L’Oreal Paris Myanmar ပွဲကိုတော့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့က Novotal Yangon Max မှာကျင်းပခဲ့တဲ့ပွဲလေးပဲဖြစ်ပါတယ်။
ဒီပွဲလေးမှာတော့ L’Oreal Paris Myanmar ကနေ Best of Beauty ဆုတွေကိုလည်းပေးအပ်ခဲ့ပါတယ်။
Best of Beauty ဆုကိုရရှိခဲ့တဲ့ ထိပ်တန်းအနုပညာရှင်များရဲ့ အလန်းစားဖက်ရှင်များကို ဖော်ပြပေးလိုက်ပါတယ်နော်။
(၆)ကြိမ်မြောက်ပြုလုပ်ခဲ့တဲ့ နာမည်ကျော် Brand တစ်ခုဖြစ်တဲ့ L’Oreal Paris Myanmar 2019 ကနေ Best of Beauty ဆုကိုရရှိခဲ့တဲ့
ထိပ်တန်းအနုပညာရှင်များကတော့ အိန္ဒြာကျော်ဇင်၊ မိုးဟေကို၊ မော်ဒယ်လ် သန္တာလှိုင်၊ သရုပ်ဆောင် Ashwarya Kumar နဲ့ နာမည်ကြီး ဒီဇိုင်နာ Shar Tra တို့ပဲ ဖြစ်ကြပါတယ်။
သူတို့ရဲ့ပုံရိပ်လေးတွေကိုလည်းဖော်ပြပေးလိုက်ပါတယ်နော်…..