏု ဗာဒမ္ လုပ္ကုိင္ျဖစ္ခဲ့ရာမွ ေရွး႐ုိးရာ၀တ္စုံ ဒီဇုိင္းနာအလုပ္ကုိ သက္ေမြးအလုပ္တစ္ခုအျဖစ္ လုပ္ကုိင္ခဲ့ျခင္း အစပ်ဳိးခဲ့ပါတယ္။

သူမက ေကာလိပ္ေက်ာင္းၿပီးခါစ၊ သူမရဲ႕ ခင္ပြန္း ဗစ္ရွ္ႏူး ဗာဒံက ေဘာလီ၀ုဒ္ ရုပ္ရွင္ Billa နဲ႔ Aarambham တုိ႔အပါ၀င္ အကုန္အက်မ်ားတဲ့ ႐ုပ္ရွင္ကားႀကီးေတြကုိ ႐ုိက္တဲ့ ဒါ႐ုိက္တာတစ္ဦး ျဖစ္ပါတယ္။

 

အင္မတန္ ထင္ရွားေတာ္မူတဲ့ ဧကရာဇ္ မဟာအာေသာကမင္းႀကီးကုိ ႐ုပ္ရွင္အျဖစ္ အသက္သြင္းမယ္ဆုိေတာ့ အခရာ အက်ဆုံးက ရပ္သပ္႐ႈေမာဖြယ္ရာ ႀကီးက်ယ္ခမ္းနားျခင္း ျဖစ္ပါတယ္။ နန္းဆန္တဲ့ အလြန္ႀကီးက်ယ္ခမ္းနားျခင္းကုိ ဆုပ္ဖမ္းႏုိင္ဖုိ႔အတြက္ အႏု ဗာဒမ္က ႐ုပ္ရွင္ကားႀကီး စတင္႐ုိက္ကူးျခင္း မျပဳခင္ ၂ ႏွစ္အလုိမွာ စတင္လုပ္ကုိင္ခဲ့ပါတယ္။ ရာဇ၀င္ေနာက္ခံကားႀကီးမွာ တက္တက္ၾကြၾကြျဖင့္ ၀တ္စားဆင္ယင္မႈအပုိင္းက႑ကုိ လုပ္ကုိင္ခဲ့သူ အႏုဗာဒင္ဟာ ခ်န္ႏုိင္းၿမိဳ႕မွ လုိ႐ိုလာေကာလိပ္မွာ အျမင္ဆက္သြယ္ျခင္းဘာသာရပ္ျဖင့္ ဘြဲ႕ရထားသူျဖစ္ပါတယ္။

INTERVIEW AnuVardhan 900x511

 

အေသာကရုပ္ရွင္အတြက္ ဇာတ္လမ္း ေရးသားရာမွာ ပါ၀င္ခဲ့သူ Santosh Sivan က အႏုဗာဒင္ကို အကူအညီေတြ ေပးခဲ့ပါတယ္။ အသက္ ၂၃ ႏွစ္သာ ရွိေသးတဲ့ အႏုဗာဒင္က

‘‘ကၽြန္မ Santosh ကုိ သိကၽြမ္းခဲ့တာ ၅ ႏွစ္ရွိၿပီ။ အာေသာကကုိ သူနဲ႔အတူ လုပ္ကုိင္ရတာဟာ လုံး၀ကြဲျပားျခားနားတဲ့ အေတြ႕အႀကံဳတစ္ခု ျဖစ္ေနပါတယ္။ ရာဇ၀င္ကာလတစ္ခုရဲ႕ ေရွးခတ္၀တ္စုံ ျဖစ္ေနေတာ့ ေလ့လာစူးစမ္းတာေတြ အမ်ားႀကီး ပါ၀င္ပတ္သက္ေနတယ္။ Santosh က ကၽြန္မကုိ အမ်ားႀကီး အားေပးပါတယ္။ သူ႔မွာ ေတာ္တာတစ္ခုက ဘယ္သူက ဘယ္ဟာကုိ လုပ္ႏုိင္စြမ္း ရွိတယ္ဆုိတာကုိ အတိအက်သိတာ ျဖစ္ပါတယ္။ စစခ်င္းမွာ ကၽြန္မက ေၾကာက္လန္႔ေနခဲ့တယ္ေလ။ သူက ကၽြန္မကုိ အားေပးၿပီး ေရွ႕ဆက္ႏုိင္ေအာင္ ကူညီေပးခဲ့ပါတယ္’’

