What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုရီးယား Instagram သြဇာရှင်များ

ကိုရီးယားမှ အသက် ၂၈ နှစ်ရှိသူ အမျိုးသမီးတစ်ဦးဖြစ်တဲ့ Kim Sang 

က နောက်ဆုံးပေါ် ဖက်ရှင် ရေစီးကြောင်းများနှင့် အလှကုန်ပစ္စည်းအသစ်များအကြောင်းတို့ကို ဆိုရှယ်မီဒီယာ ပလက်ဖောင်း Instagram မှာ လေ့လာတယ်။ Instagram ပေါ်တွင် သူ follow လုပ်ထားသူတွေမှာ ထက်ဝက်ကျော်သည် သူနှင့် သိကျွမ်းသော မိတ်ဆွေသူငယ်ချင်း အစရှိသူတို့ မဟုတ်ကြကြောင်း သူက ပြောပြတယ်။ သူက စဲလီများ၊ ဆိုရှယ်မီဒီယာ စူပါစတားများကို follow လုပ်ထားပြီး သူတို့ Instagram မှာ တင်သမျှကို သူ လေ့လာကြည့်ရှုတယ်လို့ ဆိုပါတယ်။

“သူတို့တင်ထားတဲ့ ပုံတွေကို ကြည့်ရတာ စိတ်ချမ်းသာတယ်။ ပြီးပြည့်စုံနေတဲ့ ဘ၀နေထိုင်ပုံတွေဆိုတော့ ကြည့်လို့ ကောင်းတယ်။ သူတို့ရဲ့ ဓာတ်ပုံတွေက စွဲမက်စရာကောင်းတယ်။ ခေတ်စားနေတဲ့ ဖက်ရှင်တွေကို သူတို့က မိတ်ဆက်ပေးတယ်။ ကြည့်ရတာ ပျော်စရာပဲ” ဟု Kim က ပြောတယ်။
သူက ဖက်ရှင် မဂ္ဂဇင်းတွေ လှန်လှောကြည့်တဲ့ အချိန်တွေ လျော့သွားတယ်။ အွန်လိုင်းမှာပဲ ရှာဖွေဖတ်ရှုဖြစ်တယ်။

လူကြီးအပိုင်း မရောက်ကြသေးသူတွေက ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေဖြစ်တဲ့ Instagram, Facebook, Twitter, YouTube စတာတွေမှာ အချိန်တွေ အများကြီး သုံးကြတဲ့ ရေစီးကြောင်းကို ဖက်ရှင်လုပ်ငန်းတွေ၊ အလှကုန်လုပ်ငန်းတွေက မြန်မြန်ဆန်ဆန် အမီလိုက်ကြရတယ်။ အဲဒီမျိုးဆက်တွေက တီဗီကို သိပ်မကြည့်ကြတော့ တီဗီမှာ ကြော်ငြာတဲ့ သမားရိုးကျ ကြော်ငြာတွေကို မကြည့်ဖြစ်ကြဘူး။

Statista က ၂၀၁၇ ခုနှစ်မှာ လုပ်ကိုင်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာ တောင်ကိုရီးယားလူဦးရေမှာ ၈၄ ရာခိုင်နှုန်းက ဆိုရှယ်မီဒီယာကို နေ့စဉ် တက်တက်ကြွကြွ သုံးစွဲသူတွေ ဖြစ်ကြောင်း တွေ့ရတယ်လို့ ဖော်ပြထားတယ်။

အလားတူပဲ နောက်ထပ် စစ်တမ်းတစ်ခုမှာတော့ တစ်ကမ္ဘာလုံးမှာ ဆိုရှယ်ကွန်ရက်တွေကို သုံးစွဲတဲ့အချိန်က တစ်နေ့ကို ပျမ်းမျှ ၂ နာရီနဲ့ ၁၅ မိနစ် ရှိတာ သိခဲ့ကြတယ်။

Instagram ကို ထိထိရောက်ရောက် သုံးစွဲနေကြသူတွေမှာ ၉၀ ရာခိုင်နှုန်းဟာ လူကြီးအပိုင်း မရောက်ကြသေးသူတွေဖြစ်ပြီး အသက် ၃၅ နှစ်အောက်မှာ ရှိကြသူတွေ ဖြစ်တယ်လို့် ဆိုရှယ်မီဒီယာ မားကက်တင်းလုပ်ငန်း Dreamgrow ရဲ့ စစ်တမ်းမှာ ဖော်ပြထားတယ်။ အဲဒီလို သုံးစွဲနေကြသူတွေမှာ ၆၈ ရာခိုင်နှုန်းက အမျိုးသမီးတွေ ဖြစ်တယ်လို့လည်း အဲဒီ စစ်တမ်းမှာ ဖော်ပြထားတယ်။

ဒီတော့ ဖက်ရှင်နဲ့ အလှကုန် လုပ်ကိုင်နေတဲ့ brand တွေက follower တွေအပေါ် သြဇာ ညောင်းပေးနိုင်တဲ့ သြဇာရှင် influencer ကို ကြော်ငြာအတွက် အားကိုးလာကြတယ်။ သူတို့ကနေတစ်ဆင့် သူတို့ရဲက ပရိသတ်ကို ကြော်ငြာတယ်။
အဲဒီအခါမှာ သြဇာရှင် ဈေးကွက်ဖော်ဆောင်ခြင်း Influencer marketing ပေါ်လာတယ်။

