What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖွေးဖွေး နှင့် Yangoods တို့ ပေါင်းစပ်ပုံဖော် ဖန်တီးထားတဲ့ အိတ်များ

၂၀၁၅ ခုနှစ်၊ မေလ မှာ စတင်ဖြစ်တည်ခဲ့တဲ့ မြန်မာပြည်က ရန်ဂွတ်စ် (Yangoods) ဟာ သမိုင်းဝင် မြန်မာ့အနုပညာ လက်ရာတွေကို ပြန်လည်ဆန်းသစ် ဖန်တီးထားတဲ့ အရည်သွေးမြင့် အမှတ်တရ လက်ဆောင်တွေ၊ အိမ်တွင်း အလှဆင် ပစ္စည်းတွေ နှင့် ဖက်ရှင် အသုံးဆောင်တွေကို အနုပညာလက်ရာတွေနဲ့ပတ်သက်ပြီး မြတ်နိုးခံစားတတ်တဲ့ ဖက်ရှင်ချစ်သူတွေဆီ ပို့ဆောင်ခဲ့ပါတယ်။

တမူထူးခြားပြီး ဝင့်ကြွားလှတဲ့ ရန်ဂွတ်စ်ရဲ့ ဒီဇိုင်းတွေဟာ ပြည်တွင်း၊ ပြည်ပ ဈေးဝယ်သူတွေရဲ့ အသဲနှလုံးကို တနေ့တခြား ပိုပိုပြီး ဆွဲဆောင်လာ နိုင်တာကလည်း အားလုံးအသိပဲလေ။
ဆန်းသစ်မှုတွေနဲ့ အမြဲတမ်း ရှေ့ဆက်နေတဲ့ ရန်ဂွတ်စ်ဟာ အခု ၂၀၁၈ မှာလည်း အိတ်ချစ်သူတွေကို ရင်ခုန်စေမယ့် Bag Collection တစ်ခုကို ထပ်မံ ဖန်တီးလိုက်ပြန်ပြီ။ အဲဒါကတော့ ကမ္ဘာကျော် အမှတ်တံဆိပ်တွေ လုပ်ကြသလိုမျိုး ဖွေးဖွေး နဲ့ ရန်ဂွတ်စ် ပူးပေါင်းပြီး Collaboration အနေနဲ့ Bag Collection လေးကို ဖန်တီးထားတာပါ။ ဒါဟာ ရန်ဂွတ်စ် ရဲ့ ပထမဆုံး Collaboration တစ်ခုဖြစ်ပြီး ဖွေးဖွေး ရော ရန်ဂွတ်စ် အတွက်ရော ဒီလို လက်တွဲလုပ်ထားတဲ့ ဖန်တီးမှုတွေကို Fans တွေဆီချပြဖို့ အတွက် အတော်ကိုရင်ခုန်နေကြပါတယ်။

3
" Yangoods ကအရင်ကတည်းက self-expression ကို အလေးထားတဲ့ Fashion brand တစ်ခုပါ။ ပြီးတော့ မြန်မာယဉ်ကျေးမှု ဒီဇိုင်းတွေရဲ့ တသီးတသန့် လေးဖြစ်နေတတ်တဲ့ uniqueness ကိုလည်းမြတ်နိုးတယ်။ တစ်ဖက်မှာ ဖွေး ကလည်း ကိုယ့်ယုံကြည်ချက် ကိုယ်ဟန် ကိုယ့်fashion နဲ့ standout အရမ်းဖြစ်တဲ့ star တစ်ယောက်လေ။ သူ ရင်ထဲက ခံစားချက်တွေ အားလုံးကသူရဲ့ အနုပညာမှာ မြင်ရတယ်။ အမှန်အတိုင်းပြောရရင် ဖွေး နဲ့ Yangoods အကြိုက်တူတာလေးတွေ ဆုံသွားတာပါ။ အဲအချိန်မှာ အမှတ်တရ Collaboration လေး လုပ်ကြရအောင်ဆိုပြီး ဖန်တီးဖြစ်သွားကြတာ။ " သူတို့ရဲ့ ပထမဆုံး ပူးပေါင်းလက်တွဲမှု နဲ့ပတ်သက်ပြီး နာမည်ကျော်တွေ အများကြီးကြားမှ ဖွေးဖွေးနဲ့ လက်တွဲဖြစ်တဲ့အကြောင်း ရန်ဂွတ်စ် က ရှင်းပြပါတယ်။