Shah Rukh Khan as Asoka

အေသာက ရာဇ၀င္က ဘီစီ ၂၃၀ မွာ ခင္းက်င္းထားတာျဖစ္ေတာ့ ရရွိတဲ့ အခ်က္အလက္ေတြက ျပည့္ျပည့္စုံစုံ  မရႏုိင္ေတာ့ဘူး။

‘‘ကၽြန္မတုိ႔ ေရွးေဟာင္း႐ုပ္တုေတြ၊ ႐ုပ္တုမွတ္တမ္းဓာတ္ပုံေတြ၊ မဟာအာေသာက စုိက္ထူခဲ့တဲ့ ေက်ာက္စာေတြထံမွ အခ်က္အလက္ေတြ ရယူတယ္။ ကာလင္ဂါ(ကလိဂၤ)စစ္ပြဲအၿပီးမွာ မင္းႀကီးက စစ္ကုိ စြန္႔လႊတ္ခဲ့တာ၊ သာသာနျပဳခဲ့တာဆုိေတာ့ အဲဒီကာလအတြက္ ရတတ္သမွ် အခ်က္အလက္ေတြကုိ ကၽြန္မတုိ႔ စုေဆာင္းတယ္။ အာေသာကရဲ႕ ဘ၀မွတ္တမ္းအေၾကာင္း က်မ္းစာအုပ္ေတြ၊ စာေပေတြကုိ ကၽြန္မ ေလ့လာတယ္။ ဒါေပမဲ့ ခက္ေနတာက အျဖစ္အပ်က္ေတြကုိ ေရးထားၿပီး ဘယ္လုိ ၀တ္စားဆင္ယင္တယ္ဆုိတာက မပါသေလာက္ပဲ။ စာေၾကာင္းတုိင္းကုိ ေသေသခ်ာခ်ာ ဖတ္႐ႈၿပီး အ၀တ္အစားအေၾကာင္း တေစ့တေစာင္းမ်ား ပါေလမလားဆုိတာ ရွာေဖြခဲ့ရပါတယ္။ ေျပာျပဖုိ႔ မလုိတာက တစ္ႏွစ္ေက်ာ္ ၾကာျမင့္ေအာင္ ၿငီးေငြ႕မိတဲ့အထိ စာေတြ ဖတ္ခဲ့ရတာ ျဖစ္ပါတယ္’’

Santosh က ႐ုပ္ရွင္မွာ ပါ၀င္မယ့္ ဇာတ္႐ုပ္တုိင္းကုိ တစ္ဦးခ်င္း ရွင္းလင္းျပတ္သားစြာျဖင့္ သိျမင္ႏုိင္ေအာင္ အႏုဗာဒင္ကုိ ရွင္းျပေပးတယ္။

႐ုပ္ရွင္စမ႐ုိက္ခင္မွာ အႏုဗာဒင္ဟာ ဇာတ္႐ုပ္တုိင္းကုိ ႏွံ႔ႏွံ႔စပ္စပ္ သိထားရဲ႕လား၊ မွတ္မိရဲ႕လားဆုိတာကုိ Santosh က ေသခ်ာေအာင္ လုပ္တယ္။ သူက ေျခာက္ပစ္ကင္းသဲလဲစင္ ျဖစ္ခ်င္တဲ့သူ။ ဒီေတာ့ အ၀တ္အစားေတြ ခ်ဳပ္လုပ္ၿပီးတဲ့အခါ က်ရာဇာတ္႐ုပ္မွာ သ႐ုပ္ေဆာင္မယ့္ မင္းသားမင္းသမီးေတြကုိ အစမ္း၀တ္ၾကည့္ခုိင္းတယ္။ ''ဘယ္လုိေနသလဲဆုိတာ သူ ၾကည့္႐ႈစစ္ေဆးတယ္။ ဇာတ္႐ုပ္ရဲ႕ စ႐ုိက္နဲ႔ အပ္စပ္ရဲ႕လား သူ ၾကည့္တယ္’’

