What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကမ္ဘာ့ အသက်အငယ်ဆုံး ဘီလီယံနာ နေရာကို ရရှိခဲ့တဲ့ Kylie Jenner ရဲ့ နောက်ဆက်တွဲ သတင်း

ကမ္ဘာ့ အသက်အငယ်ဆုံး ဘီလီယံနာ နေရာကို ရရှိခဲ့တဲ့ Kylie Jenner ရဲ့ နောက်ဆက်တွဲ သတင်း google

လွန်ခဲ့သော ရက်ပိုင်းအနည်းက forbe မဂ္ဂဇင်းအနေနဲ့ ကိုင်လီဂျန်နာအား အသက်အငယ်ဆုံး ဘီလီယံနာအဖြစ် ထုတ်ပြန်ခဲ့ပါတယ်။

ဒီသတင်းဟာ တစ်ကမ္ဘာလုံးက လူငယ်တွေအဖို့အားကျစရာ၊အတုယူစရာဖြစ်ခဲ့ပြီး ကိုင်လီရဲ့ပရိသတ်တွေနဲ့ မိတ်ဆွေတွေကလည်း ချီးကျူးစကားဆိုခဲ့ကြပါတယ်။

Forbe မဂ္ဂဇင်ကနေ အခုလိုထုတ်ပြန်ပြီး မကြာခင်မှာပဲ အစီစဉ်တင်ဆက်သူ ပီရာမော်ဂန်က ၄င်းရဲ့ twitter မှတဆင့် သူမရဲ့လုပ်ကိုင်လိုရခဲ့တဲ့ဝင်ငွေမဟုတ်ပဲ သူမရဲ့အမ ကင်ကာဒစ်ရှန်ရဲ့ sex ဗီဒီယိုကြောင့် ၀င်ငွေ ရတာတွေပါလို့ပြောဆိုခဲ့ပါတယ်။

kj 2

Related Article: ကမ္ဘာ့ အသက်အငယ်ဆုံး ဘီလီယံနာ ဖြစ်လာတဲ့ Kylie Jenner ရဲ့ ဖက်ရှင်

ပီရာမော်ဂန်ရဲ့ပြောဆိုမှုဟာ လူအများဝေဖန်စရာဖြစ်ခဲ့ပြီး ကိုင်လီဂျန်နာရဲ့ ရည်းစားဟောင်းဖြစ်သူ one Direction အဖွဲ့ရဲ့အဆိုတော်တစ်ဦးဖြစ်ခဲ့တဲ့ Liam Payne ကလည်း ၄င်းရဲ့ ပို့စ်အောက်မှ ၀င်ရောက်ဝေဖန်ခဲ့ပါတယ်။

“တကယ်ပဲဝမ်းနည်းမိတယ် ပရီရာ ခင်ဗျားတကယ်ကို ရှုးနေပါပြီ လူတွေရဲ့ အာရုံစိုက်မှုရဖို့အတွက်နဲ့ လက်မခံစရာအကြောင်းတွေကို ပြောနေတာပဲ။ ကိုင်လီက သူ့စီပွားရေးသူကိုယ်တိုင် တည်ဆောက်ခဲ့တာပါ။ ခင်ဗျာအနေနဲ့ ချီးကျူးရမယ့်အစား ဘာကြောင့် တိုက်ခိုက်ပြောဆိုတာ ကျွန်တော် စဉ်းစားလို့မရဘူး” ဆိုပြီး Liam က ပြန်လည်ပြောဆိုခဲ့ပါတယ်။

kj 1

ကိုင်လီဟာ ကင်ကာဒစ်ရှန် နဲ့ဖအေတူ မအေကွဲ ညီအမတွေဖြစ်ပြီး ကမ္ဘာကျော်မော်ဒယ်တွေလည်းဖြစ်ပါတယ်။ အမဖြစ်သူ kim kardashian ရဲ့ sex ဗီဒီယိုထွက်ပြီးနောက်ပိုင်းမှာ တစ်မိသားစုလုံး တဟုန်ထိုး လူသိများ ကျော်ကြား လာခဲ့တာ ဖြစ်ပါတယ်။

ပီရာမော်ဂန်ကိုယ်တိုင်ကလည်း ကိုင်လီအား ဒီအချက်နဲ့ ဝေဖန်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

Myanmar Textile and Garment Directory

Read 1704 times
Rate this item
(0 votes)
Tagged under