7

ရန်ဂွတ်စ် ရဲ့ ပထမဆုံး Collaboration ဖြစ်တဲ့ အဲဒီ အိတ် ဒီဇိုင်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့ အခါမှာတော့ " ဖွေး အတွက်လည်း ဒါဟာ ပထမဆုံး Brand Collaboration တစ်ခုဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းအနေနဲ့တော့ ဖွေးကို ဖွေးပရိသတ်တွေက ဖွေးစိန်လို့ခေါ်ကြတော့ စိန်တုံးလေးတွေပါတယ်။ နောက်ပြီးတော့ ကြာပန်း - ကြာပန်းဆိုတာ မျိုးက ရွှံ့နွံ့ထဲက တိုးထွက်ပြီး ပွင့်ထွက်လာတဲ့ပန်း new beginningဆိုတဲ့ အဓိပ္ပါယ်လေးကြောင့် ထည့်ဖြစ်ထားပါတယ်။ အိတ်လေးတွေကို တော့ ဖွေးတို့ နေ့စဉ်ဘဝမှာ သွားလေရာ လွယ်လွယ်ကူကူနဲ့ ယူသွားလို့ရမဲ့ ဒီဇိုင်းလေးတွေ ကို စဉ်းစားပြီး ထုတ်ထားပါတယ်။ " ဆိုပြီး ဖွေးဖွေးက သူ့ရဲ့ ပထမဆုံး ရင်ခုန်သံကို မျှဝေခဲ့ပါတယ်။

2

အဲဒီ Phway Phway x Yangoods Collection ကနေ ပုံစံနဲ့ အရောင်ကွဲ အိတ် ၅ အိတ်ထွက်မှာဖြစ်ပါတယ်။ Round Bag နဲ့ Chain Cross Bag ဆိုပြီး ပုံစံနှစ်ခုပါပြီး အရောင်က သုံးရောင်ထွက်မှာဖြစ်ပါတယ်။ Premium Item အနေနဲ့ Pink Diamond အရောင်ရယ်၊ ပင်လယ်ထဲကသန္တာကျောက် အရောင်ဖြစ်တဲ့ Coral အရောင်နဲ့ မဟူရာကျောက်အရောင်လေးဖြစ်တဲ့ Onyx အရောင် လေးတွေကို ထုတ်သွားမှာဖြစ်ပါတယ်။ " ဖွေး … သူများနဲ့ မတူတာက ဖွေးက အရောင်တွေ အကုန်လုံးကို ကြိုက်တယ်။ အဲဒါအထဲကမှ ဖွေးအကြိုက်ဆုံး အရောင်တစ်ခုကို စဉ်းစားရတာပေါ့နော်။ ဖွေးက ကြားရောင်လေးတွေကို ကြိုက်တယ်။ အနီဆိုရင်လည်း အနီ အစစ်ကြီး မဟုတ်ဘဲ သန္တာကျောက်ရောင် … Coral color …. အနီလိမ္မော် အရောလေးကို လည်း ရွေးထားပါတယ်။" လို့ ဖွေးဖွေးက အဲဒီ Collection အတွက် အရောင်ရွေးချယ် ဖြစ်ပုံနဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်တွေကို ဖွင့်ဟသွားခဲ့ပါတယ်။