အဲဒီလုိ Santosh စိတ္တုိင္းက် ျဖစ္ေအာင္ ခ်ဳပ္လုပ္ေပးႏုိင္ဖုိ႔အတြက္ အႏုဗာဒင္က ဇာတ္လမ္းကုိလည္း ေနာေက်ေအာင္ သိေနရတယ္။ ဇာတ္႐ုပ္ တစ္ဦးခ်င္းရဲ႕ ပင္ကုိစ႐ုိက္ေတြကုိလည္း ႀကိဳသိထားရတယ္။

‘‘ကၽြန္မ စိတ္ပညာ႐ႈေထာင့္ကေန သူတုိ႔ရဲ႕ စိတ္ေနစိတ္ထားေတြ ဘယ္လုိ ရွိမလဲဆုိတာ ေလ့လာရတယ္။ အေျခအေနတစ္ရပ္ကုိ ႀကံဳရတဲ့အခါ သူက ဘယ္လုိ တုံ႔ျပန္မွာလဲဆုိတာ စဥ္းစားအေျဖရွာၾကည့္တယ္။ ၿပီးေတာ့မွ ဘယ္လုိအျမင္မ်ဳိး ထြက္ေအာင္ ၀တ္စားဆင္ယင္မႈကုိ ျပဳေပးရမလဲဆုိတာကုိ အေျဖရွာတယ္။ စဥ္းစားဆုံးျဖတ္ပါတယ္။ ဥပမာေျပာရင္ အေသာကမင္းႀကီးရဲ႕ အစ္ကုိေတာ္ သုသီမ(သုမနဟုလည္း ေခၚၾကတယ္)ကုိ Ajith က သ႐ုပ္ေဆာင္မယ္ဆုိေတာ့ သူ႔ဇာတ္႐ုပ္က ဆုိးတဲ့အပုိင္းကုိ လုပ္ရမွာ။ အဲဒါကုိ ပုံေဖာ္ေပးမယ့္ အ၀တ္အစားဒီဇုိင္းကုိ ကၽြန္မ လုပ္ေပးတယ္။ ရွာ႐ုခန္က ႐ုိးသားၿပီး အျပစ္ကင္းစင္တဲ မင္းသားတစ္ပါးအျဖစ္ကေနာ အာဏာမက္တဲ့သူ အျဖစ္ ေျပာင္းလဲသြားတယ္။ အဲဒီအတြက္လည္း လုိက္ဖက္မယ့္ ၀တ္စားဆင္ယင္မႈကုိ ကၽြန္မ လုပ္ေပးခဲ့ပါတယ္’’

asoka dvd5

အႏုဗာဒင္က တက္တူးအေၾကာင္းကုိလည္း ေျပာျပတယ္။ ‘‘ကၽြန္မတု႔္ိ ႐ုပ္ရွင္အတြက္ သုေတသနလုပ္ေတာ့ ကုိယ္ခႏၶာပန္းခ်ီပညာဟာ အဲဒီအခ်ိန္တုန္းက အေရးပါတဲ့ေနရာမွာ ေရာက္ေနတယ္ဆုိတာ သိၾကရတယ္။ အဲဒီအခ်က္ကုိ ေပၚလြင္ေစဖုိ႔ တက္တူးဒီဇုိင္းအမ်ဳိးမ်ဳိးကုိ ကၽြန္မတုိ႔ စီစဥ္ခဲ့တာ အခုဆုိရင္ ဒီမွာ ရွိတဲ့ လူငယ္ေတြ ၾကားမွာသာမက ႏုိင္ငံျခားမွာပါ ေရပန္းစား ေနတာ ေတြ႕ရပါတယ္’’

အေသာကရုပ္ရွင္တြင္ အျခားဒီဇုိင္းနာတုိ႔လည္း ပါ၀င္ခဲ့ပုံကုိ အႏုဗာဒင္က ေျပာျပသည္။ ‘‘မင္းသမီးတစ္ေယာက္က သူ႔မွာ ပုံမွန္သုံးေနက် ဒီဇုိင္းနာ ရွိလုိ႔ အဲဒီ ဒီဇုိင္းနာနဲ႔ပဲ အ၀တ္အစားေတြကုိ စီစဥ္ခ်င္တယ္ ေျပာလာလုိ႔ ကၽြန္မ စီစဥ္ေပးခဲ့ပါတယ္။ အဲဒီ ဒီဇုိင္းနာကုိ အေျခခံအခ်က္ေတြ၊ ေကာက္ေၾကာင္းေတြ ခ်မွတ္ေပးခဲ့ပါတယ္’’

