ဂျင်းလို့ဆိုလိုက်တာနဲ့ မကြိုက်တဲ့ သူနည်းပါလိမ့်မယ်။ဂျင်းဖက်ရှင်ဟာလဲ လူတယောက်ကို ဆွဲဆောင်မှုရှိစေတဲ့ ဖက်ရှင် ပါဘဲ။
ဂျင်းကို ကြိုက်လို့ ဂျင်းပင်အပြာ ဆိုပြီးသီချင်းတောင်ရှိပါသေးတယ်။ ဂျင်းတွေကို မှကြိုက်နှစ်သက်သူတွေအတွက် သရုပ်ဆောင်မေပန်းချီက ဂျင်းသီးသန့် ဆိုင်လေးဖွင့်ထားပါတဲ့ အတွက် မေးပန်းချီကို ဂျင်းနဲ့ပတ်ပြီးမေးမြန်းထားပါတယ်။
-အမ ဖွင့်လှစ်ထားတဲ့ဂျင်းဆိုင်လေးနဲ့မိတ်ဆက်ပေးပါဦး။
Kate Amazing ဆိုတဲ့ ဂျင်းဆိုင်လေးကို တောင်ဥက္ကလာပ၊မေတ္တာလမ်းမှာဖွင့်လှစ်ထားပါတယ်။
-ဆိုင်မှာ ဂျင်းသီးသန့် ဘဲ ရောင်းတာပေါ့။ပစ္စည်းတွေကိုရောဘယ်ကနေတင်သွင်းပါလဲ။
ဆိုင်မှာဂျင်းနဲ့ပတ်သတ်တာအကုန်လုံးရောင်းတာပေါ့။
အမျိုးသား၊အမျိုးသမီး၊ ကလေး၊ဖိနပ်၊အိတ်အပြင် ဂျင်းနဲ့ လုပ်တဲ့ accessoriesတွေပါရနိုင်ပါတယ်။
ပန်းချီရောင်းတာကတော့ ဂျင်းသီးသန့်ဘဲရောင်းတာဒါပေမယ့် ဂျင်းနဲ့တွဲဝတ်လို့ရမယ့် အကွက်ဒီဇိုင်းအင်္ကျီတွေ ကိုပါရောင်းချပေးပါတယ်။
ပန်းချီ ပစ္စည်းတွေအကုန်လုံးကို ဘန်ကောက်ကနေဘဲဝယ်တယ်။
စင်္ကာပူကနေလဲသွင်းတယ်။
-ဂျင်းဆိုင်ဖွင့်ဖြစ်သွားတာက။
ပန်းချီစဉ်းစားတယ် အလှပြင်ဆိုင်ဖွင့်ရမလား အလှပြင်ဆိုင်တွေကလဲ အများကြီး ဖွင့်ထားကြတာတွေ့တယ်။
ဖက်ရှင်ဆိုင်ဖွင့်ရမလားဖက်ရှင်ဆိုင်တွေကလဲ အများကြီးရှိတယ်။
ထူးထူးခြားခြားလေးဖြစ်ချင်တဲ့ အတွက်ရယ် ၊ပန်းချီကိုယ်တိုင်က ဂျင်း ကြိုက်တဲ့အတွက် ဒီဆိုင်လေးကိုဖွင့်ဖြစ်တာပါ။
ဒီမှာက ဂျင်းဆိုင်သီးသန့် ဖွင့်ထားတဲ့ ဆိုင်ရှားတော့ ပန်းချီဖွင့်ဖြစ်ခဲ့တာပါ။
-ဈေးနှုန်းတွေကိုရော ဘယ်လောက်ကနေ ဘယ်လောက်ထိရောင်းချပေးထားပါလဲ။
ဈေးနှုန်းကို ပန်းချီအနေနဲ့ လူတန်းစားမရွေးဝယ်နိုင်အောင် အသက်သာဆုံးဖြစ်အောင်ရောင်းချပေးထားပါတယ်။
၅ထောင်ကနေ ၁သိန်းကျော်အထိ အစားစားရှိပါတယ်။
brand တွေလဲ အများကြီးတော့ မတင်ထားသေးဘူးနောက်ပိုင်း brand တွေပါတင်ပေးသွားမှာပါ။အနုပညာရှင်ဖွင့်ထားလို့ဈေးကြီးတာမျိုး လုံးဝ မရှိပါဘူး။
-ဂျင်းဆိုင်ခွဲ (သို့) အခြားမြန်မာဖက်ရှင်ဆိုင်မျိုးဖြစ်ဖြစ် ထပ်ဖွင့်ဖို့ရှိဦးမလား။
ဂျင်းဆိုင်ကိုဘဲ မန္တလေး မှာထပ်ပြီးဖွင့်ချင်ပါတယ်။
ဖွင့်နိုင်အောင်လဲကြိုးစားနေပါတယ်။
မြန်မာအထည်ဆိုင်တော့ မဖွင့် ဖြစ်တော့ဘူး။
ပန်းချီဆိုင်မှာ ဂျင်းနဲ့ ချုပ်တဲ့ မြန်မာဝတ်စုံတွေပါရပါတယ်။
နောက်ပိုင်းအမျိုးသားတွေအတွက် ဂျင်းလည်ဂတုံးတွေပါရနိုင်အောင်ကြိုးစားနေပါတယ်။
-အမအနေနဲ့ အကြိုက်ဆုံးဖက်ရှင်ပုံစံဆိုရင် ဘယ်လိုပုံစံဖြစ်မလဲ။
အမအနေနဲ့ အကြိုက်ဆုံးဖက်ရှင်ပုံစံက country တို့ rock တို့ ပုံစံမျိုးတွေကြိုက်တယ်။
အဲ့တာကြောင့်လဲ ဂျင်းဆိုင်လေးဖွင့်ဖြစ်တာပါ။
ကိုရီးယားဆန်တာတွေမကြိုက်ဘူး ။
-ဖက်ရှင်တွေကို ရော ဘယ်လိုလေ့လာဖြစ်လဲ။
လေ့လာတာတော့အများကြီးလေ့လာဖြစ်ပါတယ်။ ဂျင်းနဲ့ ပတ်သတ်တာတွေအကုန်လုံးတော့ လေ့လာနေတယ်။
-မြန်မာဝတ်စုံလေးတွေလဲ ၀တ်တဲ့ အခါ ခံစားချက်လေးပြောပေးပါဦး။
မြန်မာဝတ်စုံဝတ်ရတာလဲကြိုက်တယ်။ ပန်းချီတို့လိုလူကောင်ကြီးတော့ ၀တ်ရတာလှတယ်။
မြန်မာဝတ်စုံဝတ်ထားတာ တခြား အ၀တ်စားတွေနဲ့မတူဘူး။ကျက်သရေရှိတယ်။ လှတယ်ပေါ့။
ဒါပေမယ့် ပန်းချီတို့ ကမြန်မာဝတ်စုံဘဲဝတ်လို့ မရဘူးလေ။ အကုန်ဝတ်ရတယ်။
-အွန်လိုင်းကနေမှာရင်ရောပို့ပေးပါလား။
အွန်လိုင်းကနေမှာရင်လဲပို့ပေးပါတယ်။