4

အခုလို ပေါင်းစည်းမှုနဲ့ ပတ်သက်ပြီး ဖွေးဖွေးက သူ့ရဲ့ Fans တွေကို မျှဝေသွားခဲ့တာက "အခု Yangoods Team နဲ့ ဖွေးတို့ရဲ့ ပေါင်းစည်းမှုမှ ကိုယ့်ကို Inspired ဖြစ်စေတဲ့ အားတက်စေမယ့် အရာလေးတွေ ၊ အမှတ်တရလေးတွေ၊ ဖွေးရဲ့ တက်တူးလေးတွေ အကုန်လုံးပေါင်းပြီးတော့ အဲဒီ အိတ်လေးကို ဒီဇိုင်းလုပ်ထားတာပေါ့နော်။ ပြီးတော့ ဖွေးရဲ့ Love တွေ၊ Happiness တွေ ဒီအိတ်ထဲမှာ အကုန်ပါ ပါတယ်။" ဆိုပြီး ဖြစ်ပါတယ်။ " ဒီ Collection တစ်ခုလုံး က ဖွေးကိုယ်တိုင် Yangoods နဲ့ အတူတူ ပုံတွေဆွဲ အရောင်တွေစမ်း material တွေရွေး ဒီဇိုင်းဆွဲထားတာပါ။ ကိုယ်တို့က ဖွေးဖွေး ရဲ့ essence ကို ဒီ collection ထဲမှာကို ထင်ဟပ်နေစေချင်တာ။ ဥပမာ ဖွေးဖွေး က အရမ်း outgoing ဖြစ်တယ်လေ။ အဲ့တော့ vibrant အရောင်ဆန်းဆန်းလေးတွေပါတယ်။ ကြာပန်းဆိုလည်း new beginning ဆိုတဲ အဓိပ္ပါယ်မျိုးနဲ့ ပေါ.။ ပြီးတော့ ဖွေးရဲ့ fans တွေချစ်စနိုးပေးထားတဲ့ ဖွေးစိန် နာမည်လေး ကို inspiration ယူပြီး အတောင်ပံနဲ့ စိန် design လေး။ Collection အစအဆုံး ကဖွေးနဲ့ သူ ချစ်တဲ့ fans တွေကြားက သံယောဇဉ် ကို ပုံဖော်ထားတာပါပဲ။" ဆိုပြီး ရန်ဂွတ်စ် အနေနဲ့လည်း ဖွေးဖွေးရဲ့ Fans တွေအတွက် စေတနာအပြည့်နဲ့ ဖန်တီးခဲ့တဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။

6

" Designer တွေအနေနဲ့ကျ ဒီ Collaboration က တော်တော်ထူးခြားတယ်ပြောရမယ်။ ဖွေးနဲ့ကိုယ်တို့ စိတ်ရောကိုယ်ရောနှစ်ပြီး အစွမ်းကုန်ကြိုးစားထားတာဖြစ်တဲ့အတွက် Fans တွေအားလုံးလည်း အသည်းစွဲ စရာလေးဖြစ်မယ်လို့ မျှော်လင့်ပါတယ်။" လို့ ရန်ဂွတ်စ် ရဲ့ မျှော်လင့်ချက်တွေကို ဝမ်းမြောက်ပျော်ရွှင်စွာ မျှဝေခဲ့ပါတယ်။
အခု ဒီ Collection ထဲက အိတ်တွေကို ဖွေးရဲ့ Fans ဒါမှမဟုတ် Yangoods ရဲ့ customer တစ်ယောက်ယောက်က လွယ်ထားတာ ကို တွေ့မယ်ဆိုရင် ဖွေးအနေနဲ့ ဘယ်လိုခံစားရမလဲ ဆိုတဲ့ မေးခွန်းကို " အရမ်းရမ်းကို ပျော်မှာပေါ့နော်။ လူတွေအများကြီးကြားမှာဆိုရင်တော့ စိတ်ထဲကနေ ပျော်ပြီး ရင်တွေအရမ်းခုန်နေမှာ အသေချာပဲပေါ့။ " လို့ ဖွေးစိန်လေးက ရင်ခုန်လှုပ်ရှားစွာနဲ့ တုန့်ပြန်ခဲ့ပါတယ်။

8

 

Source:moda

Read 2585 times
Rate this item
(2 votes)