အေသာက၏ မိဖုရား တစ္ပါးသည္ ဗုဒၶဘာသာ၀င္ ျဖစ္သျဖင့္ ခပ္အုပ္အုပ္ ဖက္ရွင္မ်ဳိးကုိ ေရြးခ်ယ္ခဲ့တယ္။ ဗုဒၶဘုန္းႀကီးေက်ာင္း ေနာက္ခံကုိ  အနီ၊ အ၀ါႏွင့္ လိေမၼာ္ေရာင္တုိ႔ အဓိကအားျဖင့္ သုံးစြဲခဲ့တယ္္။ အဲဒီေခတ္က ရင္ကာခ်ပ္ကုိ ၀တ္ဆင္ၾကျခင္း နည္းပါးေသာ္လည္း ႐ုပ္ရွင္ထဲမွာေတာ့ ခန္႔ညားေစရန္ ရင္ကာခ်ပ္ကုိ ၀တ္ဆင္ေစခဲ့တာဟာ သမုိင္းအခ်က္အလက္ႏွင့္ လြဲေခ်ာ္ေနေသာ္လည္း ရုပ္ရွင္ဆုိတာ လူအမ်ားႀကိဳက္ဖုိ႔ လုိသျဖင့္ ရင္ကာခ်ပ္ကုိ သုံးစြဲခဲ့ပါတယ္လိ႔ု အႏုဗာဒင္က ၀န္ခံစကား ေျပာၾကားခဲ့ပါတယ္။

‘‘ကၽြန္မတုိ႔ တခမ္းတနားေတြၾကားမွာ ျဖစ္သလုိ လုပ္ထားတာကုိလည္း ထည့္သုံးပါတယ္။ ေတာတြင္းအခန္းေတြမွာ ရွာ႐ုခန္းက ေစာင္ကုိ အလယ္ကေနေခါက္ၿပီး လည္ပင္းေပါက္ေဖာက္ၿပီး ၀တ္ဆင္ထားပါတယ္။ ဘာခ်ဳပ္႐ုိးခ်ဳပ္သားမွ မပါဘူး။ ခါးမွာ တုပ္ေပးထားလုိက္တယ္။ အဲဒါက ခါးပတ္လုိ လုပ္ေပးထားတယ္။ ကၽြန္မတုိ႔က ျဖစ္ႏုိင္သေရြ႕ လက္ရက္ထည္ေတြကုိပဲ သုံးတယ္။ ပုိးထည္ၾကမ္းေတြ၊ ခ်ည္ထည္ၾကမ္းေတြကုိ သုံးထားတယ္။ အဲဒီ အထည္ေတြ ထြက္တဲ့ေဒသမွာ သြားယူခုိင္းၿပီး ခ်ဳပ္ေပးထားတာ ျဖစ္ပါတယ္’’

b9839d3ddb5d3b7b9172904b515b508e

လက္၀တ္ရတနာမ်ားကုိလည္း အထူးစပါယ္ရွယ္ ဒီဇုိင္းထုတ္ထားတယ္။ ႐ုပ္တုေတြ၊ နံရံပန္းခ်ီေတြကေန ဒီဇုိင္းေတြကုိ ယူတယ္။ ပုံၾကမ္းေတြ အရင္ေရးဆြဲၿပီးမွာ ပန္းထိမ္မွာ အပ္ႏွံၿပီး လက္၀တ္ရတနာမ်ား လုပ္ေပးေစခဲ့ပါတယ္။

သတၱဳခ်ပ္၀တ္ထည္ေတြကို လုပ္သား ၅၀ ေက်ာ္ျဖင့္ ခ်င္ႏုိင္းၿမိဳ႕မွာ လုပ္ကုိင္ခဲ့ပါတယ္။ ‘‘တကယ့္ကုိ ေပါ့ေပါ့ပါးပါးျဖင့္ သက္ေသာင့္သက္သာ ရွိေအာင္ လုပ္ေပးထားပါတယ္’’ ဟု အႏုဗာဒင္က ရွင္းျပပါတယ္။