“Influencer marketing က သြဇာညောင်းနိုင်တဲ့သူတွေကို အသုံးပြုတယ်။ သူတို့ကနေတစ်ဆင့် ရည်စူးထားတဲ့ ဈေးကွက်ကို အသိပေးချင်တာတွေကို အရောက်ပို့တယ်” လို့ ကျွမ်းကျင်သူ Ms Park က ရှင်းပြတယ်။
“အဲဒီ သြဇာရှင်တွေရဲ့ နောက်လိုက်တွေဟာ သူတို့ကို အားပေးတဲ့သူတွေသက်သက်မျှလောက် မဟုတ်ဘူး။ သူတို့ ကြိုက်တဲ့ စဲလီတွေကို သည်းသည်းလှုပ်တယ်။ အသုံးတည့်တဲ့ သိစရာတွေကို ယူတယ်။ ပြီးတော့ သူတို့ဘက်မှာ ရပ်တည်တယ်။ သူတို့ကို မန့်တယ်။ ရှယ်တယ်။ followers တွေအကြား ညီညွှတ်မှု ရှိတယ်”

ဆိုရှယ်မီဒီယာမှာ brand က အသိပေးချင်တာတွေကို စဲလီတွေက အသိပေးဖို့အတွက် အခကြေးငွေကို brand တွေက ပေးအပ်ကြတယ်။ အဲဒါဟာ Influencer marketing တစ်နည်းတစ်လမ်း ဖြစ်ပါတယ်။ အဲဒီလို စဲလီက ပြောပြပေးရတဲ့အခါ ပြောစေလိုတဲ့စကားက တကယ်အမှန်အကန် ဖြစ်ဖို့ အရေးကြီးပါတယ်။ အစစ်အမှန်တွေချည်း ဖြစ်ရပါတယ်။ မဖြစ်ခဲ့ရင် follower တွေက ချက်ချင်း ပြန်မန့်ပြီး မမှန်ကန်တာတွေကို ထောက်ပြကြလိမ့်မယ်။ တုံ့ပြန်မှုတွေက မိနစ်ပိုင်းအတွင်း ပြန်တက်လာမှာ ဖြစ်ပါတယ်။ အဲဒါအပြင် ဘယ်လို လိမ်ညာထားတာဆိုပြီး ရှယ်ကြမှာ ဖြစ်ပါတယ်။

ဒီလို ကြော်ငြာမျိုးက စဲလီတွေ Instargram မှာ ပရိသတ် များပြားတဲ့သူတွေကို ၀င်ငွေတွေ ရရှိစေတယ်။ ရောင်းကုန်တွေကို သူတို့ သုံးစွဲတဲ့ အတွေ့အကြုံတွေကို post တွေ တင်ပေးပြီး အခကြေးငွေ ရရှိကြတယ်။

အမေရိကမှာ ဆိုရှယ်မီဒီယာ သြဇာရှင် ဈေးကွက်က ၂၀၁၆ ခုနှစ်မှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဘီလျံ ရှိတယ်။ တစ်နှစ်ထက်တစ်နှစ် ပိုကြီးမားလာနေပြီး ၂၀၁၉ ခုနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၂ ဘီလျံ ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားကြတယ်။ Instagram ရဲ့ ကြော်ငြာဝင်ငွေ စုစုပေါင်းမှာ ၈၅ ရာခိုင်နှုန်းက အမေရိကမှာ ရရှိနေကြတာ ဖြစ်ပါတယ်။ ကျန်တဲ့နိုင်ငံတွေမှာလည်း ၀င်ငွေကောင်းတဲ့ ကြော်ငြာအမျိုးအစားအဖြစ် ကြီးထွားလာနေပါတယ်။

တရုတ်နိုင်ငံမှာ ဆိုရှယ်မီဒီယာစတားတွေ ရှိတယ်။ သူတို့ကို ၀မ်ဟောင် လို့ခေါ်ကြတယ်။ လူသိအများဆုံး ၀မ်ဟောင်တစ်ဦး ဖြစ်လာရင် တစ်နှစ်ကို ၀င်ငွေ အမေရိကန်ဒေါ်လာ ၄၆ သန်း ရတယ်။ Forbes ရဲ့ အဆိုအရ မင်းသမီး Fan Bingbing က ၂၀၁၆ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂၁ သန်း ရရှိခဲ့ပါတယ်။

တောင်ကိုရီးယားမှာ မိုဘိုင်း ပလက်ဖောင်းအတွက် ၂၀၇ ခုနှစ်မှာ ကြော်ငြာစရိတ် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၇၅ ဘီလျံ သုံးစွဲခဲ့တယ်။ ကေဘယ်တီဗီမှာ ကြော်ငာစရိတ် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၆ဘီလျံ သုံးစွဲခဲ့တာမို့ မိုဘိုင်းမှာ ကြော်ငြာစရိတ်က ကောဘယ်တီဗီထက် ပိုများခဲ့တာကို ပထမဆုံးအကြိမ်အဖြစ် တွေ့ကြရတယ်။
အမေရိကမှာ Instargram မှာ post တစ်ခု တင်တာအတွက် စပွန်ဆာကြေး အမေရိကန်ဒေါ်လာ တစ်သိန်းအထိ ရပါတယ်။ တောင်ကိုရီးယားမှာတော့ post တစ်ခု တင်ပေးတာအတွက် စပွန်ဆာကြေး အမေရိကန်ဒေါ်လာ ၉၀ ကနေ ၁၈၀၀ အထိ အစားစား ရှိပါတယ်။ follower များရင် များသလို ကြေးပိုရတယ်။
ဆိုရှယ်မီဒီယာမှာ follower သန်းချီပြီး ရှိနေတဲ့သူတွေအဖို့ ဖက်ရှင် အ၀တ်အစားတွေကို ကြော်ငြာပေးဖို့ ကမ်းလှမ်းခရံပြီး ကြေးလည်း ကောင်းကြတယ်။

 

wma

Read 862 times
Rate this item
(0 votes)