ယခုလုိ အာေသာကတြင္ လုပ္ကုိင္ခြင့္ ရတာဟာ ကံေကာင္းျခင္းလုိ႔ အႏုဗာဒင္က ေျပာပါတယ္။

 ‘‘ရွာ႐ုခန္က အရမ္းေကာင္းတယ္။ အရမ္း ကူညီတယ္။ သူက ကၽြန္မတုိ႔လုိ လူသစ္ေတြအေပၚ သေဘာေကာင္းေပးပါတယ္။ အေသးစိတ္ လုပ္ကုိင္တာေတြကုိ သူက ႀကီးၾကပ္ေပးတယ္’’

အာသောက ရာဇဝင်ကား ဒီဇိုင်းဖက်ရှင်

====================

Unicode version

 ဘောလီဝုဒ်ရဲ့ နာမည်ကြီး ရာဇဝင်ဇာတ်ကား အသောကမှာ ရှေးရိုးရာဝတ်စုံ ဒီဇိုင်းနာအဖြစ် အနု ဗာဒမ် လုပ်ကိုင်ဖြစ်ခဲ့ရာမှ ရှေးရိုးရာဝတ်စုံ ဒီဇိုင်းနာအလုပ်ကို သက်မွေးအလုပ်တစ်ခုအဖြစ် လုပ်ကိုင်ခဲ့ခြင်း အစပျိုးခဲ့ပါတယ်။ သူမက ကောလိပ်ကျောင်းပြီးခါစ၊ သူမရဲ့ ခင်ပွန်း ဗစ်ရှ်နူး ဗာဒံက ဘောလီဝုဒ် ရုပ်ရှင် Billa နဲ့ Aarambham တို့အပါဝင် အကုန်အကျများတဲ့ ရုပ်ရှင်ကားကြီးတွေကို ရိုက်တဲ့ ဒါရိုက်တာတစ်ဦး ဖြစ်ပါတယ်။

အင်မတန် ထင်ရှားတော်မူတဲ့ ဧကရာဇ် မဟာအာသောကမင်းကြီးကို ရုပ်ရှင်အဖြစ် အသက်သွင်းမယ်ဆိုတော့ အခရာ အကျဆုံးက ရပ်သပ်ရှုမောဖွယ်ရာ ကြီးကျယ်ခမ်းနားခြင်း ဖြစ်ပါတယ်။ နန်းဆန်တဲ့ အလွန်ကြီးကျယ်ခမ်းနားခြင်းကို ဆုပ်ဖမ်းနိုင်ဖို့အတွက် အနု ဗာဒမ်က ရုပ်ရှင်ကားကြီး စတင်ရိုက်ကူးခြင်း မပြုခင် ၂ နှစ်အလိုမှာ စတင်လုပ်ကိုင်ခဲ့ပါတယ်။ ရာဇဝင်နောက်ခံကားကြီးမှာ တက်တက်ကြွကြွဖြင့် ဝတ်စားဆင်ယင်မှုအပိုင်းကဏ္ဍကို လုပ်ကိုင်ခဲ့သူ အနုဗာဒင်ဟာ ချန်နိုင်းမြို့မှ လိုရိုလာကောလိပ်မှာ အမြင်ဆက်သွယ်ခြင်းဘာသာရပ်ဖြင့် ဘွဲ့ရထားသူဖြစ်ပါတယ်။

အသောကရုပ်ရှင်အတွက် ဇာတ်လမ်း ရေးသားရာမှာ ပါဝင်ခဲ့သူ Santosh Sivan က အနုဗာဒင်ကို အကူအညီတွေ ပေးခဲ့ပါတယ်။ အသက် ၂၃ နှစ်သာ ရှိသေးတဲ့ အနုဗာဒင်က

''ကျွန်မ Santosh ကို သိကျွမ်းခဲ့တာ ၅ နှစ်ရှိပြီ။ အာသောကကို သူနဲ့အတူ လုပ်ကိုင်ရတာဟာ လုံးဝကွဲပြားခြားနားတဲ့ အတွေ့အကြုံတစ်ခု ဖြစ်နေပါတယ်။ ရာဇဝင်ကာလတစ်ခုရဲ့ ရှေးခတ်ဝတ်စုံ ဖြစ်နေတော့ လေ့လာစူးစမ်းတာတွေ အများကြီး ပါဝင်ပတ်သက်နေတယ်။ Santosh က ကျွန်မကို အများကြီး အားပေးပါတယ်။ သူ့မှာ တော်တာတစ်ခုက ဘယ်သူက ဘယ်ဟာကို လုပ်နိုင်စွမ်း ရှိတယ်ဆိုတာကို အတိအကျသိတာ ဖြစ်ပါတယ်။ စစချင်းမှာ ကျွန်မက ကြောက်လန့်နေခဲ့တယ်လေ။ သူက ကျွန်မကို အားပေးပြီး ရှေ့ဆက်နိုင်အောင် ကူညီပေးခဲ့ပါတယ်''

 အသောက ရာဇဝင်က ဘီစီ ၂၃၀ မှာ ခင်းကျင်းထားတာဖြစ်တော့ ရရှိတဲ့ အချက်အလက်တွေက ပြည့်ပြည့်စုံစုံ မရနိုင်တော့ဘူး။

''ကျွန်မတို့ ရှေးဟောင်းရုပ်တုတွေ၊ ရုပ်တုမှတ်တမ်းဓာတ်ပုံတွေ၊ မဟာအာသောက စိုက်ထူခဲ့တဲ့ ကျောက်စာတွေထံမှ အချက်အလက်တွေ ရယူတယ်။ ကာလင်ဂါ(ကလိင်္ဂ)စစ်ပွဲအပြီးမှာ မင်းကြီးက စစ်ကို စွန့်လွှတ်ခဲ့တာ၊ သာသာနပြုခဲ့တာဆိုတော့ အဲဒီကာလအတွက် ရတတ်သမျှ အချက်အလက်တွေကို ကျွန်မတို့ စုဆောင်းတယ်။ အာသောကရဲ့ ဘဝမှတ်တမ်းအကြောင်း ကျမ်းစာအုပ်တွေ၊ စာပေတွေကို ကျွန်မ လေ့လာတယ်။ ဒါပေမဲ့ ခက်နေတာက အဖြစ်အပျက်တွေကို ရေးထားပြီး ဘယ်လို ဝတ်စားဆင်ယင်တယ်ဆိုတာက မပါသလောက်ပဲ။ စာကြောင်းတိုင်းကို သေသေချာချာ ဖတ်ရှုပြီး အဝတ်အစားအကြောင်း တစေ့တစောင်းများ ပါလေမလားဆိုတာ ရှာဖွေခဲ့ရပါတယ်။ ပြောပြဖို့ မလိုတာက တစ်နှစ်ကျော် ကြာမြင့်အောင် ငြီးငွေ့မိတဲ့အထိ စာတွေ ဖတ်ခဲ့ရတာ ဖြစ်ပါတယ်''

Santosh က ရုပ်ရှင်မှာ ပါဝင်မယ့် ဇာတ်ရုပ်တိုင်းကို တစ်ဦးချင်း ရှင်းလင်းပြတ်သားစွာဖြင့် သိမြင်နိုင်အောင် အနုဗာဒင်ကို ရှင်းပြပေးတယ်။

ရုပ်ရှင်စမရိုက်ခင်မှာ အနုဗာဒင်ဟာ ဇာတ်ရုပ်တိုင်းကို နှံ့နှံ့စပ်စပ် သိထားရဲ့လား၊ မှတ်မိရဲ့လားဆိုတာကို Santosh က သေချာအောင် လုပ်တယ်။ သူက ခြောက်ပစ်ကင်းသဲလဲစင် ဖြစ်ချင်တဲ့သူ။ ဒီတော့ အဝတ်အစားတွေ ချုပ်လုပ်ပြီးတဲ့အခါ ကျရာဇာတ်ရုပ်မှာ သရုပ်ဆောင်မယ့် မင်းသားမင်းသမီးတွေကို အစမ်းဝတ်ကြည့်ခိုင်းတယ်။ ''ဘယ်လိုနေသလဲဆိုတာ သူ ကြည့်ရှုစစ်ဆေးတယ်။ ဇာတ်ရုပ်ရဲ့ စရိုက်နဲ့ အပ်စပ်ရဲ့လား သူ ကြည့် တယ်''

အဲဒီလို Santosh စိတ်တိုင်းကျ ဖြစ်အောင် ချုပ်လုပ်ပေးနိုင်ဖို့အတွက် အနုဗာဒင်က ဇာတ်လမ်းကိုလည်း နောကျေအောင် သိနေရတယ်။ ဇာတ်ရုပ် တစ်ဦးချင်းရဲ့ ပင်ကိုစရိုက်တွေကိုလည်း ကြိုသိထားရတယ်။

''ကျွန်မ စိတ်ပညာရှုထောင့်ကနေ သူတို့ရဲ့ စိတ်နေစိတ်ထားတွေ ဘယ်လို ရှိမလဲဆိုတာ လေ့လာရတယ်။ အခြေအနေတစ်ရပ်ကို ကြုံရတဲ့အခါ သူက ဘယ်လို တုံ့ပြန်မှာလဲဆိုတာ စဉ်းစားအဖြေရှာကြည့်တယ်။ ပြီးတော့မှ ဘယ်လိုအမြင်မျိုး ထွက်အောင် ဝတ်စားဆင်ယင်မှုကို ပြုပေးရမလဲဆိုတာကို အဖြေရှာတယ်။ စဉ်းစားဆုံးဖြတ်ပါတယ်။ ဥပမာပြောရင် အသောကမင်းကြီးရဲ့ အစ်ကိုတော် သုသီမ(သုမနဟုလည်း ခေါ်ကြတယ်)ကို Ajith က သရုပ်ဆောင်မယ်ဆိုတော့ သူ့ဇာတ်ရုပ်က ဆိုးတဲ့အပိုင်းကို လုပ်ရမှာ။ အဲဒါကို ပုံဖော်ပေးမယ့် အဝတ်အစားဒီဇိုင်းကို ကျွန်မ လုပ်ပေးတယ်။ ရှာရုခန်က ရိုးသားပြီး အပြစ်ကင်းစင်တဲ မင်းသားတစ်ပါးအဖြစ်ကနော အာဏာမက်တဲ့သူ အဖြစ် ပြောင်းလဲသွားတယ်။ အဲဒီအတွက်လည်း လိုက်ဖက်မယ့် ဝတ်စားဆင်ယင်မှုကို ကျွန်မ လုပ်ပေးခဲ့ပါတယ်''

 အနုဗာဒင်က တက်တူးအကြောင်းကိုလည်း ပြောပြတယ်။

''ကျွန်မ တို့  ရုပ်ရှင်အတွက် သုတေသနလုပ်တော့ ကိုယ်ခန္ဓာပန်းချီပညာဟာ အဲဒီအချိန်တုန်းက အရေးပါတဲ့နေရာမှာ ရောက်နေတယ်ဆိုတာ သိကြရတယ်။ အဲဒီအချက်ကို ပေါ်လွင်စေဖို့ တက်တူးဒီဇိုင်းအမျိုးမျိုးကို ကျွန်မတို့ စီစဉ်ခဲ့တာ အခုဆိုရင် ဒီမှာ ရှိတဲ့ လူငယ်တွေ ကြားမှာသာမက နိုင်ငံခြားမှာပါ ရေပန်းစား နေတာ တွေ့ရပါတယ်''

အသောကရုပ်ရှင်တွင် အခြားဒီဇိုင်းနာတို့လည်း ပါဝင်ခဲ့ပုံကို အနုဗာဒင်က ပြောပြသည်။ ''မင်းသမီးတစ်ယောက်က သူ့မှာ ပုံမှန်သုံးနေကျ ဒီဇိုင်းနာ ရှိလို့ အဲဒီ ဒီဇိုင်းနာနဲ့ပဲ အဝတ်အစားတွေကို စီစဉ်ချင်တယ် ပြောလာလို့ ကျွန်မ စီစဉ်ပေးခဲ့ပါတယ်။ အဲဒီ ဒီဇိုင်းနာကို အခြေခံအချက်တွေ၊ ကောက်ကြောင်းတွေ ချမှတ်ပေးခဲ့ပါတယ်''

အသောက၏ မိဖုရား တစ်ပါးသည် ဗုဒ္ဓဘာသာဝင် ဖြစ်သဖြင့် ခပ်အုပ်အုပ် ဖက်ရှင်မျိုးကို ရွေးချယ်ခဲ့တယ်။ ဗုဒ္ဓဘုန်းကြီးကျောင်း နောက်ခံကို အနီ၊ အဝါနှင့် လိမ္မော်ရောင်တို့ အဓိကအားဖြင့် သုံးစွဲခဲ့တယ်။ အဲဒီခေတ်က ရင်ကာချပ်ကို ဝတ်ဆင်ကြခြင်း နည်းပါးသော်လည်း ရုပ်ရှင်ထဲမှာတော့ ခန့်ညားစေရန် ရင်ကာချပ်ကို ဝတ်ဆင်စေခဲ့တာဟာ သမိုင်းအချက်အလက်နှင့် လွဲချော်နေသော်လည်း ရုပ်ရှင်ဆိုတာ လူအများကြိုက်ဖို့ လိုသဖြင့် ရင်ကာချပ်ကို သုံးစွဲခဲ့ပါတယ်လို့ အနုဗာဒင်က ဝန်ခံစကား ပြောကြားခဲ့ပါတယ်။

''ကျွန်မတို့ တခမ်းတနားတွကြေားမှာ ဖြစ်သလို လုပ်ထားတာကိုလည်း ထည့်သုံးပါတယ်။ တောတွင်းအခန်းတွေမှာ ရှာရုခန်းက စောင်ကို အလယ်ကနေခေါက်ပြီး လည်ပင်းပေါက်ဖောက်ပြီး ဝတ်ဆင်ထားပါတယ်။ ဘာချုပ်ရိုးချုပ်သားမှ မပါဘူး။ ခါးမှာ တုပ်ပေးထားလိုက်တယ်။ အဲဒါက ခါးပတ်လို လုပ်ပေးထားတယ်။ ကျွန်မတို့က ဖြစ်နိုင်သရွေ့ လက်ရက်ထည်တွေကိုပဲ သုံးတယ်။ ပိုးထည်ကြမ်းတွေ၊ ချည်ထည်ကြမ်းတွေကို သုံးထားတယ်။ အဲဒီ အထည်တွေ ထွက်တဲ့ဒေသမှာ သွားယူခိုင်းပြီး ချုပ်ပေးထားတာ ဖြစ်ပါတယ်''

 လက်ဝတ်ရတနာများကိုလည်း အထူးစပါယ်ရှယ် ဒီဇိုင်းထုတ်ထားတယ်။ ရုပ်တုတွေ၊ နံရံပန်းချီတွေကနေ ဒီဇိုင်းတွေကို ယူတယ်။ ပုံကြမ်းတွေ အရင်ရေးဆွဲပြီးမှာ ပန်းထိမ်မှာ အပ်နှံပြီး လက်ဝတ်ရတနာများ လုပ်ပေးစေခဲ့ပါတယ်။

သတ္တုချပ်ဝတ်ထည်တွေကို လုပ်သား ၅၀ ကျော်ဖြင့် ချင်နိုင်းမြို့မှာ လုပ်ကိုင်ခဲ့ပါတယ်။

''တကယ့်ကို ပေါ့ပေါ့ပါးပါးဖြင့် သက်သောင့်သက်သာ ရှိအောင် လုပ်ပေးထားပါတယ်''  အနုဗာဒင်က ရှင်းပြပါတယ်။

ယခုလို အာသောကတွင် လုပ်ကိုင်ခွင့် ရတာဟာ ကံကောင်းခြင်းလို့ အနုဗာဒင်က ပြောပါတယ်။

''ရှာရုခန်က အရမ်းကောင်းတယ်။ အရမ်း ကူညီတယ်။ သူက ကျွန်မတို့လို လူသစ်တွေအပေါ် သဘောကောင်းပေးပါတယ်။ အသေးစိတ် လုပ်ကိုင်တာတွေကို သူက ကြီးကြပ်ပေးတယ်''

Read 2594 times
Rate this item
(1 Vote)